Chapter 7 uni&zaw

7.3K 307 10
                                    

ချစ်၍ရွာသောမိုးတွေ☔....၇

                      အပိုင်း-၇

နောက်နေ့မှာလည်းအိမ်သူဈေးကိုထမသွားခဲ့ပါ။
အိမ်ကလူတွေကတော့ကြီးတော်နဲ့စကားများလာ
တာဟုပဲထင်နေကြသည်။ဒါပေမယ့်သူတို့သွားမေး
မှာတော့မဟုတ်ပါဘူး၊ဘာလို့လဲဆိုတော့အိမ်မှာကြီးတော်နဲ့တည့်တဲ့သူမှမရှိတာလေ။

ရုံးပိတ်ကျောင်းပိတ်ရက်မဟုတ်လို့အိမ်ကလူတွေအသီးသီးထွက်သွားကြတော့ကိုအောင်တစ်ယောက်အိမ်ရှေ့ကနေလာအော်ခေါ်ပါသည်။
" မိသူ မိသူ.."
မထွက်တွေ့မချင်းခေါ်နေမလားမသိတာကြောင့်အိမ်သူလည်းစူပုတ်ပုတ်နဲ့ထလာပြီး၊အိမ်ကိုဝင်းခတ်ထားတဲ့ခြံတံခါးနောက်မှာရပ်လိုက်ကာ..

" ဘာကိစ္စရှိလို့လဲ..."
" မိသူ ကိုအောင်ပြောတာမိသူကောင်းဖို့ပဲလေ
ဘာလို့ကိုအောင့်ကိုစိတ်ဆိုးရတာလဲ..."
" ဘာကိုညီမကောင်းဖို့လဲ..."
" မိသူရာ ငါးဈေးကကောင်တွေအကြောင်းကိုညည်းတကယ်မသိဘူးလား.."

" ညီမရည်းစားကဆင်းရဲတာပဲရှိတာ၊ အဲ့တာဘာဖြစ်လဲသူညီမကိုချစ်ရင်ပြီးတာပဲပေါ့.."

" မိသူ မိန်းခလေးဆိုတာအဲ့လိုလွယ်လွယ်မတွေးရဘူးလေ။ ဘယ်လိုလူမျိုးကမှညီမအတွက်သင့်တော်မလဲသေချာစဉ်းစားရမှာပေါ့..
ဒီလိုကောင်လေးတွေနဲ့လျှောက်တွဲပြီးရည်းစားတွေ
များရင်တော်ကြာညီမပဲဒုက္ခရောက်မယ်.."

" ညီမကဘယ်မှာရည်းစားများနေလို့လဲ.."
" ကိုအောင်သိတာတောင်၂ယောက်ရှိပြီလေ.."

" သြော် ညီမမှာကိုအောင်မသိသေးတဲ့ရည်းစားတွေအများကြီးရှိတယ်ထင်နေတာကိုး၊ ကိုအောင်ကညီမကိုအတော်အထင်သေးတာပဲ..
" အဲ့လိုပြောတာမဟုတ်ဘူးလေ.."

" ဘာပဲဖြစ်ဖြစ်အတူတူပါပဲ...
အရင်ကညီမလူတစ်ယောက်ကိုကြိုက်ခဲ့တယ်ဒါပေမယ့် အဲ့လူကတော့ညီမကိုကြိုက်သလိုမကြိုက်
သလိုလိုနဲ့လုပ်နေတယ်လေ။
အဲ့တာကြောင့်ညီမကိုတကယ်ချစ်တဲ့သူနဲ့ညီမတွဲတာဘာဖြစ်လဲ..."

" မိသူ..."
" သိပါတယ် ကိုအောင်ကညီမကိုနှမအရင်းလိုချစ်
တယ်လို့ပြောအုံးမလို့မှတ်လား။
ဒါပေမယ့်ကိုအောင်ကညီမရဲ့အစ်ကိုအရင်းဖြစ်နေရင်တောင် ညီမကိုအောင့်စကားကိုနားထောင်မှာ
မဟုတ်ပါဘူး...

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now