You're my destiny
By Snow_H_1991
52.8K 3K 92
** အူတူတူပုံလေးနဲ့ အိမ်ပြေးလေး xiao zhanကို Yibo ချစ်မိသွားရာမှ yibo အတွက် မမြင်ရတဲ့ ကံကြမ္မာက ဘာဆက်ဖြစ်မလဲ *... More
Part - 1
Part - 2
Part- 3
Part - 4
Part - 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Sorry
Part 18
Part 19
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
part 29
part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 20
1K 68 3
By Snow_H_1991
Unicode
"ရေှာင်ကျန့်!!!.."
"ရိပေါ်...ဒီမှာစကားပြောနေတယ်လေ....ဘယ်လိုဖြစ်နေတာလဲ..... "
"ပြောစရာရှိတာနောက်မှပြော....ကျန်းချန်!!...ငါတို့သွားနှင့်ပြီ...."
ပြောပြောဆိုဆို မိမိလက်ကိုအတင်းဆွဲပြီးထွက်သွားတဲ့ ရိပေါ်ကို ကျန်းချန်တို့က မနိုင်ဆိုတဲ့ ပုံစံနဲ့ပဲ ကြည့်နေရရှာတယ်....
မိမိလက်ကိုအတင်းဆွဲပြီးထွက်လာတဲ့ ရိပေါ်ရဲ့ခြေလှမ်းတွေက စာကြည့်တိုက် အနောက်ဘက်ခြမ်းဆီကို
အာ့ဘက်က လူနည်းနည်းပါးတဲ့အတွက် တော်ရုံဆိုရှောင်ကျန့် အိုက်ဖက်အပိုင်းကို ယောင်လို့တောင်မလှည့်.....ပွင့်ပွင့်လင်းလင်းပြောကြေးဆို ကြောက်လို့....
အခုရိပေါ်က ဘာလုပ်မို့ဒီဘက်ကို လာနေရတာလဲ.....
"ရိပေါ်...."
"....."
"ရိပေါ်!!....ငါခေါ်နေတာ ထူးအုံးလေ....ရိပေါ်!!....."
ကိုယ်တွေပြောနေတုန်းကို ရုတ်တရက်နောက်လှည့်လာတဲ့ ရိပေါ်ကြောင့် မိမိမှာ သူ့ရင်ခွင်ထဲ ဝင်တိုးမိသည်....ဘုရားဘုရား  ကယ်တော်မူပါ....
ရှက်ရှက်နဲ့ နောက်ပြန်ဆုတ်တော့ ကိုယ်တော်ချောက အလိုမကျတဲ့မျက်နှာနဲ့....ဘာတုန်းဟ...ဒီကောင်တော့....
"ရေှာင်ကျန့်!!..."
"ဘာတုန်း..."
"ငါမင်းကို ပြောမို့... သေချာနားထောင်..."
"ပြောလေ...."
"ငါ မင်းကိုချစ်တယ် ရှောင်ကျန့်.... "
"မင်းးး!!..မင်း အာ့ကြီးကို ထပ်ပြောပြန်ပြီလား...."
"မင်း ငါ့ကောင်လေးအဖြစ်နေပေးပါ ရှောင်ကျန့်.... "
"......"
"ငါမင်းကို ချစ်တယ်....မြတ်နိုးတယ်....မဟုတ်ဘူး... တန်ဖိုးထားတယ်....ရှောင်ကျန့်!!...ငါ့ကိုမငြင်းပါနဲ့နော်...."
ပြောရင်းနဲ့ သူ့ကိုဆွဲဖက်လိုက်တဲ့ ရိပေါ်ကြောင့် ရှောင်ကျန့်ခမျာကြောင်အန်းအန်းနဲ့ ရင်ခွင်ထဲရောက်သွားရပြန်တယ်.....
သူရုန်းပေမယ့် ရိပေါ်အားကိုမနိုင်....ဟိုကလည်း လွှတ်မပေးလေတော့...မိမိရဲ့မေးဖျားကိုဆွဲပြီး အပေါ်ကိုဆွဲမော့စေလိုက်တာကြောင့် သူဘာလုပ်မယ်ဆိုတာ ရှောင်ကျန့်သိလိုက်ပြီ....
ဉီးတည်ရာက သူ့နှုတ်ခမ်းတွေဆီဆိုတာကို ရှောင်ကျန့်သိသည်...သို့သော် ရုန်းချင်သော်လည်း ရုန်းလို့မရသည့်အခြေအနေ....
တဖြည်းဖြည်းနဲ့ မိမိရဲ့မျက်နှာနားကပ်လာပြီဖြစ်တဲ့ ရိပေါ်...မိမိနှုတ်ခမ်းနဲ့ တစ်လက်မအလို....တစ်လက်မရဲ့ တစ်ဝက် အလို....အာမေရေ....
babyရှက်တူတူတူ baby ရှက်တူတူတူ!!!!
မာမား!!...ဘုရားရေ..အာ!! ကျစ်...ဖုန်း...ဖုန်းလာနေတာပဲ....
ဒီလောက်အစောကြီးရှိသေးတာက ဘယ်ကဖုန်းလဲကွာ.....
"ဟဲဲလို...!!.."
"ဟဲ့ ငကျန့်...ငါနင့်အမေ...."
"ဟမ်!!.."
"ငါ....နင့်မားမား...."
"ဇီ...ဇီယီ...."
"အမလေးမှတ်မိသေးလို့ တော်သေးတာပေါ့....အေးဟုတ်တယ် ငါငါ...."
"ဘာလဲဟာ.... ဘာကိစ္စရှိလို့ အစောကြီးလာဆက်နေတာတုန်းဟ....."
"သြော်!..အေးအေး အာ့မှာစောနေလိုက်....ငါခေါ်နေတာ ဘယ်နှစ်callsမှန်းကို မသိတော့ဘူး..တော်တော်အိပ်မက်တွေကောင်းနေလို့ အခုမှထကိုင်တာလား...ဟမ်!!!...."
"နင်ခေါ်တဲ့အချိန်ကိုလည်း ကြည့်အုံးလေ....မိုးတောင်မလင်းသေးဘူး...."
အာ့ထက် ခုနကဟာတွေ...အိပ်မက်...ဟုတ်တယ်....ခုနကဟာတွေက အိပ်မက်တွေ....ရိပေါ် ရိပေါ်...မင်းးးး မင်းတော့လားကွာ.....
​ေတာ်သေးတယ် ဖုန်းလေးကယ်ပေလို့ မဟုတ်ရင်တော့ ငါလေးရဲ့အဖြစ်က...အိပ်မက်ဆိုပေမယ်လို့ အမလေး!! တွေးရင်းနဲ့တောင် ကြက်သီးတွေထတယ်....
"ဟဲ့ ငကျန့်!!! ငါပြောတာကြားလား...ရော်....ဟဲ့.."
"ကြားတယ်အမေရဲ့ ကြားတယ်..."
"ကြားရင်လည်း စောစောစီးစီးပြန်ထူးပါလားဟဲ့...."
"နားငြီးတယ်ဟာ.... ပြော...လိုရင်းကို"
"ငါမနက်ဖြန် နင်တို့နယ်ဖက်ကိုလာမလို့ ငါ့ကို ကားဂိတ်မှာလာကြို....."
"ဟာ!!...နင်ကဘာလာလုပ်မှာတုန်း....မလာနဲ့....ရှုပ်ရှုပ်ရှပ်ရှပ်...."
"အောင်မာ....လာတယ်ဟယ်....လာတော့ဘာဖြစ်လည်း.... အေး..ငါပြောပြီးနော်....ငါနက်ဖန်လာမယ် ဒါပဲ...."
"ဟဲ့ နင်က ဘယ်အချိန်လာမှာလဲပြောအုံးလေ....ငါ့ကို အချိန်မပြောပဲနဲ့..."
"အဲ့တာက ငါရောက်ခါနီးရင် ဖုန်းဆက်လိုက်မယ်....ဒါပဲဒါပဲ...."
တစ်ဖက်ကပြန်ပြောချိန်ကို​တောင် မပေးပဲ ဖုန်းချသွားတဲ့ ဇီယီမကို ဒေါသထွက်ပေမယ့်လည်း သူ့ဖုန်း​​​ေလးက ကယ်တင်ရှင်လေးမို့ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါမယ်လေ...
.
***ဇီယီ!!..ဇီယီ....နင်ဒီတစ်ခါလာတာပြဿနာလာရှာတာတော့ မဟုတ်ဘူးမလား....***
*******************************
Babyရှက်တူတူတူBabyရှက်တူတူတူ!!!!
အယ်!!ဇီယီပဲ...
"Hel...."
"ဟဲ့ ငကျန့်!! နင်ငါခေါ်နေတာ ဘယ်နှစ်ခါမှန်းကို မသိတော့ဘူး...ဒီတစ်ခါမှ နင်မကိုင်ရင် ငါကနင်သေပြီလို့ အန်တီတို့ကို လှမ်းပြောတော့မလို့...."
helloလေးတောင် ဖြောင့်အောင်မပြောရသေးဘူး ပြောလိုက်တဲ့ မယ်မင်းကြီးမရဲ့ ပါးစပ်....မမောဘူးလားမသိဘူး...ငါ့နဲ့နော်..
အမေရယ် ကိုင်မိတာတောင် မှားပြီထင်တယ်....သူ့ဘာသာသူလွှတ်ထားလိုက်ရင်တောင်ကောင်းသား.... ငါကိုက လျှာရှည်တာ.......
"ဟဲ့ ငါပြောတာကြားလားလို့....."
"ဟာ!!...အဲ့ကနေ စွတ်စွတ်ပြောမနေနဲ့ ငါကအားနေတာမဟုတ်ဘူး....အလုပ်နဲ့ဟဲ့.....အလုပ်နဲ့....ခုနက အလုပ်လုပ်နေတာမို့ ဖုန်းလာတာမသိလိုက်တာ...."
"အာ့တွေ ငါ့ကိုရှင်းပြမနေနဲ့.... ငါ နောက် 10 မိနစ်လောက်ဆိုရောက်ပြီ....အာ့တာလှမ်းပြောတာ....."
"ပြီးတာပဲ...ငါလာခေါ်မယ်...ဒါဆို....တီ!!!.."
အိုက်!! အင်း!!...အဲ့ဇီယီမက ပြောတာကို ဘယ်တော့မှ ပြီးအောင်နားမထောင်ဘူး ....နောက်မှ ငါပြန်လုပ်ပြမယ်....
ဟင်းးးး...စိတ်လျော့ ရှောင်ကျန့်...စိတ်လျော့စိတ်လျော့......
"ဉီးလေး....."
"သားကျန့် ပြောလေ...ဘာဖြစ်လို့လဲ.... "
"ဟိုဟာလေ ကျွန်တော်မနက်က ဉီးလေးကိုပြောထားတဲ့ဟာလေ အခုသူကလာခေါ်တော့တဲ့....."
"ဟတ်လား.....အာ့ဆိုလည်း သားသွားချည်လေ....ဆိုင်မှာ ​ဖေးဖေးတို့လည်း ရှိတာပဲကို....စိတ်ချလက်ချသာသွား....."
"ဟုတ်...ဉီးလေး...ဟုတ်....အာ့ဆို ကျွန်တော်သွားပြီနော်.....အဲ မနက်ဖြန်အတွက်ဉီးလေးကို တစ်ခါတည်း ခွင့်တိုင်ထားတယ်နော်...."
"အေးပါ သားကျန့်ရာ....ဉီးမှတ်မိပါတယ်ကွ....သွား...သွား...သွားးး......"
ရှောင်ကျန့် taxiကားပေါ်ရောက်မှ
အဲ ဟုတ်သားပဲ....ငါ့ကို ရိပေါ်က ညလာကြိုနေရင်ဘယ်နဲ့လုပ်ရပါ့..ငါ့ကိုဒီနေ့လာမကြိုနဲ့ဆိုတာကို မမှာခဲ့မိလိုက်ဘူး....အော် ဉီးနှောက်ကလည်း ဖုန်းဆက်လိုက်ရင် ရနေတာကို.....
ဖုန်းနဲ့ပဲ ပြောလိုက်တော့မယ်..... ရှောင်ကျန့်သူ့​ဖုန်း screen ပေါ်က ရိပေါ်ဖုန်းနံပါတ်ဆီသို့......
******************************
တီတီ!!!!!!
"hello..."
"ရိရှင်းလား!!...."
တစ်ဖက်က ဘယ်သူမှန်းမသိတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ခပ်သြသြအသံ
"အခုပြောနေတာ ဘယ်သူ...."
"ဝမ်ရိပေါ်!!.."
"အော် ဝမ်ရိပေါ်!!! ဘာကိစ္စရှိလို့ ....."
"ငါ မင်းနဲ့ ပြောစရာရှိတယ်...3လမ်းထိပ်က black&white coffee ဆိုင်ကိုလာခဲ့...."
"Okလေ... ငါလာခဲ့မယ်...."
ပြောပြီး ဖုန်းတန်းချလိုက်သည်....ဒီတစ်ခါတော့ ကိုယ်ကြောထားမှ ဖြစ်မယ်....အိုက် သကောင့်သားလေးက ခုနကတည်းက လူကိုလာလာကြောနေတယ်.... ဟွန့်!!...
ရိပေါ်ရဲ့ ချိန်းဆိုမှုကြောင့် ရိရှင်းလည်း ထိုဆိုင်ရှိရာသို့ သွားလိုက်သည်....
*** သူဆိုင်ရွှေးတာတော့ တော်သားပဲ..***
ရိရှင်း သူ့ရှေ့ကဆိုင်ကိုကြည့်ရင်း ရိပေါ်ကို တစ်ချက်ချီးကျူးလိုက်သည်....
နေရာလေးလည်းကောင်းတဲ့အပြင် ဆိုင်လေးက သပ်သပ်ရပ်ရပ်လေးနဲ့ လူလည်း ရှင်းသည်...အဲတာပဲကောင်းသည်.... လူရှုပ်ရင် သူလည်း မျက်စိနောက်တတ်သောကြောင့်
ဆိုင်ထဲကိုဝင်လိုက်တော့ လူလည်း နည်းနည်းရှင်းနေတာနဲ့ မျက်စိကစားရင်း ရိပေါ်ဆိုတဲ့ သကောင့်သာလေးကို ရှာကြည့်လိုက်သည်....
အဲ့တစ်ယောက် ဘယ်နားရောက်နေတုန်းတော့မသိ သူရှာနေတာ တွေ့ကိုမတွေ့နိုင်ဘူး....ပတ်ဝန်းကျင်ကိုလည်း သေချာကြည့်နေပေမယ့် ရိပေါ်ပုံစံက ပေါ်မလာ....
ရှာနေရင်းနဲ့မှ ဟော!!...တွေ့ပါပြီ...ဟိုးးထောင့်နားမှာ ကျောပေးပြီးထိုင်နေတာကိုး....အာ့ကြောင့်ခုနကမတွေ့တာ
ဘယ်နဲ့ လင်းလင်းရှင်းရှင်းဒီနားလာမထိုင်ပဲ ဟိုးးးး ချောင်ထဲသွားထိုင်နေတယ်......တော်
တော်ချောင်ကြိုက်တယ်နဲ့တူတယ်....
ရိရှင်း ခပ်ရွှဲ့ရွှဲ့နဲ့အနားသွားပြီး မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ခါမှကို ​ြမင်လိုက်ရတဲ့ ရိပေါ်မျက်နှာကြောင့် ဖြတ်ရိုက်လိုက်ချင်စိတ်က တဖွားဖွား.....
ပုံစံကိုက မာဖီးယားဂိုဏ်းစတားလိုလိုဘာလိုလိုနဲ့ ဘယ်သူ့မှသောက်ဖက်မလုပ်၊ တစ်လောကလုံး သူ့လုပ်စာထိုင်စားနေရတယ်ဆိုတဲ့ မျက်နှာဘေးနဲ့ ခပ်တည်တည်ပဲ ထိုင်နေသည်လေ....
**ဟွန့်!!...ရုပ်ကိုက**
ရိပေါ်မျက်နှာကို ဖြတ်ရိုက်ချင်တာ ရိရှင်းတင်မဟုတ် ဒီက ဆိုင်ပိုင်ရှင်တောင်ပါသည်......
ဝင်လာတည်းကိုက မျက်နှာဘေးက ခပ်တင်းတင်းနဲ့ ဆိုင်လာထိုင်တာလား အကြွေးလာတောင်းတာလားက မသဲကွဲ ၊ လူလေးက ဖြူဖြူဖွေးဖွေးလေး ရုပ်က ကလေးရုပ်လေးနဲ့မှမလိုက် သောက်မြင်ကပ်ထားတာဆိုတာ....
ရိရှင်းလည်း အတွေးလက်စသတ်ရင်း ချောင်းတစ်ချက်ဟန့်လို့ စကားစလိုက်သည်
"မင်း ငါ့ဖုန်းနံပါတ်ကို ဘယ်လိုရတာလဲ...."
"သိစရာမလိုဘူး...."
"မင်းးးး..."
ဒီကောင်စကားကို ဘုကလန့်နဲ့....ငါနော်...
"ငါ့နာမည်က ရိပေါ်...third year... math major က...."
"ငါ့နာမည်က ရိရှင်း... fourth.... "
"Fourth year....english major ကမလား...သိပြီးပြီ....ပြောမနေနဲ့တော့....."
ကျစ်!!..ဒီကောင် လူမှုရေး တော်တော် နားမလည်တာပဲ....ငါ.....အိမ်း....ရိရှင်း စိတ်လျော့စိတ်လျော့....သူကမင်းထက်အငယ်နော်...မင်းထက်အငယ်.....
သိပြီးသားအကြောင်းအရာတွေ ပြောနေတော့ရော ဘာထူးမှာမလို့တုန်း အလကား လေကုန်အောင် လိုရင်းပဲ ပြောတော့မှာပေါ့....ရိရှင်း ငါကတော့ မင်းလို စိတ်ရှည်မနေဘူး.....
"အဟက်!!...မင်းက ငါ့အကြောင်းတွေ တော်တော်သိနေပါလား ငါတောင် ရှောင်ကျန့်ကို အဲ့လိုပြည့်ပြည့်စုံစုံလေး နှုတ်မဆက်ဖူးသေးဘူး...."
"နှုတ်ဆက်စရာလည်း မလိုပါဘူး..."
"ဝမ်ရိပေါ်!!!..."
"အော်မနေနဲ့....၊ စိတ်လေးဘာလေးလည်း ထိန်းအုံး.... ပတ်ဝန်းကျင်နဲ့....."
အော်....အရူးက တစ်မူးသာတယ်ဆိုတာ ဒါကိုပြောတာပဲ ဖြစ်ရမယ်....အိမ်း ဒေါသတွေ မြိုချ... မြိုချ....ရိရှင်း ရိရှင်း....မြိုချထားအုံး....
"ပြော....မင်းဘာကိစ္စ ငါ့ကိုချိန်းတာလဲ....ဧကန်န ရှောင်ကျန့်ကြောင့်လား....."
"ဟုတ်တယ်....ခင်ဗျားသူနဲ့ ဝေးဝေးနေ...."
"ဟာ့...မင်းက ငါ့ကို အမိန့်လာပေးနေတာလား...."
"အမိန့်ပေးနေတာမဟုတ်ဘူး သတိပေးနေတာ...."
"sorryပဲ သူများသတိပေးတိုင်း ကြောက်တတ်တဲ့ အမျိုးအစားထဲမှာငါမပါဘူး...."
"သိပြီးသားပါ....ခင်ဗျားကို လျော့တွက်လို့မရဘူးဆိုတာကို....."
"Thank you...."
" ဒီပွဲမှာ ငါကတော့ လုံးဝအလျော့ပေးမှာမဟုတ်ဖူးဆိုတာ မင်းသိထား...."
"စိတ်လျော့ပါအုံး ရိပေါ်ရယ်...မင်းနဲ့လည်း ငါ့ကို မင်းတွေကော ခင်ဗျားတွေကောနဲ့ ခေါ်ချင်တိုင်းကိုခေါ်နေတော့တာပဲ.... မင်းဆိုလည်း မင်း....ခင်ဗျားဆိုလည်း ခင်ဗျားပေါ့...တစ်ခုတည်း ပြောစမ်းပါ....ငါနားကြားရတာ တစ်မျိုးဖြစ်နေလို့....."
"ခင်ဗျား လာနောက်မနေနဲ့...."
"ငါမနောက်ပါဘူး...အတည်ပြောနေတာ....အာ့ထက် ငါလည်း အလျော့ပေးမှာမဟုတ်ဘူးဆိုတာ မင်းသိထား....
မင်းလည်း ရှောင်ကျန့်ကို ပိုင်ဆိုင်ချင်သလို ငါလည်း ပိုင်ဆိုင်ချင်တယ်.... အဲတော့ မင်းလည်း မင်းနည်းမင်းဟန်နဲ့  ငါလည်းငါ့နည်းငါ့ဟန်နဲ့ ကြိုးစားရမှာပဲလေ ရလဒ်ကတော့ ရှောင်ကျန့်ပေါ်မှာပဲ မူတည်တယ်....မင်းကိုရွှေးမလား ငါ့ကို​ေရ​ွှးမလားဆိုတာ...."
"ရတယ်လေ မျှမျှတတပေါ့....ကလိန်ကကျစ်နည်းတွေထုတ်သုံးရင်တော့ ခင်ဗျားမလွယ်ဘူးမှတ်!!...."
"ရိပေါ်...ငါအာ့လို မယုတ်မာဘူး လိုချင်တာကို ရအောင်ယူတတ်တာမှန်ပေမယ့် ယုတ်မာတဲ့ နည်းလမ်းနဲ့ ရအောင်ဘယ်တော့မှ မကြိုးစားဘူးကွ...."
"အာ့ဆိုလည်း ပြီးတာပဲလေ....ငါပြောချင်တာကလည်း အဲတာပါပဲ...."
ထသွားဖို့ပြင်နေတဲ့ ရိပေါ်ကို ရိရှင်းက
"ရိပေါ်!!! ငါတို့ ကြုံတုန်းလေး ကစားနည်းလေးတစ်ခုလောက်ဆော့သွားအုံးမလား...."
ဟွန့်!!...ငါ့ကိုစိန်ခေါ်တာလား ရိရှင်း....
"ရတယ်လေ....ဆော့တာပေါ့....ဘာကစားနည်းလဲ...."
ရိပေါ်တို့ ရိရှင်းတို့ အချစ်အတွက်တိုက်ပွဲ ဖြစ်နေကြတာကို ဘေးဝိုင်းတွေမှာရှိတဲ့ လူတွေ စားပွဲထိုးလေးတွေက မသိမသာလေးနားစွင့်နေကြတုန်း ကစားပွဲဆော့မယ်တဲဲ့ကစားပွဲ
"ဝါးးး ငါတို့တော့ အမိုက်စားတွေနဲ့ တွေ့နေပြီဟေ့...."
"ဟုတ်ပါ့ ကမရယ်....ငါတော့ ဟိုတစ်ယောက်ကို တော်တော်အားကျတာပဲဟာ...."
စိတ်ဝင်စားစွာ စောင့်ဆိုင်းနေကြတဲ့ ပတ်ဝန်းကျင်က သူတို့ဘာကစားနည်း ကစားမယ်ဆိုတာ သေချာမကြားမိလိုက်တော့ ဆော့မယ်အချိန်ကို ရင်တမမနဲ့သာ မသိမသာမျှော်နေကြရှာတယ်
"ဟဲ့ဟဲ့ဟဲ့ ဟိုမှာ လုပ်တော့မယ်နဲ့တူတယ်...."
ရိရှင်းနဲ့ရိပေါ်မှာတော့ သူတို့ကို ဟိုလူတွေ မသိမသာအကဲခတ်နေကြတာကို သတိမထားမိကြသေး ကိုယ့်အပူနဲ့ကိုယ်သာ
"ရိပေါ် ငါတို့ ခုနက ပြောတာပဲဆော့မယ်နော်....မင်း ready ပဲလား...."
"Readyပဲ...."
"1....."
"2...."
ရင်ခုန်စွာနဲ့ ခိုးနားစွင့်နေတဲ့ လူအများအပြားကလည်း ရိရှင်းရွတ်နေတဲ့ ကိန်းဂဏန်းကို  ရင်ခုန်စွာ လိုက်ရွတ်နေမိကြသည်
"3....."
"စံုစွံစွိ..."
ဟမ်!!!....
ဘာ!! စံုစွံစွိ ဟတ်လား....
ပုံစံကြည့်တော့ cool guy ပုံစံကြီးတွေနဲ့ တကယ်ချတော့ စုံစွံစွိတဲ့....ငါ့နယ်ဒါမျိုးကို ဒီတစ်ခါပဲ ကြုံဖူးသေးပါတယ်အေ...
သူတို့ရဲ့ အချစ်တိုက်ပွဲကြီးကို ငါတို့ကတော့ တအားတွေမျှော်လင့် တအားတွေ အားကျနေမိပါတယ်.....အခုတော့ ဟိုတစ်ယောက်ကိုတောင် သနားလိုက်တာဟယ်.....ကျွတ်ကျွတ်....
"ဟဟဟ!!...ငါနိုင်တယ်....မင်းရှင်းလိုက်တော့....."
စစ်မြေပြင်မှာ စစ်အောင်နိုင်သူကြီးတစ်ယောက်လို မြောက်ကြွမြောက်ကြွနဲ့ ရိပေါ်တစ်ယောက် မိမိကိုယ်ကို ဂုဏ်ယူလို့မဆုံး....
ဟုတ်တယ်လေ ဂုဏ်ယူရမှာပေါ့....သူ့ကိုနိုင်တာကို ဝမ်းမသာလို့ ငိုနေရမှာလား.... အံ့ဘ ဒီပွဲက သူစိန်ခေါ်တာလေ ကိုယ်တေက အပြတ်အသက်နဲ့ကိုနိုင်တာ သုံးပွဲနော် သုံးပွဲစလုံးကို အပီနိုင်တာ....ဟားးး....
ရိရှင်းမှာလည်း ကိုယ့်စကားနဲ့ကိုဆိုတော့ စားထားတဲ့ဝိုင်းကို မျက်နှာပျက်ပျက်နဲ့သာ ရှင်းလိုက်ရသည်....
ထိုစဉ်.....
ဒူဒူ!!!!
ဟင်...ရှောင်ကျန့်...
"Hello..ရှောင်ကျန့်..."
"အာ ရိပေါ်လား.... အေး မင်းငါ့ကို ဒီနေ့ လာကြိုမနေနဲ့နော်....ငါအခုကားဂိတ်ကိုသွားနေတာ...."
"မင်းက ကားဂိတ်ကို ဘာသွားလုပ်တာတုန်း...."
"ငါ....."
ရှောင်ကျန့်ပြောနေတုန်း အနားကဖြတ်သွားတဲ့ ကားရဲ့ဟွန်းသံကြောင့်.....
ဟာ!!...ကျစ်..."ရေှာင်ကျန့်.... ဘာ..."
"ရိပေါ်...ငါ...အဲ ဟိုမှာလာနေပြီ.... ဒါပဲနော်....."
ဟာကွာ ဟိုကားကြောင့်....ငါ့ကို ရှောင်ကျန့်ဘာပြောသွားမှန်းကို မသိလိုက်ဘူး....ရှောင်ကျန့်ကလည်း ဘယ်သူ့ကို သွားကြိုတာပါလိမ့်....
အော် ဝမ်ရိပေါ်ရယ်...မင်းကိစ္စနဲ့လည်းနော်...သိချင်ချင် လိုက်သွားကြည့်ရုံပဲဟာကို....မင်းယောက္ခမလောင်းကြီးတွေလည်း ဖြစ်ရင်ဖြစ်နိုင်တာဟာ
ဟီးဟီးးးး....ငါလိုက်သွားကြည့်လိုက်ပါမယ်.....
ရိပေါ်တစ်ယောက်ကတော့ သူ့အတွေးနဲ့သူ ပီတိတွေဖျာရင်း ရှောင်ကျန့်နောက် လိုက်သွားလေရဲ့....
***ရေှာင်ကျန့်ရေ ကိုယ်လာပြီနော်....***
*******************************
Zawgyi
"ရှောင်ကျန့်!!!.."
"ရိပေါ်...."
"....."
"ရှောင်ကျန့်!!..."
"ဘာတုန်း..."
"ပြောလေ...."
"......"
"ဟဲလို...!!.."
"ဟဲ့ ငကျန့်...ငါနင့်အမေ...."
"ဟမ်!!.."
"ငါ....နင့်မားမား...."
"ဇီ...ဇီယီ...."
တော်သေးတယ် ဖုန်းလေးကယ်ပေလို့ မဟုတ်ရင်တော့ ငါလေးရဲ့အဖြစ်က...အိပ်မက်ဆိုပေမယ်လို့ အမလေး!! တွေးရင်းနဲ့တောင် ကြက်သီးတွေထတယ်....
တစ်ဖက်ကပြန်ပြောချိန်ကို​တောင် မပေးပဲ ဖုန်းချသွားတဲ့ ဇီယီမကို ဒေါသထွက်ပေမယ့်လည်း သူ့ဖုန်း​​​လေးက ကယ်တင်ရှင်လေးမို့ ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါမယ်လေ...
.
*******************************
အယ်!!ဇီယီပဲ...
"Hel...."
"ဉီးလေး....."
******************************
တီတီ!!!!!!
"hello..."
"ရိရှင်းလား!!...."
"အခုပြောနေတာ ဘယ်သူ...."
"ဝမ်ရိပေါ်!!.."
"Okလေ... ငါလာခဲ့မယ်...."
ရိရှင်း ခပ်ရွှဲ့ရွှဲ့နဲ့အနားသွားပြီး မျက်နှာချင်းဆိုင် ဝင်ထိုင်လိုက်ခါမှကို ​မြင်လိုက်ရတဲ့ ရိပေါ်မျက်နှာကြောင့် ဖြတ်ရိုက်လိုက်ချင်စိတ်က တဖွားဖွား.....
**ဟွန့်!!...ရုပ်ကိုက**
"သိစရာမလိုဘူး...."
"မင်းးးး..."
"ဝမ်ရိပေါ်!!!..."
"Thank you...."
မင်းလည်း ရှောင်ကျန့်ကို ပိုင်ဆိုင်ချင်သလို ငါလည်း ပိုင်ဆိုင်ချင်တယ်.... အဲတော့ မင်းလည်း မင်းနည်းမင်းဟန်နဲ့  ငါလည်းငါ့နည်းငါ့ဟန်နဲ့ ကြိုးစားရမှာပဲလေ ရလဒ်ကတော့ ရှောင်ကျန့်ပေါ်မှာပဲ မူတည်တယ်....မင်းကိုရွှေးမလား ငါ့ကို​ရွှေးမလားဆိုတာ...."
ရိပေါ်တို့ ရိရှင်းတို့ အချစ်အတွက်တိုက်ပွဲ ဖြစ်နေကြတာကို ဘေးဝိုင်းတွေမှာရှိတဲ့ လူတွေ စားပွဲထိုးလေးတွေက မသိမသာလေးနားစွင့်နေကြတုန်း ကစားပွဲဆော့မယ်တဲ့ကစားပွဲ
"Readyပဲ...."
"1....."
"2...."
"3....."
"စုံစွံစွိ..."
ဟမ်!!!....
ဘာ!! စုံစွံစွိ ဟတ်လား....
ထိုစဉ်.....
ဒူဒူ!!!!
ဟင်...ရှောင်ကျန့်...
"Hello..ရှောင်ကျန့်..."
"ငါ....."
ဟာ!!...ကျစ်..."ရှောင်ကျန့်.... ဘာ..."
***ရှောင်ကျန့်ရေ ကိုယ်လာပြီနော်....***
Continue Reading
You'll Also Like
255K 7.1K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
1.2M 63.9K 50
470K 11.3K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
881K 59.3K 32
ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် ချစ်ခြင်းတွေက မောင်တစ်ယောက်တည်းအတွက်ရာသက်ပန် (22.11.2020)