Chapter 21 uni&zaw

7.8K 389 17
                                    

ချစ်၍ရွာသောမိုးတွေ☔....၂၁

                      အပိုင်း-၂၁

ငွေသင်ဖြူးလေး..ခင်းထားသလို...သတင်းစကားဆိုလောက်တယ်...လှေလှော်ကာတိမ်ကလေးတွေ
အတောက်မယ်...ရေပေါ်မှာအိမ်ကလေးတွေဆောက်တယ်...အမှောင်ဆိုင်းတဲ့အလွမ်းပန်းချီဝယ်..
တောင်ပိုင်းရဲ့ ရှမ်းပြည်နယ်.....

သီချင်းလေးအတိုင်းပဲအင်းလေးဟာအတော်လှပ
တဲ့သဘာ၀လေးတစ်ခုပဲ။သူတို့မိသားစုကစက်လှေ
တစ်စီးနဲ့သွားကြလျှင်၊ ဘေးမှာဖြတ်သွားသောကနူးလှေကလေးများနဲ့ခြေထိုးလှော်နေသောရှမ်းအမျိုးသားတွေကိုတွေ့ရတာလည်းတစ်မျိုးကြည့်ကောင်းနေပြန်ကော...
ဦးဉာဏ်ကျယ်ကပင်းတယမှာထဲကကွန့်မြူးဉာဏ်
ဆီကနေဖုန်းယူထားပြီး ဓာတ်ပုံဆရာပဲလုပ်နေလို့
ပြန်လည်းမတောင်းရဲပဲကွန့်မြူးဉာဏ်တစ်ယောက်
တော့စိတ်ညစ်နေရတော့သည်။

ဒီလိုနဲ့ပဲအင်းလေးနမ့်ဟူးရွာမှာရှိတဲ့ဖောင်တောင်ဦးဘုရားသို့ရောက်ရှိလာကြသည်။ရာဇဝင်အရတော့
အလောင်းစည်သူမင်းကြီးကဖောင်တော်နဲ့နယ်လှည့်လာစဉ်..သိကြားမင်းကသရက္ခန်နံ့သာနှစ်ကိုဆက်သလို့ မင်းကြီးကဘုရားငါးဆူပြုလုပ်ပြီးဖောင်တော်ဦးမှာထား၍ကိုးကွယ်ခဲ့တယ်တဲ့။
ဖောင်တော်ဦးတိုက်ရာသန်းတော်အရပ်သို့ရောက်
သောအခါ..ရှေ့ဆက်သွားမရပဲတန့်နေတာကြောင့်..အဲ့ဒီ့သန်းတောင်ရွာမှာပဲစေတီတည်ပြီးဆင်းတု
ငါးဆူကိုဌာပနာခဲ့တယ်တဲ့....။
နောင်အခါညောင်ရွှေစော်ဘွာဆီဆိုင်ဖ ပြန်လည်
တူးဖော်ပြီးဟော်နန်းကိုရွေ့ခဲ့တယ်။
ရှမ်းလူမျိုးတွေကတော့ဖောင်တော်ဦးဘုရားဟုမခေါ်ပဲ စဝ်ဖရားလုံးမိနိန်းဟူ၍ရှမ်းဘာသာဝေါဟာရ
ြိဖင့်ခေါ်ဆိုကြတာ အဓိပ္ပါယ်မှာလူ့ပြည်သ်ို့ဆင်းလာ
သောမြတ်စွာဘုရားဟူ၍ဖြစ်သည်။

ခေတ်အဆက်မီးဘေး၊စစ်ဘေးဒဏ်တို့ကြောင့်အခု
အင်းလေးကန်ရဲ့နမ့်ဟူးရွာသို့ ပြောင်းရွေ့စံပ္ပါယ်နေ
တာလို့...ဒေသခံတစ်ယောက်ကရှင်းပြသည်။

ဘုရားငါးဆူအနက်တစ်ဆူကရဟန်းနာပုံစံရှိသတဲ့။

ဖူးတွေ့ရသောအခါ.ဈာန်ဦးဉာဏ်လေးကလက်ညိုး
ထိုးပြီး..
" မေမေ ဟိုမှာ..ရွှေတုံးကြီး..."
" ဟဲ့ ဘယ်နှယ့်... အဲ့တာဘုရားလေသားရဲ့.."
" ဟမ် သားတို့အိမ်ကဘုရားနဲ့လည်းမတူဘူး.."
" ဘုရားကတော့အတူတူပါပဲသားရယ်
ဒီဆင်းတုတွေကိုလူတွေကရွှေချလွန်းလို့ဒီလိုဖြစ်
သွားတာ..."

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now