Chapter 10 uni&zaw

8K 326 9
                                    


ချစ်၍ရွာသောမိုးတွေ☔....၁၀

                      အပိုင်း-၁၀

ကြီးတော်နဲ့အမေ့ရှေ့မှာဉာဏ်ကဆာမူရိုင်းထိုင်ထိုင်နေခဲ့ပြီး..ကြီးတော်တို့မေးသည်များကိုခေါင်းငုံ့
ကာဖြေနေခဲ့သည်။
ဉာဏ်တစ်ခွန်းဖြေလိုက်တ်ိုင်းလူကြီးတွေကအိမ်သူ့
ကိုတစ်ခါဒေါသထွက်ကြသည်။ဉာဏ့်ရဲ့အိမ်အခြေ
အနေကသူတို့ဘက်ကကြည့်ရင်သိမ်နုပ်လွန်းနေသည်မှတ်လား။
အမေမရှိ၊ လေးတန်းပဲအောင်၊ ငါးဈေးမှာကူလီ..
အသက်ကခလေးသာသာ..
" မင်းကလှည်းကူးဇာတိပေါ့.."
" ဟုတ်ပါတယ်..."
" အဲ့တော့ မင်းအခုဘယ်လိုလုပ်မှာလဲ.."
" ကျွန်တော် အိမ်သူနဲ့လက်ထပ်ချင်ပါတယ်"

" ဒါကမင်းထင်သလောက်လွယ်မှာမဟုတ်ဘူး.."
" ကျွန်တော်သိပါတယ်...
ဒါပေမယ့် ကျွန်တော့်မှာပုံမှန်ဝင်ငွေရမယ့်အလုပ်ရှိပါတယ်။ ကျွန်တော်ကြိုးစားပြီးအိမ်သူ့ကိုစောင့်ရှောက်မှာပါ..."
ဉာဏ်ကကတိတွေအထပ်ထပ်ပေးသည်။

ကြီးတော်နဲ့အမေကလည်းသူ့ကိုလုံးလုံးသဘောမကြပေမယ့်ရွေးချယ်စရာမရှိတော့နောက်ဆုံး..
လူကြီးစုံရာနဲ့အိမ်သူ့ကိုလာတောင်းရမ်းရမယ်ဟုဆို
လိုက်သည်။
" အိမ်သူနဲ့စကားခဏလောက်ပြောခွင့်ပြုပါ.."

ဉာဏ်ကပြန်ခါနီးမှာခွင့်တောင်းသဖြင့်အမေကလိုက်သွားဟုပြောတော့၊အိမ်သူလည်းသူ့နောက်ကနေထလိုက်ပြီးအောက်ထပ်ကိုဆင်းလာခဲ့ကြသည်။

" အိမ်သူလန့်သွားလား..အခုသက်သာရဲ့လား.."
အိမ်သူဖြင့်သူ့ကိုခေါ်ခိုင်းတုန်းကကြောက်လိုက်တာ
အရမ်းပဲ၊ ဘာတွေပြောလိုက်မလဲ၊ဘာတွေလုပ်လိုက်မလဲနဲ့တွေးပြီးကြောက်တာအသားတွေတောင်
အေးလာသည်။မောင်ကတော့အဲ့လောက်မဟုတ်
တာကြောင့်...
"နင်ငါ့အမေနဲ့ကြီးတော်ကိုတောင်မကြောက်ဘူးလား.."
" ကြောက်တာပေါ့ ဒါပေမယ့်အိမ်သူ့ရှေ့မှာမောင်ကြောက်နေလို့ဘယ်ဖြစ်မလဲ...ပြီးတော့မောင်ကအပြစ်ရှိတဲ့တရားခံပဲမှတ်လား..."

" ငါကိုယ်ဝန်ရှိမှန်းဘယ်လိုသိလဲ တင်ဇော်လတ်ပြောတာလား..."
" သူမပြောပါဘူး၊ အိမ်သူပြသနာတတ်နေတယ်တဲ့
မောင့်ကြောင့်တဲ့...အဲ့တာကြောင့်ရိပ်မိတာ
ရိုးရိုးပြသနာသာဆိုမောင့်ကိုခေါ်စရာမလိုဘူးလေ"
" ငါ နင့်လောက်သာဉာဏ်ကောင်းခဲ့ရင်ကောင်းမယ်၊ အခုတော့တစ်ဈေးလုံးတစ်ရပ်ကွက်လုံးသိကုန်
ပါပြီ...ဟင့်.."

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now