Chapter 2 uni&zaw

9.8K 367 8
                                    

ချစ်၍ရွာသောမိုးတွေ☔....2

                      အပိုင်း-၂

၂၀၀၇ခုနှစ်၊ကြည့်မြင်တိုင်ဗဟိုစံပြငါးစျေးကြီး...
လှိုင်မြစ်ကမ်းပေါ်မှာတည်ရှိပြီးတော့ဧရာ၀တီတိုင်း
မအူပင်၊ဝါးခယ်မ၊ညောင်တုန်း၊ကျုံပျော်၊ငါးသိုင်းချောင်းစတဲ့အရပ်ရပ်ကနေလာတဲ့ ငါးမျိုးစုံကိုစက်လှေ၊မော်တော်၊ဌက်သမ္ဗာန်တွေနဲ့လာသွင်းကြပြီး..
ငါးဒိုင်ပွဲစားတွေမှတဆင့်ရန်ကုန်တစ်တိုင်းလုံးကိုပြန်လည်ဖြန့်ဖြူးနေတဲ့စျေးကြီးဖြစ်ပါတယ်။

၂၄နာရီငါးဒိုင်များ၊ပွဲစား၊ပြန်ရောင်းတွေနဲ့စည်
ကားနေကာ၊ ရန်ကုန်အရပ်ရပ်ကနေပြန်လည်ရောင်းချမယ့်စျေးသည်တွေကတော့ညပိုင်းမှာစုံဆင်းလာကြသဖြင့် ညဘက်မှာပိုမိုစည်ကားပါတယ်။

×××× ငါးပုဇွန်ရောင်း၀ယ်ရေး*ဆိုတဲ့ဒိုင်ကြီးမှာဝိုက်ကာတောင်လိုပုံထားသောငါးကြင်း၊ငါးမြစ်ချင်းနဲ့
ငါးတန်ကောင်ကြီးများကိုပြန်ရောင်းမယ့်စျေးသည်
များကအလုအယက်ဖြင့်....
" အချိန်တစ်ဆယ်ယူမယ်.."
" ဒီကိုအချိန်နှစ်ဆယ်ထည့်..."

ထိုအခါဒိုင်မှအလုပ်သမားလေးငါးယောက်ကငါးတွေကိုဂေါ်ပြားနဲ့ကြုံးကာတောင်းထဲထည့်ပြီးကတ္တား
ကြီးပေါ်တင်ချိန်သည်။
ီူဒိုင်ပွဲစားကြီးနဲ့စျေးသည်အရောင်းအ၀ယ်တည့်ပြီဆိုရင်ကတ္တားပေါ်ကချပြီး..စျေးသည်ကယူလာသောတောင်းများထဲသို့သွန်ထည့်ပေးလိုက်သည်။
သာမန်စျေးလေးများမှာ၀ယ်ယူရသည်နှင့်လားလား
မတူအလုအယက်၀ယ်ရတာဖြစ်သည်။
ငါးပုံကြီးများမှာစျေးသည်တစ်အုပ်လာတိုင်းပြိုက်
ခနဲကုန်ပါသည်။
" ကောင်လေး ဒီဘက်ကငါးတွေထုတ်လိုက်.."
" ဟုတ်မကြီး..."

ဘောလုံးအကျီအပြာရောင်၊ဘောင်းဘီတိုအဝါရောင်နဲ့လည်ရှည်ဘွတ်ဖိနပ်စီးထားသော အသားလတ်
လတ်နဲ့ပိန်ပိန်ပါးပါးကောင်လေးတစ်ယောက်..
ဟုတ်တယ်သူနာမည်ကတော့ဉာဏ်ကျယ်တဲ့။
၁၉၈၈ခုဖွားမို့လက်ရှိမှာသူ့အသက်က၁၉နစ်...
အလုပ်အကိုင်ကဒီဌေးဆိုတဲ့ငါးဒိုင်ကြီးမှာနေ့စားအလုပ်သမား....

မနက်အလင်းရောင်ထွက်ရင်တော့လူရှင်းပြီ၊ငါးဒိုင်
ြုီကီးတွေမှာငါးတွေပြောင်သလောက်ဖြစ်ပြီး ပြန်ရောင်းပွဲစားတွေမှာပဲကျန်တော့သည်။
နေထွက်လာရင်တော့တစ်ညလုံးငါးအတင်အချ..
ကူလီလုပ်ခဲ့ရတဲ့သူတို့လိုအလုပ်သမားတချို့အလုပ်သိမ်းပြီးပြန်အိပ်လို့ရပြီ။

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now