Chapter 15 uni&zaw

8.2K 400 41
                                    


ချစ်၍ရွာသောမိုးတွေ☔....၁၅

                      အပိုင်း-၁၅

ဘာလိုလိုနဲ့သမီးကလေးတောင်နှစ်နှစ်ပြည့်သွားခဲ့
သည်။မွေးရက်တုန်းကလမ်းထဲကခလေးတွေကိုမုန့်
ကျွေးကာမွေးနေ့ပွဲလုပ်ပေးပါသည်။
သူ့အဖေကမွေးနေ့လက်ဆောင်အဖြစ်ဒေါ်လာအဝိုင်းပြားပုံစံဆွဲပြားနဲ့ဆွဲကြိုးတစ်ကုံးလုပ်ပေးသည်။

" ညည်းတို့ခလေးကိုဆင်တာလည်းကြည့်ဆင်ကြအုံး..ခေတ်ကာလကသိပ်မကောင်းဘူး.."
ဟုဘေးအိမ်ကအကြီးကသတိပေးသည်။
" ဟုတ်တယ် အကြီးရေ ...ကျွန်မလည်းပြောတာပဲ၊ သူ့အဖေကသူ့သမီးဝတ်ရပြီးကော
ဇွတ်ဝယ်ပေးနေတာ..."
" ညည်းတောင်နောက်ရောက်သွားတယ်ပေါ့လေ"
" ဟုတ်ပါ့..ချစ်ဖေဖေနဲ့ချစ်သမီးဖြစ်နေကြတာလေ"

ရွှေပိုးဉာဏ်ကမိချွဲလေး၊ သူ့အဖေအိမ်ပြန်လာတာနဲ့
အိမ်ဝကိုပြေးကြိုပြီး...
ပြန်လာပြီလား၊မောလား၊ ဖေဖေ၊ ချစ်တယ်
ရေသောက်..အကုန်ပြောတတ်နေပြီလေ။
့အဲ့တော့သူ့အဖေမှာသူ့သမီးကသူ့ကိုချစ်လှချည်ရဲ့
ဆိုပြီးတဟီးဟီးတဟားဟားဖြစ်နေတော့တာပဲ။

အရင်တုန်းကအိမ်ပြန်လာရင်..မိန်းမရေဆိုပြီးအရင်
အော်တာ၊ အခုတော့သမီးရေ ..ဖြစ်သွားပြီလေ။

>>>>>>>>
နေ့လည်၁၂နာရီနည်းနည်းကျော်ပြီ။ဉာဏ်ကပြန်
လာကတည်းကအိပ်နေတာ၊ အိမ်သူကအနောက်ဖက်မှာဉာဏ်ယူလာတဲ့ဟင်းစားကိုပြန်ချက်နေပါသည်။သမီးကိုအိမ်ရှေ့မှာသူ့အဖေနားထားပြီးဆော့စရာတွေချပေးထားလို့ငြိမ်နေတော့သူဆော့နေ
တယ်ပဲမှတ်လိုက်သည်။

ဘယ်ဟုတ်မလဲ ရွှေပိုးကောင်ကအိမ်ကနေဆင်းပြီး
ဟိုဘက်အိမ်ကိုရောက်သွားကာ..သူ့အဒေါ်ငယ်ဖွင့်
ထားတဲ့သီချင်းကိုသွားကြည့်နေတာဖြစ်သည်။
ရွှေပိုးကတီဗီကြည့်ရတာကိုအရမ်းကြိုက်သည်။အသံကြားတာနဲ့ ဟော...ဆိုပြီးသွားကြည့်ချင်နေတာ၊
သူတို့အိမ်လေးမှာတော့တီဗီမဝယ်ရသေးပါ။

ဉာဏ်ကော၊အိမ်သူကောကရုပ်ရှင်သိပ်ကြည့်တဲ့သူ
တွေမဟုတ်တော့ မဝယ်ဖြစ်သေးတာ၊ ရွှေပိုးကောင်ကတော့သူ့ဖွားအေနဲ့ကြရင် တီဗီသာဖွင့်ထားပေးလိုက်ငြိမ်ပြီးထိုင်ကြည့်နေတော့တာပဲ။

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now