Chapter 16 uni&zaw

8.1K 390 25
                                    


ချစ်၍ရွာသောမိုးတွေ☔....၁၆

                      အပိုင်း-၁၆

၂၀၂၃ခုနှစ်.....
ဉာဏ်ကအုတ်ဖိုလိုင်စင်ကိစ္စနဲ့ရုံးမှာသွားပြီးပြန်လုပ်
နေရတာအဆင်မပြေခဲ့ဘူး။အုတ်ဖိုကကိုယ်လုပ်ချင်
တိုင်းလုပ်လို့မရဘူး၊ပပထမအစိုးရကလိုင်စင်ချပေး
ခဲ့ပေမယ့်၊နောက်လူကရပ်ဆိုရပ်ပစ်ရတာမျိုး...

အမှန်ဆိုရင်တော့မြေအနေအထားကိုကြည့်ပြီးဒီနေ
ရာမှာရွံ့မြေထပ်တူးသင့်မတူးသင့်ကြည့်ပြီးလိုင်စင်
သက်တမ်းချပေးရတာ..ဒါပေမယ့်ဒီမှာတော့
သိတဲ့အတိုင်းပုဂံဘုရားတွေထက်တန်ခိုးထွားနေတဲ့
ပိုင်ရာဆိုင်ရာတွေအကုန်လုံးကို မသထာပေမယ့်လည်းပေးကျွေးမှကျလာမှာလေ။
သူတို့လိုအုတ်ခရိုနီတွေကိုဒီလိုလည်ပင်းညှစ်တော့
အုတ်ဈေးတွေအလိုက်သင့်တတ်ကုန်တာကတစ်
ကဏ္ဍပေါ့။ စီးပွားရေးကလည်းပြိုင်ဘက်တွေကခပ်
များများရယ်...
မလွယ်ပါဘူး အကုန်ကြပ်တည်းတာပဲ။

သူ့ဖာသာသူဒေါသထွက်ပြီးပြန်လာတုန်းတစ်ဖက်
လမ်းထိပ်မှာ ကားနဲ့လိုက်ရောင်းတဲ့ဆီသည်ဆီအတန်းလိုက်တိုးဝယ်နေတဲ့လူအုပ်ကြားထဲမှာ
သူ့မယားကိုတွေ့လိုက်ရတော့ဒေါသကငယ်ထိပ်ဆောင့်တတ်လာခဲ့သည်။
အိမ်မှာဆိုလုပ်ငန်းရင်းဖို့လှည့်သုံးငွေသားတွေသိန်း
ထောင်၃ချီပြီးရှိ၊ပစ္စည်းတွေလည်းရှိတယ်...
ဒါကိုပစ်ထားပြီး နေပူပူမှာဒီဘာမဟုတ်တဲ့ဆီကိုလာ
တိုးနေရတယ်လို့..တောက်)))

ပြီးတော့ဒါဘာဆီလဲ၊ဘယ်လောက်သန့်လဲသူသိလို့
လား?
အရင်ခေတ်ကသမဝါယမတွေမှာတိုးရတဲ့ဆီက
လူတန်းစားတွေအတွက်သက်သာချောင်ချိရေးတမင်ဈေးချပေးတဲ့ဆီ။
အခုဟာကဘယ်ကလိုက်ရောင်းမှန်းမသိဘူး။

စဉ်းစားကြည့်ဈေးကွက်ထဲ၈ထောင်ပေါက်တဲ့ဆီကို
လေးထောင်နဲ့ဘယ်သူချရောင်းမလဲ?
ဘယ်ကုန်သည်မှဘုရားတကာမလုပ်ဘူး၊ သူကိုက်
လို့သာသူရောင်းတာပဲ။
ဒါတွေနဲ့စားပြီးခလေးတွေရောဂါထူလာရင်ဘယ်
လိုလုပ်မလဲ၊ ဒီမိန်းမကမတွေးတတ်တော့ဘူးလား။
အရင်ကဆိုမြေပဲဆီ၊ဆုံဆီပဲစက်ကနေတိုက်ရိုက်
ဝယ်တာ၊ နောက်ကျခလေးတွေကမြေပဲနံ့ကြီးမကြိုက်ဘူးဆိုလို့နေကြာဆီပြောင်းချက်ခိုင်းတာ..။

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now