Chapter14 uni&zaw

7.4K 367 21
                                    


ချစ်၍ရွာသောမိုးတွေ☔....၁၄

                      အပိုင်း-၁၄

တစ်လကျော်လောက်ကုလိုက်တော့ကုပ်နေတဲ့အကြောတွေပြန်ပွင့်သွားပြီး၊ ပုံမှန်နီးပါးလမ်းလျှောက်နိုင်သလို၊နှုတ်ခမ်းလည်းပြန်တည့်သွားလို့ပုံမှန်အတိုင်းစကားပြောနိုင်ပါပြီ။ သူကိုယ်တိုင်ကလည်းလူမမာလိုမနေပဲဇွဲရှိရှိနဲ့လေ့ကျင့်ခန်းလုပ်တာကြောင့်ပါတယ်။လူငယ်လည်းလူငယ်ကိုး...

နည်းနည်းလေးကောင်းကတည်းကပြန်ချင်ပေမယ့်
အရှင်းပျောက်မှအိမ်သူကိုအံ့အားသင့်အောင်လုပ်မယ်ဆိုပြီး..လွမ်းတဲ့စိတ်ကိုတောင့်ခံနေတာဖြစ်သည်။
" ပြန်တော့မလို့လား၊ နည်းနည်းလောက်ထပ်နေပြီး
အနှိပ်ခံပါအုံးလား.."
" အေးလေ..ဟိုမှာကအရီးလိုဘယ်သူနှိပ်တတ်လို့လဲ.."
" ရပါတယ် အခုလည်းကောင်းနေပါပြီ.."

" ယောင်းမလေးတို့ကိုပဲ ဒီခေါ်လိုက်လို့မရဘူးလား
လောလောဆယ်နင်ဟိုမှာဘာလုပ်မလဲ.."
" သူနေနိုင်မှာမဟုတ်ဘူး..."
" အေးလေ ရန်ကုန်သူဆိုတော့လည်းဘယ်လာနေ
ချင်ပါ့မလဲ..."
" ကျွန်တော့်အတွက်စိတ်မပူပါနဲ့..ပြန်ရောက်ရင်
ကျွန်တော်လုပ်လို့ရတဲ့အလုပ်တွေရှိပါသေးတယ်"

" နင်ထပ်ဖြစ်မှာကိုစိုးရိမ်လို့ပေါ့.."
" ကျွန်တော်အရင်ကထက်ဂရုစိုက်မှာပါ.."

မောင်ဖြစ်သူကမယားနဲ့သမီးကိုတွေ့ချင်နေလောက်ပြီဆိုတာကိုသိတော့ဆက်မတားကြတော့ဘူး။

အဖေကပြန်ရင်လမ်းစရိတ်ယူသွားဆိုပြီးကျစ်ထား
တဲ့ပိုက်ဆံကိုသူ့အိတ်ထဲထည့်ပေးတယ်။မငယ်က
သူ့နားကပ်ကိုရောင်းပြီးငွေသုံးသောင်းလက်ထဲထည့်ပေးတယ်။မကြီးကပိုဆင်းရဲတော့နဂိုကတည်းက
နားကတ်အစစ်တောင်မရှိရှာပါဘူး။ချေးလာတဲ့ငွေ
တစ်သောင်းကိုပေါင်းထည့်ပေးတယ်...
" တော်ပြီ ကျွန်တော်မယူဘူး..ရတယ်ပြန်ယူထားကြ"
" လျှာမရှည်နဲ့...နင်ကဟိုမှာတစ်ယောက်ထဲလေ
ငွေလိုရင်ဘယ်သူ့အကူအညီတောင်းမလဲ၊
ယောင်းမကလည်းခလေးငယ်နဲ့..
နင်တို့ရန်ကုန်ကစားသောက်စရိတ်ဈေးကြီးလွန်းတယ်... လိုရမယ်ရယူသွား.."

အရင်လိုသာဆိုပေတေပြီးမယူပဲနေမှာပေမယ့်..အခုတော့သူ့မှာတကယ်ငွေကြေးကပြသနာမို့သာယူ
လိုက်ရသည်။ အစ်မတွေကိုနားပေါက်ဟောင်းလောင်းနဲ့ထားရတာတော့သူ့ရင်ထဲမကောင်းပါ။

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now