Part-7

8.3K 880 88
                                    


အခု ထိကရုန်း​လေး ​ခုံ​ပေါ်မှာကျုံ့ကျုံ့လေးထိုင်ပြီး အဆူခံ​နေရပါတယ်။​မေ​မေ​ရေ...ဒီလူကြီးက ​မေ​မေ့သမက်ပီသတယ်။အား​နေ ဆူဖို့ပဲတတ်တယ်။

"မင်းလုပ်ပုံ​ကောင်းသလား"

"​ကောင်းပါတယ်။"

"ဘာ!!!
ထိကရုန်း...မင်းအ​ပေါ်ငါ ဘယ်တုန်းက အ​ကြွေးရှိလို့ ဆပ်​နေရတာလဲကွာ"

သဲတုံးကြီးစကား​ကြောင့် ထိထိ​လေး​ယောင်လည်လည်...
ဘယ်တုန်းက သူငါ့ဆီအ​ကြွေးတင်သွားတာလဲ။ငါကသူ့ဆီအ​ကြွေးဆပ်​နေရတာမဟုတ်ဘူးလား။

"Bossကိုကျွန်​တော်ပိုက်ဆံမ​ချေးဖူးပါဘူး"

"ထိကရုန်း...ကဲ  ထားပါ​တော့...
မနက်ကကိစ္စ ဘယ်လိုဖြစ်တာလဲ။"

"မဟုတ်ဘူး​​လေ...Bossရယ် ကျွန်​တော်က ကိုယ့်အလုပ်ကိုယ်လုပ်တာ​လေ...
အစည်းအ​ဝေးရှိတဲ့​နေ့တိုင်း မနက်ပိုင်းရုံးခန်းသန့်ရှင်း​ရေးလုပ်ရမယ်ဆိုလို့ က​လေးက ကိုယ့်တာဝန်ကိုယ်​ကျေ​အောင်လုပ်တာပါ။ဒါကို လူကြီး​တွေက က​လေးကိုပဲအပြစ်ပုံချ.."

"​တော်စမ်း..."

အိ...အသည်းကြီးက ​အော်သဟ..
အသံကျယ်လွန်းရင် ထိထိမကြိုက်ပါ။

"ဘာက​လေးလဲ။​ခွေးက​လေးလား..."

"Boss​နော်..."

"မင်းအလုပ်ဝင်တည်းကတက်လိုက်တဲ့ပြဿနာ..
ကဲ​  ​ပြောစမ်း မင်းဘာအသုံးကျတာရှိလဲ"

"ထိထိကိုအသုံးမကျတဲ့သူလို့ မပြောပါနဲ့။
၄တန်းတုန်းကကျန်စစ်သားအသင်းရဲ့ခေါင်းဆောင်ပါ ဟွန်း"

"ငါလုပ်လိုက်ရ...အခု​တော့​သောက်တလွဲ​မောင်မလား။ သွား...အလုပ်​ပြောင်းဖို့ပြင်..
ဒီ​နေ့ကစပြီးကား​ရေ​ဆေးရမယ်။ငါ့ရုံးထဲလာခွင့်မရှိ​တော့ဘူး။"

"ဗျာ!!!
မလုပ်ပါနဲ့။ကျွန်​တော့်ရဲ့motivation​လေး...
ကျွန်​တော်ရဲ့​နေ​ရောင်ခြည်​​လေးမရှိရင် ဘယ်လိုအလုပ်လုပ်လို့ရမှာလဲ။ထိထိ​လေးကို အနိုင်မကျင့်ကြပါနဲ့..."

သဲတုံးကြီးနဲ့​မဝေးဖို့အ​ရေး...အ​​ပျော့ဆွဲသင့်လည်းဆွဲရမည်။ဘာလို့များ ဒီ​လောက်လူတကာချစ်တဲ့အကြည်ဓါတ်​လေးထိထိကို My darling ကြီးက မုန်း​နေရတာလဲ။ထိထိ​လေး ဆွဲ​ဆောင်မှုအား​တွေ​လျော့သွားလို့လား။

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now