Chapter -6 uni&zaw

6.8K 311 3
                                    

ချစ်၍ရွာသောမိုးတွေ☔....၆

                      အပိုင်း-၆

" မိသူ မတွေ့တာကြာလို့အရမ်းလှလာပါလားကွ.."
" အာ ကိုအောင်ကလည်း၊ လူကိုတွေ့တာနဲ့
ဒါနဲ့ဘယ်တုန်းကပြန်ရောက်တာလဲ.."
" ဒီနေ့ပဲဆိုပါတော့ ညီမရယ်..."

ကိုအောင်မြင့်မြတ်ဆိုတာကအိမ်သူတို့လမ်းထဲကသင်္ဘောသားအစ်ကိုကြီးပေါ့။အိမ်ချင်းကမျက်စောင်းထိုးလေးပဲမို့ ငယ်ငယ်ကတည်းကမောင်နှမတွေလိုပဲဖြစ်နေကြတာ။
ကိုအောင်ကအိမ်သူ့ထက်၆နှစ်လောက်ကြီးတော့
အိမ်သူတို့ဆယ်ကျော်သက်မှာကိုအောင်ကလူပျိုထွားထွားဖြစ်နေပြီ။အိမ်သူပထမဦးဆုံးခိုးပြီးရင်ခုန်
ခဲ့ရတဲ့သူကအိမ်သူ့ငယ်ရည်းစားမဟုတ်တဲ့ကိုအောင်ပဲဖြစ်သည်။ ကိုအောင်သင်္ဘောလိုက်သွားတဲ့နှစ်မှာပဲအိမ်သူရည်းစားစထားခဲ့သည်။

ကိုအောင်ကသင်္ဘောတစ်ခါလိုက်သွားရင်အကြာကြီးဆိုတော့ အိမ်သူလည်းမတွေ့တာကြာတော့မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်။ပြီးကြရင်ပြန်ရောက်လာပြီးပျောက်သွားတာသူမဟုတ်တဲ့အတိုင်း
ပေါ်လာပြီးအိမ်သူ့ကိုဂရုစိုက်ပြန်သည်။
ငယ်ငယ်ကတည်းကအိမ်သူကကိုအောင့်အပေါ်ခံစားချက်တွေရှိခဲ့သလို၊ ကိုအောင်ဘက်မှာလည်းရှိ
နေလိမ့်မယ်လို့မရဲတရဲယုံကြည်ခဲ့ဖူးသည်။

အိမ်သူတို့ညီအစ်မတွေထဲမှာတောင်ကိုအောင်က
အိမ်သူ့ကိုအရေးအပေးဆုံး၊ အိမ်သူကြိုက်တဲ့မုန့်တွေမြင်ရင်တကူးတကဝယ်လာပေးသလို၊ တစ်နေရာရာသွားရင်လည်းလက်ဆောင်ဝယ်လာဖို့မမေ့ဘူး။
ဒါပေမယ့်အိမ်သူ့ဘက်ကဒီလောက်ရေလာမြောင်း
ဖောက်ထားတာတောင်ကိုအောင်ကတော့ကူးမလာခဲ့ပါဘူး။ဒီအတိုင်းပိုနေမြဲကျားနေမြဲလုပ်နေတာ
ဘယ်နှနှစ်တောင်ရှိပြီလဲမသိပါ။
အခုလည်းဘာမဟုတ်သလိုနဲ့သူပေါ်လာပြန်ပြီပဲ...

" မိသူ ညည်းအစ်ကို့ကိုသတိကောရရဲ့လားဟမ်"
" ဟင် အင်းရတာပေါ့လို့..."
" ဒါပြောဖို့တောင်စဉ်းစားနေရသေးလား..."
" မဟုတ်ပါဘူး ကိုအောင်ကလည်း..."
" မနက်ဖြန်ကြရင်အိမ်ကပဲခူးဘုရားဖူးကြသွားမှာ
လိုက်ခဲ့ရမယ်နော် မိသူ..."
" ရှင်...."
" ရွှေရည်တို့၊ငွေရည်တို့လည်းလိုက်ချင်ခေါ်ခဲ့လေ
ကားကအကျယ်ကြီး..."
" ဟုတ်...."
ယောင်ယမ်းကာဟုတ် လုပ်ခဲ့ပြီးမှအိမ်သူသတိရသည်။ဘုရားရေ မနက်ဖြန်ဉာဏ်နဲ့ချိန်းထားတာပဲ..

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now