Chapter 11 uni&zaw

7.1K 357 13
                                    


ချစ်၍ရွာသောမိုးတွေ☔....၁၁

                      အပိုင်း-၁၁

မင်္ဂလာဆောင်ပြီးသွားပေမယ့်အတူနေစရာအခန်း
သီးသန့်မရှိတဲ့အတွက်အိမ်သူကတော့အရင်အတိုင်းသူမရဲ့အပျိုခန်းထဲမှာပဲ ဂီနဲ့အတူနေရပြီး..
ဉာဏ့်အတွက်တော့အိမ်ရှေ့ကဘုရားခန်းမှာပဲအိပ်စရာရှိသည်။

ခြံက၂၇ပေရှိတယ်၊ဒါပေမယ့်စဆောက်တုန်းကလူ
နည်းတော့၁၅ပေပဲအိမ်ဆောက်ခဲ့တာ။အိမ်ရှေ့နဲ့
အနောက်က၄၅ပေ၊အိပ်ခန်းတစ်ခန်းကို၁၅ပေစီ။
အပေါ်ထပ်မှာဆိုဘုရားခန်းနဲ့အိပ်ခန်း၂ခန်းပေါ့။
အောက်ထပ်မှာကြအိမ်ရှေ့ဧည့်ခန်း..အဲ့မှာကတီဗီ
တို့ဆက်တီတို့ထည့်ထားတော့လူနေစရာမရှိဘူး။
အမေတို့အခန်းပြီးရင်မီးဖိုချောင်..
အားလုံးကကွက်တိဖြစ်နေပြီး အခန်းပိုထည့်စရာကို
နေရာမရှိဘူး။

" နင်တို့ယူလိုက်တာဗိုက်ကြောင့်ပဲလေ၊ မဖြစ်မနေ
လူချင်းပူးနေစရာမှမလိုတာ..."
ဂီကတော့သူ့ဝသီအတ်ိုင်းဒဲ့တိုးအိုးပေါက်ရယ်။

တကယ်တော့ဉာဏ်ကလည်းယောက္ခမအိမ်မှာဘယ်နေချင်ပါ့မလဲ။သူ့အနေအိမ်ဌားနေမယ်ဆိုမညို
တို့လိုပေ၂၀ အိမ်လေးတော့ဌားနေနိုင်သားပဲ။
ဒါပေမယ့်အိမ်သူကနေရဲပါ့မလား...သူကညဘက်
ထပြီးအလုပ်သွားရမယ်ဆိုအိမ်မှာမိန်းမသားတစ်ယောက်ထဲကျန်ခဲ့မှာ။
ပြီးတော့အိမ်သူဆိုတာလူကော၊သရဲကောကြောက်
တာလွန်ကော။ကိုယ်ဝန်ကလည်းဆောင်ထားတော့
သူ့မှာအဖက်ဖက်ကနေတွေးပြီးယောက္ခမအိမ်ကို
ခေါင်းငုံ့ဝင်လာရတော့တာပေါ့။

အိမ်ပြောင်းလာတော့သူ့မှာသံသေတ္တာလေးတစ်
လုံးပဲပါလာလို့...ခယ်မတွေကလှောင်ပြောင်ကြသည်။
" အမလေး မသူယူတဲ့ယောက်ျားကိုကြည့်ပါအုံး
ငါးဈေးကနေတော်တော်ဖြဲရှာခဲ့ရမှာပဲ.."

သူ့အဖြစ်ကလည်း...ယောက္ခမအိမ်တတ်သမက်
ဟာမျက်နှာငယ်..မျက်နှာငယ် ဆိုတဲ့အတိုင်း။

>>>>>>>>>>>>>

မင်္ဂလာဆောင်ကလက်ဖွဲ့ထုတ်တွေကိုဖောက်ကြတော့အများစုကပန်းကန်နဲ့ဖန်ခွက်တွေချည်းပဲ။
ဘယ်သူတွေပေးတာလဲဆိုတော့ကြီးတော်တို့ဈေး
ကလူတွေနဲ့လမ်းထဲကလူတွေပဲပေါ့။
ဉာဏ်တို့ငါးဈေးကလူတွေကမှပိုက်ဆံလက်ဖွဲ့ပေး
တာ..သူ့အလုပ်ရှင်က၁သောင်းခွဲတဲ့..
ကျန်တဲ့သူတွေကလည်းပေးကြတော့ငွေသားတစ်
သိန်းလောက်ပြန်ရတယ်။

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now