Chapter 22 uin&zaw

7.3K 391 35
                                    

ချစ်၍ရွာသောမိုးတွေ☔....၂၂

                      အပိုင်း-၂၂

အိမ်သူ့ကိုသက်သက်မှုခင်းဆရာဝန်ကဖြစ်စဉ်ကိုအသေးစိတ်မေးမြန်းသည်။
ပြီးတော့ရွှေပိုးကသတိကောင်းကောင်းလည်လာတော့
" အမေ...."
အိမ်သူလည်းကိုယ်မွေးထားတဲ့သမီးပေမယ့်ဒီလိုဖြစ်သွားတဲ့အခိုက်အတန့်မှာတော့၊စိတ်ကွက်မိတာ
အမှန်ပါပဲ။ ဒါပေမယ့်လည်းကုတင်ပေါ်မှာဖြူဖြူဖျော့ဖျော့ရှိနေတဲ့အခါ..
" အမလေး အသက်ရှင်နေလို့တော်ပါသေးတယ်"
ဆိုပြီးသမီးကိုကြည့်ကာငိုမိပြန်သည်။

" ဘာလို့ဒီလိုလုပ်ရတာလဲ ဟယ်..."
" သမီးကို ဒီကိုဘာလို့ခေါ်လာတာလဲ..."
" မခေါ်လာရင် နင်သေမှာပေါ့ဟဲ့..."
" သမီးကိုဘယ်လိုခေါ်လာတာလဲ ဖေဖေကော.."

သတိကောင်းလာတဲ့ခလေးကိုအိမ်သူနဲ့စကားအများကြီးပြောခွင့်မပေးပဲ...၊ခုနကမှုခင်းဆရာဝန်နဲ့
ရဲမေ တို့ရောက်လာပြီး...
" ကိုယ့်ကိုယ်ကိုသေကြောင်းကြံစည်ခြင်းကဥပဒေ
အရပြစ်မှုမြောက်တယ်ဆိုတာ သမီးသိပါသလား?
ဆရာမတို့အခုသမီးကိုမေးခွန်းနည်းနည်းမေးချင်
တယ်... "
" မေမေ...."
ရွှေပိုးကလန့်ပြီးအိမ်သူ့ကိုအကူအညီလှမ်းတောင်း
သည်။

"သမီးမိဘတွေကိုလည်းသီးသန့်မေးပြီးသားမို့..
သမီးအနေနဲ့ဆရာမတို့မေးတာကိုအမှန်အတိုင်း
ဖြေမှရမယ်.."
" အမေ ဖြစ်သူကအပြင်ခဏထွက်ပေးပါ.."
" အမေ..ဟင့်အင်း မသွားပါနဲ့"
ရွှေပိုးဉာဏ်ကအိမ်သူ့လက်ကိုလှမ်းဆွဲထားသော
အခါ...
" အခုဘာမှကြောက်မနေနဲ့တော့လေ.
ဒီဆရာမတို့မေးတာကိုသာအမှန်အတိုင်းဖြေပေး
လိုက်၊ အမေအပြင်မှာရှိနေမယ်...ကြားလား"

အိမ်သူကအခန်းအပြင်ကိုထွက်ပေးရပြီး၊ သမီးအတွက်စိတ်ပူရ၊ယောက်ျားအတွက်စိတ်ပူရနဲ့မို့
ရင်ဘတ်ထဲကတောင်အသက်ရှုလို့မ၀အောင်တစ်
ဆို့နေခဲ့သည်။
" အစ်မ ဒီဘက်မှာလာထိုင်ပါလား၊ ပုံစံကလဲကျတော့မယ်"
သူနာပြုလေးမှအိမ်သူ့အားခုံပေးကာထိုင်ခိုင်းပြီး..
" သိပ်ပြီးကြောက်လန့်မနေပါနဲ့...ဒီလိုcaseဖြစ်ရင် ဒါကလုပ်ထုံးလုပ်နည်းပါပဲ..အစ်မ
ဒီလိုပဲမေးမြန်းပေးပြီးလို့ rape caseမဟုတ်ရင်
ညှိနှိုင်းလို့ရပါတယ်..."
" ဟုတ်ကဲ့ ဆရာမ.."

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now