Chapter 5 uni&zaw

7.1K 323 6
                                    

ချစ်၍ရွာသောမိုးတွေ☔....5

                      အပိုင်း-၅

အိမ်ထောင်သည်တွေကလွဲလို့ကျန်တဲ့ဘော်ဒါလူပျိုသူငယ်ချင်းတွေထဲမှာကျွန်တော်အရင်ရည်းစားရသွားတော့၊ဘာပြောကောင်းမလဲမျောက်လက်ထဲအုန်းသီးရသလိုပဲပေါ့။
ပြီးတော့ကျွန်တော့်ရည်းစားလေးကကြည့်မြင်တိုင်သူအချောလေးဆိုတော့ကျွန်တော်ပိုပြီးမာန်တတ်နေရတာပေါ့။

" ဟေ့ကောင်ဖိုးဉာဏ် မိတ်ဆက်ပေးအုံးလေကွာ၊
မင်းရည်းစားနဲ့ငါတို့လည်းခင်ချင်တယ်...သူ့မှာသူငယ်ချင်းတွေဘာတွေလည်းရှိမှာပေါ့..."

ဒီကောင်တွေကဆင်ဖြူတော်မှီပြီးကြံစုတ်ချင်နေတာပဲ။
" ဘာလို့ပေးတွေ့ရမှာလဲ..မင်းတို့ကိုမြင်ပြီးတော့ငါအိမ်သူလေးလန့်သွားအုံးမယ်.."
" မင်းကိုတောင်မလန့်တာ ငါတို့ကိုလန့်မလားကွ"

" မရဘူး..ပြီးတော့သူ့မှာဘာသူငယ်ချင်းမှမရှိဘူး
မင်းတို့ကောင်တွေရည်းစားလိုချင်ရင်ကိုယ့်ဖာသာရအောင်ရှာကြပါလား..ဟမ်!."

" ဘာ ဟေ့ကောင် မင်းတောင်မှတင်ဇော်လတ်ကပေးလို့ရတာမှတ်လား.."
" အေးလေ အစ်မတစ်ယောက်လုံးကိုပေးတယ်ဆိုတာဘယ်လိုရက်ရောမှုမျိုးလဲ..
မင်းတို့လည်းသူများတကာပေးချင်ကမ်းချင်အောင်နေကြပေါ့.."

" ကြည့်စမ်း ရည်းစားရပြီဆိုတာနဲ့ဒီကောင်ပြောင်းလဲသွားတာပဲ သစ္စာဖောက်...."
ဒီကောင်တွေကျွန်တော့်ကိုဝိုင်းပြီးညှင်းဆဲကြတော့သည်။

ဘော်ဒါတွေဆိုပေမယ့်တစ်ဒိုင်ထဲမှာအတူလုပ်ကြတာတော့မဟုတ်ဘူးဗျ။ ကျွန်တော့်လိုငါးဒိုင်မှာဝင်လုပ်တဲ့လူတွေရှိသလို၊အထမ်း၊လှည်းဆွဲ၊ရေခဲစက်
အဲ့လိုရရာနေရာမှာဝင်လုပ်ကြရတာပဲ...
အရှင်းဆုံးဝန်ခံရရင်ငါးသူခိုးတွေလည်းပါတယ်။

ငါးကိုဘယ်လိုခိုးတာလဲဆိုတော့..ပုံမှန်ဆိုရင်တစ်ယောက်ထဲလှုပ်ရှားတာမျိုးကနည်းတယ်၊ အုပ်စုနဲ့ပဲ။
ဥပမာ..တောင်းထမ်းတစ်ယောက်ကတောင်းကိုရှေ့ကနေထမ်းသွားမယ်၊သူကကျွမ်းကျင်ပြီးသားဆိုတော့လမ်းလျှောက်တာမြန်မှာပဲ ...ပိုင်ရှင်ကနောက်ကအမှီမလိုက်နိုင်ခင်၊တောင်းထဲကငါးတချို့ကို
လမ်းမှာပစ်ချပေးခဲ့တာဗျာ.. ဒီမှာတခြားလူကကောက်ထားတာပေါ့။
ပြီးရင်ပြန်ရောင်းတဲ့လူတွေဆီမှာတဆင့်သွင်းတာ။
ခိုးတာကတော့နည်းမျိုးစုံနဲ့ခိုးလို့ရတာပဲ။ငါးမှမဟုတ်ဘူးပိုက်ဆံ၊ဆွဲကြိုးဆိုလည်းလွယ်တာပဲ..။

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now