Chapter 17 uin&zaw

8.1K 423 47
                                    


ချစ်၍ရွာသောမိုးတွေ☔....၁၇

                      အပိုင်း-၁၇

င်္သိဂီလည်းမနေ့ကတည်းကအိမ်သူရောက်နေတာကိုသိသည်။
ဒါပေမယ့်အခန်းထဲကနေထွက်မလာ..အသက်တွေ
ကလည်းငယ်တော့တာမဟုတ်လို့အရင်လိုအခန်း
တံခါးထုကာမဝင်တော့ပဲ၊မနက်အထိစောင့်လိုက်
သည်။

မနက်ကြအ်ိမ်သူကလည်းစောစောစီးစီးရေအိမ်ဝင်
ရေချိုးပြီးတာနဲ့အမေနဲ့အတူတူလဘ္ဘရည်ဆိုင်သွား
ထိုင်သောက်သည်။
ပြန်လာတော့ဂီ့ကိုတွေ့လို့လစ်ပြေးမယ်ကျန်ကာရှိ
သေး...
" ဟဲ့ မိသူ..ဘယ်ပြေးမလို့လဲ.."
" ငါကဘယ်ပြေးရမှာလဲ.."
ဂီကအမိအရဖမ်းပြီးအခန်းထဲခေါ်သည်။

" ဂီကျောင်းမသွားဘူးလား.."
" ငါ့ကျောင်းကနေ့လည်မှလေ..."
ဂီတာဝန်ကြတဲ့မူလတန်းကျောင်းက၂ချိန်ကျောင်း
ဖြစ်ပြီးဂီသင်ရတဲ့၄တန်းခလေးတွေကညနေမှတတ်ရသည်။
" နင်ဒီလိုမျိုးအိမ်ကနေထွက်လာလို့ဖြစ်မလား"
" မထွက်လာတော့ငါကပေကပ်နေရမှာလား..
  ငါ့ကိုအိမ်ကြီးရှင်ကနင်ထုတ်တာလေ.."
" သူ့အိမ်ပါလို့နင့်ကိုပြောလို့လား.."
" ဂီကလည်းကုလားကြီးနဲ့အရာကြီးကိုဟာ.."

" ဘာပဲဖြစ်ဖြစ်နင်အိမ်ကထွက်လာတော့ခလေးတွေဘယ်လိုလုပ်မလဲ.."
" မသိဘူး သူတို့အဖေရှိတာပဲ.."
" နင်အဲ့လိုပြီးစလွယ်မပြောနဲ့လေ.."
" ဒါဆို ငါကသူတို့ကိုပါခေါ်လာရမှာလား..
နင့်တူနဲ့တူမအကြောင်းမသိဘူးလား၊ သူတို့အဖေ
နဲ့တစ်ချိုးထဲဟာတွေ..."

" ဟဲ့ အဲ့တာနင်မွေးထားတာလေ.."
" မဟုတ်ဘူးလို့ပြောနေလို့လား.."

" နင့်ဖာသာနင့်ယောက်ျားနဲ့ဘယ်လောက်ရန်ဖြစ်ဖြစ်ခလေးတွေနဲ့မှမဆိုင်တာ..."
" နင်မသိဘူးဂီ အကုန်လုံးကငါဘယ်လောက်လုပ်ပေးပေးငါ့ထက်သူစိမ်းကောင်းတဲ့ဟာတွေပါဆို.."

" ဟိုဆရာမကိုပြောနေတာလား..
နင်မကြိုက်ရင်ဆက်မခန့်နဲ့လို့ငါပြောသားပဲ.."
" ငါခန့်တာမို့လို့လား၊ သူတို့အဖေခန့်ထားတာလေ"

" အခုနင်တို့ရန်ဖြစ်တာစုမဲကိစ္စမဟုတ်ဘူးလား"
" အဲ့တာလည်းအဲ့တာပေါ့..သူ့ကိုဘယ်သူပြန်ပြော
လိုက်လဲငါမသိတော့ဘူး.."
" အမလေးဟယ်.. နင့်ယောက်ျားကနုံနုံအအမှမဟုတ်တာ..အစကတည်းကကြည့်လုပ်လို့ငါမပြော
ဘူးလား..၊ ဉာဏ်ကျယ်ကငွေရည့်ကိုဘယ်လောက်
မျက်မုန်းကျိုးလဲနင်မသိတာမှတ်လို့.."

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now