Chapter 25 uni&zaw

9.1K 472 28
                                    

ချစ်၍ရွာသောမိုးတွေ☔....၂၅

                      အပိုင်း-၂၅

အခုတလောအိမ်မှာဖြစ်တဲ့ပြသနာကတော့အိမ်သူ့
ကိုဝိုင်းလုနေကြတာပါပဲ။
ရွှေပိုးဉာဏ်နဲ့ကွန့်မြူးဉာဏ်ကလည်းအမေ ကိုအပျောက်ကိုမခံ တစ်ချိန်လုံး တ နေ၊ နောက်ခလေးရောက်လာလို့အငယ်ဆုံးရာထူးကနေဖယ်ပေးလိုက်ရတဲ့ ဈာန်ဦးဉာဏ်လေးကလည်း အမေကိုပြန်လုသေးသည်။

သူထူးဉာဏ်ကိုကနို့ဗူးပဲတိုက်မွေးတာ၊ ဒါပေမယ့်
ခလေးပီပီနို့ကိုအန်ထွက်မတတ်သောက်ပြီးတာတောင်မှ လိုက်ငန်းနေသေးလျှင်...
အိမ်သူကလည်းခလေး၃ယောက်အမေဖြစ်ပြီးသား
ဆိုတော့သိပ်မရှက်တော့ ဒီအတိုင်းမထွက်တဲ့နို့ကို
လှန်ပြီးပေးစို့ထားလိုက်လျှင် ၊ ဈာန်ဦးဉာဏ်လေး
ကအနားကနေထိုင်ကြည့်ပြီး..
" ဒါသားသားအရင်စို့ခဲ့တာ..သားသားနိူ့လေ.."
" သားကကျောင်းသားကြီးဖြစ်နေပြီလေ ...
နို့စို့အုံးမလို့လား...ကောင်မလေးတွေသိရင်မရှက်
ဘူးလား.."
" သားမှာကောင်မလေးမရှိပါဘူး..
အမေပဲရှိတာ၊ အမေ့ကိုသားချစ်တယ်နော်. နော်."
ဆိုပြီးညာတာပါတေးနဲ့အမေနို့ကိုလာလုပြန်သည်။
ဘယ်လိုနို့ရူးလေးပါလိမ့်....။

ဉာဏ်လေးတွေကဒီလိုဆို၊ဉာဏ်အကြီးစားကပိုဆိုး
သေးတယ်...
" ဒီကောင် ငါ့မိန်းမနို့ကိုစို့ပြန်ပြီ.."
ဆိုပြီးတွေ့ရင်အတင်းလိုက်ဆွဲချွတ်တာ။
" ရှင်တို့သားအဖတွေ ဘာဖြစ်နေကြတာလဲ.."

" အငယ်ဆုံးကိုလက်လွှတ်လို့ရရင်တော့၊ လင်မယားနှစ်ယောက်အေးအေးဆေးဆေးနေရပြီမှတ်တာ ၊ ဒီကောင်တော်တော်ရှုပ်တယ်...
ငါ့မိန်းမကိုမနားရအောင်လုပ်တယ်..."

ညဘက်ဆိုလင်မယားနှစ်ယောက်ကြားထဲမှာသိပ်
ထားရရင်..
" မိန်းမ ပင်ပန်းနေပြီမှတ်လား.. လာ လာ
ပုခက်ထဲထည့်ထားလိုက်..."
" မအိပ်သေးဘူးလေ ..."
" ခဏနေရင်အိပ်သွားလိမ့်မယ်.."

သူကြလူကိုလာဖက်အိပ်ပြီး...
" ငါ့မိန်းမလေး ပိန်သွားသလိုပဲ..."
" အဲ့တော့ ကောင်းတယ်မှတ်လား သက်သက်ဝိတ်
ချစရာမလိုတော့ဘူးပေါ့..."
" မတူပါဘူး၊ ဒါကရိုးရိုးပိန်တာမဟုတ်ပဲခန္တာကိုယ်
ကသူအားနည်းနေပြီဖြစ်ကြောင်းအချက်ပြ
လာတာ...မင်းကျန်းမာရေးကိုမောင်စိတ်ပူတယ်"

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now