ချစ်၍ရွာသောမိုးတွေ☔....4အပိုင်း-၄
အဲ့နေ့နောက်ပိုင်းလည်းညနေပြန်ရင်ကောင်လေးကအမြဲစောင့်နေတာမို့၊အိမ်သူတစ်ယောက်အထည်လိပ်တွေသိမ်းပြီးတာနဲ့ခေါင်းပြန်ဖီး၊မျက်နှာကိုတို့
ပတ်လေးဘာလေးရိုက်၊နှုတ်ခမ်းနီကိုမရဲတရဲလေး
ကျန်အောင်ဆိုးပြီးပဲပိုပိလာတော့သည်။ အကျီတွေ
ကိုလည်းတနေကုန်မကျေသွားအောင်ရွရွလေးဝတ်
တတ်လာသည်။ ဖတ်နေကြဝတ္တုစာအုပ်တွေထဲကလမင်းမိုမို ရဲ့မောင်ဝတ္တုတွေကခါတိုင်းထက်ပိုမိုရင်ခုန်စရာကောင်းနေခဲ့သည်။ကောင်လေးကတွေ့တိုင်းသူ့ပုံစံကဂျင်းဘောင်းဘီနဲ့ဘောလုံးတီရှပ်၊အပေါ်ကရှပ်အကျီအကွက်လေး
အမြဲဝတ်တတ်ကာ၊လျှာထိုးဦးထုတ်ဆောင်းသည်။" နေလည်းမပူပဲဘာလို့ဦးထုတ်အမြဲဆောင်းတာလဲ
ဧကန်န ထိပ်ပြောင်နေလို့မှတ်လား.."
အိမ်သူကအရွှန်းဖောက်ကာမေးလိုက်တော့မှ..
" အာ မဟုတ်ပါဘူး.." ဆိုပြီးဦးထုတ်ချွတ်ပြတော့
ရှည်သွယ်တဲ့သူ့မျက်နှာကသူ့အရပ်အမောင်းနဲ့ကျလိုက်ဖက်တာပဲဟုထင်မိသည်။" ဆံပင်ကနည်းနည်းရှည်တယ်နော်..အရှည်ထား
မလို့လား.."
" ထားရင်ကောင်းမလားလို့..."
" မကောင်းပါဘူး သူပုန်နဲ့တူတယ်.."
ဟာ!နောက်နေ့မှာတော့ကောင်လေးကတိုတိုပါးပါးနဲ့က
တုံးဆံပင်ပေါက်ကေညှပ်လာတော့၊မျက်နှာကပိုပြီး
ပြောင်စပ်စပ်ဖြစ်နေလို့အိမ်သူကြည့်ပြီးရယ်မိသွားသည်။
" ဘာရယ်တာလဲဗျ..."
" ဘာလို့ဆံပင်ညှပ်ပစ်တာလဲ၊ အရှည်ထားမလို့ဆို"
" အစ်မပဲမကောင်းဘူးဆို.."
" သူများပြောတိုင်းလျှောက်လုပ်တာပဲလား..."
" မလုပ်ပါဘူး၊ အစ်မကြိုက်အောင်ပဲလုပ်တာပါ"" ကြိုက်ပါဘူးနော်.."
" မကျီစားပါနဲ့ အစ်မရယ်.."
" ကောင်းပါပြီ အထီးရယ်.."
" ဗျာ..."
" နင်ပဲငါ့ကိုအမဆို..ဒါဆိုနင်ကအထီးပေါ့.."" ကျွန်တော်ပြောတာအဲ့လိုမဟုတ်ဘူးလေ.."
" သိဘူး ကိုယ်ကြားချင်သလိုကြားမှာပဲ..."
ဟာ!
" အစ်မလို့ခေါ်တာကိုမကြိုက်လို့လား..."
" အထီးလို့ပြန်ခေါ်ရင်ကောကြိုက်လား.."
ESTÁ A LER
ချစ်၍ရွာသောမိုးတွေ☔
Ficção geral"အိမ်သူလို့ပဲခေါ်မယ်နော် ကျွန်တော့်အိမ်သူဖြစ်လာအောင်လို့" ဉာဏ်ကျယ်နဲ့အိမ်သူဟာ၁၅နှစ်သက်တမ်းရှိတဲ့အိမ်ထောင်ဖက်တွေဖြစ်ပါတယ်။ သူတို့ရဲ့၁၅နှစ်တာအိမ်ထောင်ရေးအကြောင်း