Chapter 24 uni&zaw

8.1K 418 25
                                    


ချစ်၍ရွာသောမိုးတွေ☔....၂၄

                      အပိုင်း-၂၄

ရွှေပိုးကိုတတိယထပ်မှာပဲနေစေတော့သည်။အိမ်
သူကတော့တတ်လိုက်ဆင်းလိုက်နဲ့ပေါ့...
မနက်စောစောနဲ့ညနေစောင်းတွေဆိုခေါင်မိုးထပ်
ကိုတတ်ပြီးလေကောင်းလေသန့်ရှူရင်းလမ်းလျှောက်ခိုင်းရသည်။
သူ့မောင်လေးတွေကိုတောင်မမကြီးကရောဂါကြောင့်သီးသန့်ခဏခွဲနေရမယ်ဟုပြောပြထားသည်။

ဆရာမကလည်းနေ့တိုင်းလူလာသင်ရင်သင်၊မလာ
ရင်အွန်လိုင်းကနေသင်ပါသည်။
ရွှေပိုးဉာဏ်တစ်ယောက်ကအခုမှ ဖုန်းမသုံးတော့ပါဘူး အမေသိမ်းထားလုပ်နေသည်။
" မသိမ်းထားဘူး၊ သမီးနှစ်ခါမမိုက်ဘူးလို့ပြောတာ
ကိုအမေနဲ့အဖေယုံထားတယ်..
ဆရာမပြောသလိုပဲ...
အပြင်မထွက်၊ဖုန်းမသုံးရင်လည်း ခေတ်ကိုလိုက်မှီ
မှာမဟုတ်တော့ဘူး။
အဲ့တော့သုံးသင့်ရင်သုံး... အကျိုးရှိအောင်သုံး.."

ဒီလိုနဲ့ဗိုက်ကလည်း၅လကျော်လာပြီး၊ စာမေးပွဲဖြေ
ရမယ့်အချိန်ရောက်လာခဲ့သည်။သူ့ဆရာမကလည်းစာအပိုင်းကတော့ အိုကေတယ်ဟုဆိုသည်။

သွားဖြေခါနီး အိမ်သူကသူ့ဗိုက်ကိုစည်းပေးနေရ
သည်။
" အမေ့ နည်းနည်းကြပ်တယ်..."
" ကြပ်တာလား... ဒီလောက်ဆိုရင်ကော.."
" အင်း..."
" ထိုင်ကြည့်အုံး..."
" ရတယ်...."
" ခဏပဲ သည်းခံ..
ဖြေပြီးတာနဲ့တန်းထွက်လာခဲ့၊ ဆရာမကိုပြောထား
ပြီးသား..."
" ဟုတ်ကဲ့..."

ကျောင်းကိုဒရိုက်ဘာကိုသန်းနဲ့မဟုတ်ပဲသူ့အဖေ
ကိုယ်တိုင်မောင်းပို့ပေးသည်။
စာမေးပွဲပြီးတာနဲ့အိမ်သူကတန်းခေါ်လာပြီး..ကား
ပေါ်မှာကတည်းကစည်းထားတာကိုချွတ်လိုက်တော့နည်းနည်းသက်သာတာပေါ့။
" ရပြီ...သမီးအကုန်ဖြေနိုင်တယ်...သိလား"
" တော်သေးတာပေါ့.."

အဖေ၊အမေတွေရင်ထဲမှာတော့ဒီအခြေအနေကြီးကိုတကယ်တမ်းလက်ခံလိုက်ဖို့ကခဲယဉ်းနေသေး
ူသည်။
" မောင့်သမီးကိုမြင်တိုင်း စိတ်ဆင်းရဲနေတုန်းပဲလား"
" စိတ်ချမ်းသာပါတယ်လို့တော့ မပြောနိုင်ဘူးလေ"
" မကြာခင်မှာပြီးသွားမှာပါ..."
" ဒါပေမယ့် အဲ့ခလေးကမောင်တို့မျက်စိရှေ့မှာရှိ
နေအုံးမှာပဲ.."
"  ခလေးကတော့အပြစ်မရှိဘူးလေ..."
" ဘာဖြစ်ဖြစ်ကွာ..."
" ခလေးကိုတော့ မမုန်းပါနဲ့၊ ငါတို့သားသမီးလုပ်ခိုင်းမယ်လို့ပြောထားရက်နဲ့..."
၃၆နှစ်မှာတင်အဖိုးဖြစ်ရမှာဆိုတော့ မမုန်းပဲနေပါ့မလား?

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now