Chapter 9 uni&zaw

7.6K 329 5
                                    


ချစ်၍ရွာသောမိုးတွေ☔....၉

                      အပိုင်း-၉

သူမဘဝကိုမောင်အရယူသွားတယ်ဆိုတဲ့အမှန်
တရားဟာအိမ်သူ့အတွက်လာလောလတ်လတ်မှာလက်ခံရတာခါးသီးလွန်းပါသည်။
၁၉နှစ်အရွယ်ကောင်လေးမို့သူမဘက်ကအများကြီးလျှော့တွက်ခဲ့မိတာကိုနောင်တရမိသလို...
" မိသူ မိသူ နင်ဟာညံ့လှလေ...
ရည်းစားသက်တမ်းငါးလမှာတင်နင်သူ့ကိုဘဝပေး
လိုက်ရပြီ...နင်ဘာဆက်လုပ်မှာလဲ"

ဉာဏ်ကျယ်ဟာရုပ်ရည်အရကြည့်ပျော်ရှုပျော်ရှိတယ်၊စကားပြောချောပြီးအနမ်းတော်တဲ့မြတ်နိုးချင်စရာယောက်ျားငယ်တစ်ယောက်၊ ဒါပေမယ့်အိမ်ဦးခန်းတင်ကိုးကွယ်ခံထိုက်သောယောက်ျားမျိုးတော့မဟုတ်သေး..။
မိန်းမတိုင်းကအိမ်ထောင်အမှုပြုမယ်ဆိုပြီးပြည့်စုံသောဘဝတစ်ခုကိုသာရရှိလိုကြတာဓမ္မတာပါပဲ...
ဒါကြောင့်ဉာဏ့်ကိုချစ်ပေမယ့်ဘဝတစ်ခုလုံးစာအတွက်လို့သိပ်မစဉ်းစားခဲ့ဘူး။
ဉာဏ့်ထက်စာရင် ကိုအောင်ကမှ.....

ဟင့်အင်းအခုတော့မဖြစ်နိုင်တော့ပါဘူး။
ခြေလှမ်းတွေကလွန်ကုန်ပြီ...
ပြီးတော့ဉာဏ်ကအရိုင်းကောင်လေး၊ဘယ်လောက်
အထိရိုင်းတတ်တယ်ဆိုတာကိုမမြင်ဖူးပေမယ့်...

" ဘယ်သူပဲသိသိ၊ဘာတွေပဲဖြစ်လာဖြစ်လာအိမ်သူ
ကမောင်နဲ့ပဲလက်ထပ်ရအောင်လုပ်မယ်.." ဟု
သူပြောတုန်းကအိမ်သူကတုံးအ သဖြင့်မရိပ်မိခဲ့။

သူသာဒေါသထွက်လာရင်သူမဘဝတစ်ခုလုံးစုန်းစုန်းမြုပ်အောင်လုပ်ပစ်မှာလို့တွေးပြီးကြောက်လန့်ကာ...
နောက်နောင်မှာလည်းသူရဲ့အချုပ်အနှောင်တွေကြားထဲကနေသူမဘယ်လိုမှရုန်းထွက်လို့ရမှာမဟုတ်မှန်းရှင်းရှင်းလင်းလင်းသိလိုက်ရသည်။

>>>>>>>>>
ကမ်းနားလမ်းဘက်ကကောင်းကြိုက်ဆိုတဲ့စားသောက်ဆိုင်မှာ...
" အာ ယောက်ဖကြီးကြားသားမိုးကြိုးပါလား၊ မင်းကငါ့ကိုဘီယာတွေဘာတွေတိုက်လို့.."

ဉာဏ်ကျယ်ကတင်ဇော်လတ်ကိုဒကာခံထားတာဖြစ်သည်။
" ဘာလဲ မင်းနဲ့မသူအဆင်ပြေရဲ့လား.."
" ငါတို့ကအဆင်ပြေတာပေါ့.."
" အေးပါ အဆင်ပြေရင်ပြီးတာပဲပေါ့
မင်းဘာလို့မသောက်တာလဲ..."

ချစ်၍ရွာသောမိုးတွေ☔Место, где живут истории. Откройте их для себя