Chapter12 uni&zaw

7.3K 379 20
                                    


ချစ်၍ရွာသောမိုးတွေ☔....၁၂

                      အပိုင်း-၁၂

အိမ်ကလေးထဲကိုဖုန်သဲများလှည်းပြီးသရော်ကင်ပွန်းရည်နဲ့ဆေးပြီးမှကော်ဇောအသစ်ခင်းလိုက်သည်။
" ဘယ်လိုလဲသဘောကြရဲ့လား..."
" အင်း "
" တောင်းပန်ပါတယ်မိန်းမရယ် မောင့်ကြောင့်နဲ့မင့်အိမ်ကြီးပေါ်ကနေဆင်းလာပြီ.."
" ဘာအိမ်ကြီးလဲ မသိရင်သုံးထပ်တိုက်လားထင်နေအုံးမယ်.. ငါလည်းအဲ့ဟာမလေးတွေနဲ့အတူမနေချင်တော့ပါဘူး၊ ဒါကမှငါတို့အိမ်.."

စင်စစ်မောင့်ကိုသနားလို့ဖာထေးပြောချင်းမျိုးမဟုတ်၊သူမစိတ်ထဲတကယ်ပျော်ရွှင်တတ်ကြွနေတာ
ဖြစ်သည်။
အိမ်သာကလည်းဟိုဘက်အိမ်နဲ့ဆက်ထားတာဖြစ်
သောကြောင့်ညဘက်ထသွားကြလို့ မီးလာရင်တော်သေး၊မီးမလာတဲ့အချိန်ကြုံကြရင်..အပေါက်အစများမှာဆိုးလို့၊ ဉာဏ်ကဒီဘက်မှာမိလ္လာမြောင်းဖော်ပြီးအသစ်တစ်လုံးပါထည့်ဆောက်လိုက်သည်။

" အနောက်ဖက်ကိုသွားရင်ကြည့်သွားနော် ချော်လဲမယ်.."
" အင်းပါ..."
အိမ်နဲ့အိမ်သာက၁၅ပေလောက်ဝေးပြီး၊အနောက်
ဘက်မှာရေကပြင်နဲ့အဝတ်တန်းတွေပါတစ်ခါထဲ
ထည့်ထားခဲ့တယ်။
" ဟီး ကောင်းတယ် ငါ့ယောက်ျားကတော်သားပဲ"

" တော်တယ်ဆိုရင်ဆုပေးတော့...ကဲ"
လူကိုလာဖက်ပြီးကလူကျီစယ်နေပါလျှင်...
" တော် နော် ဒီမှာရှိတဲ့စုဘူးတောင်မပေါက်သေးတာကို..နှာဗူးမထနဲ့.."
" ဟာ ကိုယ့်မိန်းမကိုယ်ချစ်တာကိုနှာဗူးထတယ်တဲ့လား.. "

" ဟင်း အဲ့ကိစ္စနဲ့ပတ်သတ်ပြီးပြောရရင်ငါမောင့်ကို
သိပ်ကျေနပ်တာမဟုတ်ဘူးရယ်၊
ဒါပေမယ့် သြော်သူလည်းငါ့အိမ်မှာလာညည်းခံနေနေတာပဲလို့တွေးပြီးသနားလို့ခွင့်လွှတ်ပေးထားတာ..ဟွန်း.."

" မှန်လှပါ.. မမဘုရားသနားမှကျွန်တော်မျိုးကြီး
ချမ်းသာရာရမှာမို့..ပြုံး၍လည်းခွင့်လွှတ်ပါ၊ရယ်၍
လည်းခွင့်လွှတ်ပါ... မလိမ်မာလို့တစ်ခါလေးမိုက်မိ
တာပါ....
မမဘုရားစိတ်ရွှင်အောင်ငွေစလေးများကိုးပေးပါ့မယ်ဗျား..."
ဉာဏ်ကသူ့အိတ်ကပ်ထဲကတစ်ထောင်တန်လေး
၂ရွက်ကိုကန်တော့ပုံလေးခေါက်ပြီးအိမ်သူ့နားရွက်
ကြားထဲညှပ်ပေးကာ...နတ်ကိုးသဖြင့်လာကိုးသဖြင့်အိမ်သူအူတတ်အောင်ရယ်နေရသည်။
" မောင်နော် တော်တော်ယွ..."

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now