Part-4

10.3K 1K 74
                                    

တီ တီ တီ တီ..

နှိုးစက်သံကြီးက အရက်နာကျ​နေတဲ့ လူ ၃​ယောက် ကို ​လေဆင်နှာ​မောင်းတိုက်ပြီးကျွဲရိုင်း​ခွေ့လိုက်သလိုနှိုးပစ်​လေသည်။

ထိကရုန်းအိမ်မှာ ဇမ်းနဲ့မြူပါညအိပ်ကြတာမို့ မနက်အ​စောကြီး ထရ​တော့ ညည်းတွားကြကာ ထိကရုန်းကို ​မေတ္တာပို့ကြသည်။

"ယီးပဲ။ငါမနက်အလုပ်သွားရမယ်ဆို
မင်းတို့ဘာသာအိမ်​ခြေရာမဲ့လို သူများအိမ်အခန့်သားတက်​နေပြီး​တော့ "

"​ခွေး​လေးရယ် မင်းနှိုးစက်ကြီးကဖြည်းဖြည်းသက်သာမှမရှိတာ ဘယ့်နှယ့်... နှလုံး​တောင်ရပ်ချင်တယ်။"

"​​ဟေ့​ကောင်အပိုမလုပ်နဲ့။မင်းမှာပဲနှလုံးရှိတာမဟုတ်ဘူး။ ငါတို့မှာလည်းရှိတယ်။
သွား သွားအိပ်ရာသိမ်းလိုက်ဦး
ငါ​ရေချိုးလိုက်ဦးမယ်။Boss​ချော​ချော​လေး​ရှေ့မှာအရက်နံ့ထွက်​နေလို့မဖြစ်ဘူး။"

အ​တော်​​ကောင်းတဲ့အိမ်ရှင်..
ဧည့်သည်ကိုအိပ်ရာပြန်သိမ်းခိုင်း​နေ​သေးတယ်

"မြန်မြန်လုပ်​နော် ​နောက်ဆို ညအိပ်လက်မခံဘဲ​နေလိုက်မှာ"

မြန်ချက်။ဘယ်ချိန်က တဘတ်​​ကောက်ပတ်လိုက်မှန်းမသိ။ပတ်ပြီးတာနဲ့ဩဇာသီး​တွေခြွေပြီး သူတို့နှစ်​ယောက်ကိုအလုပ်ခိုင်းကာ​ရေချိုးခန်းထဲဝင်သွားသည်။

"ဇမ်း မင်း ပဲဆက်လုပ်လိုက်​တော့...ငါ​ကော်ဖီတစ်ခွက်​လောက်​သောက်မှရမယ်။အမူးမ​ပြေ​သေးဘူးကွ"

ညက အလုပ်ဝင်တဲ့အထိမ်းအမှတ်နဲ့ ထိကရုန်းတစ်​ကောင် ဘီယာကတ်လိုက်ဝယ်လာ၍ပွဲခံကြ​သေးသည်။

"ငါ့အတွက်ပါပို​ဖျော်ကွာ...အား...မမ​တော့သတ်​တော့မှာပဲ။ငါ ဖုန်းဆက်လိုက်ဦးမယ်။သားကြီး ဟီးဟီး"

"ဒီ​ဖေ..."

​စောက်အတွဲ​တွေ​စောက်မြင်ကိုကတ်တယ်။သူငယ်ချင်းအ​မေကိုယူထားပြီး မမ မမနဲ့ အဖြစ်သည်း​နေတာ...

"​နေပါ​စေဦး...သူ့ဘွား​တော်ထက်သာတဲ့စကီ​လေးနဲ့တွဲဖြစ်မှ ဒင်းအလုံး​နောက်​အောင်ကို roပြဦးမယ်"

 ငါ့​​​ယောကျာ်းက girl allergicရှိတယ်(Completed)Where stories live. Discover now