chapter 18 uin&zaw

8.7K 450 42
                                    

ချစ်၍ရွာသောမိုးတွေ☔....၁၈

                      အပိုင်း-၁၈

ဈာန်ဦးဉာဏ်ကဖွားအေအိမ်ကိုရောက်ဖူးပေမယ့်လို့ညအိပ်ညနေမနေဘူးတော့အနေစိမ်းနေပါသည်။ မအေပေါင်ပေါ်ကနေမဆင်းပဲသူ့ရဲ့အန်ထရာမန်းအရုပ်လေးကိုလည်းလက်ကမချပေ။

ညဘက်မှာသားအမိနှစ်ယောက်တစ်ခန်းအိပ်ကြတော့..
" မေမေ သားတို့ဘယ်တော့အိမ်ပြန်မှာလဲ.."
" သားကအိမ်ပြန်ချင်နေပြီလား.."
" အင်း သားတို့အိမ်ကအကြီးကြီး၊ အိမ်မှာသားအရုပ်တွေရှိတယ်၊ ဖေကြီးလည်းရှိတယ်..ပြီးတော့
သားမမနဲ့ကိုကိုနဲ့ မအေးဘုံလည်းရှိတယ်.."
" ဒီမှာလည်းမေမေရှိတယ်၊ သားအဖွားနဲ့သားအဒေါ်လည်းရှိတယ်လေ..."

" ဒါပေမယ့်သားတို့အိမ်ကိုပြန်ချင်တယ်.."
" ဒါဆို သားကအမနေဲ့မနဘေူးလား.."
" မေမေနဲ့တူတူပြန်မယ်လေ..."

" မေမေကအခုဒီမှာပဲနေတော့မှာ.."
" ဘာဖြစ်လို့လဲ...အိမ်မှာဖေကြီးရှ်ိတယ်လေ..
သားတို့မရှိရင်အခန်းထဲမှာဖေကြီးတစ်ယောက်ထဲ
ဒီလိုခေါင်းပေါ်လက်တင်ပြီး ဟူး ဆိုပြီးလုပ်နေတာ"

သူ့အဖေကကုတင်ပေါ်မှာလှဲပြီးနှဖူးပေါ်လက်တင်
ထားပြီးသက်ပြင်းချနေတယ်တဲ့၊ သူ့အဖေပုံစံအတိုင်းလုပ်ပြပါသည်။
" ဖေကြီးသနားပါတယ်..."
သြော်...သူ့အဖေအထီးကျန်နေလို့သနားသတဲ့။
ငါတော့၃ယောက်လုံးကိုအရင်းရှုံးပြီထင်ပါရဲ့..
ဗိုက်ပါခွဲပြီးမွေးခဲ့ရတဲ့ဒီအငယ်ဆုံးကပါဖအေ့ဘက်
တော်သားစစ်စစ်ဖြစ်နေပြီ။

" ဒါကြောင့်သားကအဖေ့ဆီပြန်ချင်တယ်ပေါ့.."
" မေမေလည်းအတူတူပြန်မယ်လေ..
သားတို့ကမိသားစုတွေပဲ...
ကြက်ကလေးတွေတောင်သူ့မိသားစုနဲ့အတူနေကြတာပဲ....တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်
သားတို့မိသားစုကငါးကောင်..မအေးဘုံနဲ့ဆို
၆ကောင်..ဟုတ်တယ်မှတ်လား.."

အိမ်သူရယ်လည်းရယ်ချင်ပြီး၊ငိုလည်းငိုချင်လာလို့
ဘာကတိမှမပေးပဲသားငယ်ကိုယ်လေးကိုသာဖက်
ထားပြီးကျောကိုပွတ်ပေးနေခဲ့သည်။

>>>>>>>>>>
တဖက်အိမ်မှာလည်း..
အမေအိမ်မှာမရှိတော့မအေးဘုံကမခိုင်းရင်သေချာ
မလုပ်ဖူး၊အပျင်းထူတယ်လေ။အိမ်ကသုံးထပ်ဆို
တော့အထပ်တိုင်းကိုသန့်ရှင်းရေး၊အိမ်သားတွေ
အဝတ်လျှော်စရာတွေ၊ချက်တာပြုပ်တာအားလုံးဆို
မအေးဘုံဘယ်လိုမှမနိုင်ဘူး။

ချစ်၍ရွာသောမိုးတွေ☔On viuen les histories. Descobreix ara