Chapter 8 uin& zaw

8K 329 6
                                    

ချစ်၍ရွာသောမိုးတွေ☔....၈

                      အပိုင်း-၈

ကျွန်တော်ရုတ်တရက်ဆုံးဖြတ်ပြီးအိမ်သူ့ကိုနမ်းပစ်
လိုက်တယ်။ဘဝထဲကအချိုမြိန်ဆုံးအခိုက်အတန့်
တစ်ခုပါပဲ..
ပြန်ရောက်တာတောင်တော်တော်နဲ့စိတ်ထဲမေ့ပျောက်လို့မရဘူး။

တစ်ခါလုပ်ဖူးပြီးသားဆိုတော့နောက်တစ်ခါထပ်မလုပ်နိုင်စရာမရှိဘူးပေါ့။နောက်ပိုင်းတွေ့တာနဲ့လစ်
ရင်လစ်သလိုခိုးနမ်းပစ်တာပဲ။ကျွန်တော့်အနမ်းတွေ
ကိိုအိမ်သူလည်းကြည်ကြည်ဖြူဖြူခံယူတတ်လာပြီ
ဆိုတော့မဆိုးဘူးပေါ့။

ဘော်ဒါတွေကကျွန်တော့်ကိုမေးတယ်..
မင်းနဲ့မင်းကောင်မလေးဘယ်အဆင့်အထိရောက်ပြီလဲ၊ဘာတွေလုပ်ဘူးလဲ....တဲ့။
ကျွန်တော်ကပြန်ပြီး..
ဟာ အိမ်သူကငါလက်ထပ်ယူချင်တဲ့မိန်းခလေးပဲ..
ငါသူ့ကိုဖြူဖြူစင်စင်ပဲချစ်ပါတယ်* လို့ပြောရင်

" ဒါဆို မင်းသူ့ကိုမပိုင်ချင်ဘူးလား..."
" ပိုင်ချင်တာပေါ့၊ ဒါပေမယ့်အိမ်သူကငါ့ကိုအခွင့်အရေးသမားလို့မြင်မှာစိုးတယ်..."
" အချစ်ရဲ့နောက်မှာပိုင်ဆိုင်လိုစိတ်ကကပ်ပါလာပြီးသားပဲကွ၊ ဒါကိုမင်းကသူ့ကိုအခွင့်အရေးယူပါ
တယ်လို့ပြောရင် အဲ့မိန်းမကမင်းကိုတကယ်မချစ်
လို့ပဲ..."

ဘဝအခြေအနေအရဆိုရင်အိမ်သူကကျွန်တော့်လို
ကောင်ကိုရွေးမှာမဟုတ်ဘူးပေါ့။ဒီလိုဆိုမင်းကျန်ရစ်ခဲ့လိမ့်မယ်..တဲ့။
အဲ့လိုပြောကြရင်ကျွန်တော့်စိတ်ထဲမှာလှိုင်းတံပိုးတွေထလာတယ်။သူတို့ပြောသလိုလည်းကျွန်တော်
စမ်းကြည့်ချင်တယ်။

အမှန်စစ်စစ်တော့ဘော်ဒါတွေကြောင့်ချည်းပဲမဟုတ်ပါဘူး၊ကျွန်တော်ကိုယ်တိုင်လည်းယောက်ျားပဲဟာ သင်စရာမလိုပဲဒါတွေတတ်ပြီးသားပါ။
ယောက်ျားလေးတိုင်းမှာနှာဗူးစိတ်အခံဆိုတာရှိပြီး
သားပဲ။ ကျွန်တော်လည်းချစ်သူရဲ့အသွေးအသား
တွေကိုလိုချင်တပ်မက်စိတ်မကြာခဏဖြစ်ဖူးတယ်။
ဒါပေမယ့် မကောင်းပါဘူးဆိုပြီးကိုယ့်ကိုယ်ကိုထိန်း
သိမ်းနေခဲ့ရတာ...

နမ်းရင်းနဲ့ထိကိုင်မိတာတွေရှိရင်ပိုပြီးစိတ်ကြွလာတတ်ပေမယ့် အိမ်သူကမကြိုက်ဖူးဟုဆိုကာကျွန်တော့်ကိုတားမြစ်ထားတယ်။
" မောင်နော် လက်မသရမ်းပါနဲ့.." တဲ့။

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now