Chapter1 uin&zaw

34.4K 616 19
                                    

ချစ်၍ရွာသောမိုးတွေ☔....1

ဉာဏ်ကျယ်☂️အိမ်သူ

၂၀၂၃ခုနှစ်၊ရန်ကုန်..ကြည့်မြင်တိုင်
အပြာရောင်၃ထပ်တိုက်ရှေ့မှာကားတစ်စီးကအရှိန်ပြင်းစွာထိုးရပ်လိုက်သဖြင့်၊အိမ်ထဲမှာတံမြက်စည်းလှည်းနေသောအေးဘုံတစ်ယောက်လန့်သွားရကာ...
' အိမ်မှာကား၂စီးရှိတဲ့ဟာ၊ ဒီကားသံကတော့သေချာပေါက်ကိုကြီးပဲ..'
အတွေးပင်မဆုံးသေးအိမ်ရှေ့ခန်းကနေအသံနက်ကြီးထွက်လာကာ..
" အေးဘုံ...."
" ရှင့်ကိုကြီး..."
" နင့်အစ်မဘယ်မလဲသွားခေါ်စမ်း.."
" ဟို ဟို အစ်မက..."
" ဟိုဘက်ရပ်ကွက်ထိပ်မှာဆီတိုးနေတာငါမြင်ပြီးသား သွားခေါ်ခဲ့..."
" ဟုတ် ဟုတ်..."
အိမ်ကြီးရှင်ရဲ့ဒေါသတွေသူ့ဆီကိုပုံမကြခင်အေးဘုံတစ်ယောက်တွေ့ကရာရော်ဘာဖိနပ်ကိုစွပ်ပြီးခပ်သုပ်သုပ်ထွက်ပြေးလာရတော့သည်။
လမ်းမတန်းကိုရောက်လာတာနဲ့တဖက်ရပ်ကွက်ထိပ်မှာအိမ်ကအစ်မတစ်ယောက်က၅၀သားဆီ၂ဘူးကိုတဖက်ဆီလက်မှာကိုင်ပြီး၊တွေ့ကရာလူနဲ့အာလူးဖုတ်နေတော့သည်။
အမလေး သူ့လင်ကအိမ်မှာပေါက်ကွဲတော့မှာကိုသူကတော့..
" အစ်မ...အစ်မရေ..."
" ဟေ ဟဲ့ ဒီအေးဘုံ ဘာလို့အပြင်ထွက်လာတာလဲ ငါအိမ်စောင့်ခိုင်းခဲ့တာကို.."
" လာအုံး...လာအုံး...အရေးကြီးတယ်"

အေးဘုံလက်ယက်ခေါ်သဖြင့်လမ်းတဖက်ကိုကူးလာပြီးမှ..
" ဘာတုန်း.."
" ကိုကြီးပြန်ရောက်နေပြီ.."
ဟေ.....
" အစ်မကိုလည်းမြင်သွားတယ်.."
" ဟယ် နင်ပြောလိုက်သေးလား.."
" ဟာ သူဖာသာသူမြင်တာပါဆို..
ဟိုမှာစိတ်တိုနေတယ် အမြန်လာ..."
"အေး အေး ရော့ ဒါနင်ယူထား
သူမမြင်အောင်ခြံထဲမှာဖွက်ထားခဲ့..."

အစ်မတစ်ယောက်ကော့တော့တော့နဲ့ရှေ့ကနေ၀င်သွားပြီး..
" ဟယ် ယောကျာ်းပြန်ရောက်နေပြီလား.."

ဟိုကခါးထောက်ရပ်ပြီးသုန်မှုန်နေကာ..
" မင်း ဘယ်သွားနေတာလဲ..."
" ဟိုဘက်လမ်းထဲကိုခဏသွားတာ.."
" အိမ်ကိုဒီအတိုင်းထားခဲ့လို့မရဘူးဆိုတာမင်းမသိဘူးလား..."
" သိတာပေါ့ ယောက်ျားရယ် အဝေးကြီးလည်းမဟုတ်ပါဘူး ဒီနားတင်မို့ ..."
" ဘာသွားလုပ်တာလဲ..."
" ဟော် မေ့နေလိုက်တာ မီးဖိုချောင်ထဲမှာရှင့်အတွက်ဆိပ်သားနှပ်ထားတာ ရနေလောက်ပြီ..."

ချစ်၍ရွာသောမိုးတွေ☔Where stories live. Discover now