Chapter13 uin&zaw

7.1K 361 15
                                    


ချစ်၍ရွာသောမိုးတွေ☔....၁၃

                      အပိုင်း-၁၃

၄၅ရက်ပြည့်လို့အိမ်သူမီးတွင်းထဲကထွက်ပြီးနောက် လမ်းထဲမှာကြာဇံကြော်ဝေရင်းသမီးကလေးကိုလည်းရွှေပိုးဉာဏ်လို့အမည်မှည့်လိုက်တယ်။
မောင်တို့ဘုန်းကြီးကျောင်းကဆရာတော်ကိုယ်တိုင်မှည့်ပေးတာဖြစ်သည်။ အစကတော့...
ရွှေဖူးဉာဏ်တဲ့... ဒါပေမယ့်ဖူးဆိုတာကိုရွှေနဲ့တွဲထားတော့ဖူးပွင့်တယ်ဆိုတဲ့အဓိပ္ပါယ်မထွက်မှာဆိုး
လို့၊ ပိုး လို့ပြောင်းပြီးရွှေပိုးဉာဏ်လို့ခေါ်ခိုင်းတယ်။
ပိုးသားလိုနူးညံ့လှပပြီး၊ဉာဏ်ရည်ထက်မြက်အောင်
တဲ့။

ကြာဇံကြော်တွေဝေပြီးဒီနာမည်ခေါ်ပါဆိုတာကိုတောင်..သူများခလေးကိုနာမည်ဖျက်ပြီး
" ရွှေပိုးကောင် ၊ ပိုးကောင်လေး..." ဟုဝိုင်းခေါ်ကြ
သည်။ မောင်ကမကြိုက်မှန်းသိလို့သူ့အဒေါ်တွေက
ပါဒီလိုလိုက်ခေါ်ကြသည်။

သမီးကလေးကတကယ်ပဲနာမည်နဲ့လိုက်အောင်ကို
ပိုးမွေးသလိုမွေးရပါသည်။လေနာ၊အဆုတ်ပွ၊ကိုယ်ပူ၊ချွဲကြပ်..ကလေးငယ်တွေမှာဖြစ်တဲ့ရောဂါမှန်
သမျှအကုန်ဖြစ်လို့၊ ဆေးခန်းပြေးရရင်တစ်ခါပြကို
၈ထောင်၊ကလေးဆေးခန်းကလူကြီးထက်ကိုဈေးကြီးလေ။ လမ်းစရိတ်နဲ့ဆို၁သောင်း....
သူ့အဖေလုပ်ခ၂ရက်ခကိုသွားကောပဲ၊

တစ်လကိုလေးငါးခါလောက်အထိဆေးခန်းပြေးနေ
ရလို့။ သူ့မွေးပြီးနောက်ပိုင်းသူတို့လင်မယားမှာစုငွေ
ဆိုတာလည်းမမြင်ရ၊ ညနေဘက်တောင်ထွက်မလည်နိုင်ဖြစ်နေရသည်။
" ငယ်သေးလို့ပါ...ကြီးလာရင်အလိုလိုသန်မာသွား
မှာပဲကြည့်နေ.."
သူ့အဖေကတော့ဒီလိုဖြည့်တွေးနိုင်ပါရဲ့။

ဆေးခန်းဆိုပြရလွန်းလို့အဲ့ဒီ့ကလေးအထူးကုဆရာဝန်လင်မယားကတောင်ရင်းနှီးနေပြီး၊
ရွှေပိုးလေးကိုသူတို့ဆီပေးပါလားဟုတောင်းသည်။
" နင်တို့လင်မယားကငယ်သေးတာပဲ၊ ခလေးထပ်
ယူရင်ရသေးတယ်၊
သိတဲ့အတိုင်းခလေးကလည်းချူချာတော့၊ ဆေးဖိုး
နဲ့တင်နင်တ်ို့လည်းနလန်ထူနိုင်မှာမဟုတ်ဘူး.."

သူတို့လင်မယားမှာသားလေးတစ်ယောက်ပဲရှိကာ၊
အဲ့သားကလည်းအသက်ကြီးနေပြီမို့ သမီးလေးလို
ချင်၍အမွေစားအမွေခံပေးပါ့မယ်ဆိုပြီးတောင်းပါသည်။

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now