Chapter 26 End,♥️

18.7K 790 86
                                    

ချစ်၍ရွာသောမိုးတွေ☔....၂၆

                     ဇတ်သိမ်းပိုင်း

ရွှေပိုးဒီနေ့အိမ်ပြန်ရောက်တော့အမေနဲ့အိမ်မှာခေါ်
ထားတဲ့ကောင်မလေးတွေမရှိကြဘူး။ဈေးသွားကြတယ်ထင်ပါရဲ့..
ကျောင်းဖွင့်ရက်မို့အငယ်သုံးကောင်လည်းအကုန်
ကျောင်းသွားရတော့၊ အိမ်မှာအဖေတစ်ယောက်ထဲ
အိမ်စောင့်နေတာဖြစ်သည်။
ခါတိုင်းဆိုသူ့ဒိုင်ကပြန်လာရင် အခန်းထဲဝင်ပြီးတရေးအိပ်တတ်ကာ၊အမေကလည်းဟင်းထမင်းအဆင်သင့်ရမှသူ့ယောက်ျားကိုနှိုးကျွေးတာရယ်။
စားသောက်ပြီးမှကားပွဲစားတန်းတို့၊အုတ်အရောင်း
ဆိုင်တို့ဘက်တစ်လှည့်သွားကြည့်တတ်သည်။

အခုလည်းသူအိပ်ချင်နေလို့ထင်ပါရဲ့၊အိမ်အောက်
ထပ်ကသူအကြိုက်ဆုံးသစ်သားပက်လက်ကုလား
ထိုင်မှာလက်ရန်းပေါ်ကိုလက်နှစ်ဖက်တင်ကာအိပ်
ပျော်နေခဲ့သည်။
" အဖေ...."
အနားကပ်ပြီးတိုးတိုးခေါ်ကြည့်တာတောင်သူမနိုးချေ။
ဒီလထဲမှာပဲအဖေ့အသက်၄၆နှစ်ပြည့်သွားခဲ့ပြီ။
အလှအပမကြိုက်တဲ့အဖေ၊အဝတ်အစားဆိုရင်လည်းသူ့မိန်းမဆင်တာသာဝတ်တတ်သောအဖေ..
အသက်အရွယ်ထက်ပိုမိုအိုစာတယ်လို့မဆိုနိုင်ပေမယ့် နှစ်ပေါင်းများစွာအိပ်ရေးပျက်ခြင်းနဲ့၊အလုပ်ကြမ်းလုပ်ခဲ့ရတဲ့ဒဏ်ကြောင့် အဖေ့မျက်နှာပေါ်မှာအရေးအကြောင်းတချို့ထင်ဟပ်နေခဲ့ပြီ။
ပိုး ငယ်ငယ်ကလောက်တော့အဖေဟာမနုပျိုတော့
ပါ။

' သမီးအဖေရဲ့လက်တွေကိုကိုင်ကြည့်ဖူးလား..
မာတယ်၊ အရမ်းကိုမာတာ...'
လို့အမေပြောဖူးပေမယ့်၊ပိုးဟာအရွယ်ရောက်လာပြီးကတည်းကအဖေ့လက်တွေကိုတစ်ခါမှကိုင်မကြည့်ဖူးပါ။
သူ့သားသမီးတွေထဲမှာပိုးကိုအလိုလိုက်ဆုံးပါတဲ့..
'ရိုက်လည်းမရိုက်ရက်ဘူး၊မာန်လို့သမီးငိုရင်တောင်
ချက်ချင်းသမီးကိုကျောပေါ်တင်ပြီးမုန့်ဆိုင်ပြေးပြီးရေခဲမုန့်ဝယ်ကျွေးတာလေ၊ အဲ့လိုမှသမီးကအငိုတိတ်တာကိုး...'

သမီးကိုရတုန်းကသူ့အသက်ကသိပ်ငယ်သေးတယ်၊အရာရာအဆင်သင့်ရှိတဲ့အနေအထားလည်းမဟုတ်ခဲ့ဘူး။
ဒါပေမယ့် သမီးရှိနေမှန်း သူသိတာနဲ့ဝမ်းသာအားရ
လက်ခံခဲ့တာပဲ...
သမီးကိုမွေးပေးပါ၊ ကျန်တာသူကြိုးစားပါ့မယ်တဲ့..
ပြောတဲ့အတိုင်းလည်းသူကြိုးစားခဲ့ပါတယ်။

You've reached the end of published parts.

⏰ Last updated: Aug 16, 2023 ⏰

Add this story to your Library to get notified about new parts!

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now