You're my destiny

Od Snow_H_1991

52.8K 3K 92

** အူတူတူပုံလေးနဲ့ အိမ်ပြေးလေး xiao zhanကို Yibo ချစ်မိသွားရာမှ yibo အတွက် မမြင်ရတဲ့ ကံကြမ္မာက ဘာဆက်ဖြစ်မလဲ *... Více

Part - 1
Part - 2
Part- 3
Part - 4
Part - 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Sorry
Part 18
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
part 29
part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44

Part 19

950 63 1
Od Snow_H_1991

Unicode

"ဟေ့ရောင် တိုးတိုးလုပ်လေ...."

"ဟ!...ငါလည်း ဖြည်းဖြည်းလေးဖွင့်နေတာပဲလေ....သူ့ဘာသာသူ အသံထွက်....."

"ဟာ....တိုးတိုးပြောစမ်းပါ....ဟိုမှာကြားကုန်တော့မှာပဲ....."

အိုက် သကောင့်သားလေးကျန်းချန်နဲ့လဲ ခိုးစားရင် မိလို့အသတ်ခံနေရလောက်ပြီ....ဘယ့်နဲ့ တိုးတိုးလုပ်ပါဆိုတာကို တံခါးကတော့ ထားပါတော့ ဒင်းအသံကြီးကိုက ပြဲလန်နေတာ....ဟိုဟာတွေသတိမထားမိအောင် လုပ်ပါတယ်ဆို...

"မင်းဖယ်တော့.... ဖယ်!!.....ငါလုပ်မယ်....."

"လုပ်လုပ်လုပ်....မင်းဘာသာမင်းပဲ လုပ်တော့....."

"ကျွီ!!!....."

"အင်!!!...."

"ယွီပင်း!!...ဘာတွေ့လို့တုန်း...မင့်ဟာကလည်းကွာ ငါကြည့်....ဟမ်!!...."

What!!....သောက်ကျိုးနည်းပဲ....ငါ့မှာတော့ ဒင်းတို့တွေ ကြည်နူးတစ်တီတူး နေလောက်ပြီထင်ထားတာ....အခုငါကျောင်းကနေ drama ရိုက်ပြီးလစ်လာရတာ ဒါတွေတွေ့ရဖို့တဲ့လား.....

ငါ့မှာဖြင့်ကျောင်းမှာ

"ဆရာမ သားဗိုက်တွေအောင့်နေတယ်...."

ရုပ်ရှင်ထဲမှာပါပါနေတဲ့ "ဆရာမ သားဗိုက် အောင့်အောင့်နေတယ်" ဆိုတာလေးနဲ့ လုပ်စားကြည့်တာ ၊ ဟဲ့...ငါ့ကိုသနားပြီး ပြန်တော့လို့ ပြောကောင်းပါရဲ့....

"အယ်!...သားမနက်ကတောင် ကောင်းပါတယ်....ဘာအစားမှားစားမိလို့လဲ သား...."
အော် ဆရာမရယ် စားထားတာသိမှတော့ ဆေးသောက်ပြီးနေပြီပေါ့လို့

"အဲတာတော့ သားလည်း မသိဘူး....အခုမှတော်တော်နာနေတာ....."

"အဲ...ဒါနဲ့ သားကျန်းချန်ကြီးရော...."

"သူ ဘယ်သွားလဲမသိပါဘူး ဆရာမရယ်....အာ့...."

"သား ရရဲ့လား..."

"ဒီနားက တော်တော်နာနေတယ်...."

ဗိုက်နာတာကိုတောင် မယုံချင်တဲ့ ဆရာမကို ယုံများသွားမလားလို့ လက်တစ်ဖက်ကို ဗိုက်ပေါ်တင်ထားပြီး နောက်တစ်ဖက်က မသိမသာပေါင်ရင်းနားလောက်ကို ခပ်ပြင်းပြင်းလေး ဆွဲလိမ်လိုက်တာ.....

အမလေး အိုမားရေ....နာလိုက်တာ...နာထားတာဆိုတာ မျက်ရည်တောင် ဘူးသီးလုံးလောက်ကျသည် ......မျက်ရည်လေးတွေမြင်ပြီး သနားများသနားသွားမလားလို့....

ကဲ...ဉုံ...မျက်ရည်လေးမြင်ပြီး သနားသွားစေ....

"အေးအေး သားရယ် တော်တော်နာနေရင်လည်း ဆရာမဆေးခန်းလိုက်ပို့ပေးမယ်လေ...ပြီးတော့ အဆောင်ပြန်ပြီး နားနေလိုက်ပေါ့....."

ဟိုက်!!...ဆေးခန်းသွားရင် ငါလုပ်တာတွေ ပေါ်ကုန်မှာပေါ့....ဟိုသကောင့်သားလေးကျန်းချန်ကလည်း လိုအပ်ပြီဆိုရင် ဘယ်​သွားသဝေထိုးနေမှန်းကိုမသိဘူး....ငါနော်..

"အဲ ယွီပင်း...ဆ...ဆရာမ.."

"အေးကွယ်...ဒီမှာသားသူငယ်ချင်း ဗိုက်တွေအောင့်နေလို့တဲ့....အတော်ပဲ... သားသူ့ကိုဆေးခန်းလိုက်ပို့ပေးလိုက်...ပြီးတော့ အဆောင်ပြန်ပြီး နားခိုင်းလိုက်....သားလည်း ပြန်လာမနေနဲ့တော့ ဆရာမပြောပေးထားမယ် နော်...ဟုတ်ပြီလား......"

"ဟုတ်...ဆရာမ...ဟုတ်... "

"လာ ယွီပင်း.... "

"အင်း...."

ကျောင်းအပြင်ရောက်သော်....

"ယွီပင်း မင်းမသက်သာတာ ကျောင်းဆေးခန်းသွားပါမယ်ဆိုတာကို ဘာလို့အဆောင်ပဲ တန်းပြန်မှာတုန်း ငဒူရဲ့.."

"ကျစ်..မင်း...."

"လာ..လာ...ဖြေးဖြေး...ယွီပင်း.... ဖြေးဖြေး...."

ကျောင်းပေါက်ဝကထွက်လို့ လမ်းအပြင်ဘက် ဟိုဘက်ခြမ်းလမ်းကြားပဲတောင် ရောက်နေပြီပဲဟာ ဟန်ဆောင်မနေတော့ပါဘူး.....

"ရပြီ ရပြီ....အဲ့လောက်ဆိုရပြီ..... အမလေး မောထားတာ....ကန်တော့ကန်တော့ပါ ဆရာမရယ်....ကန်တော့ကန်တော့ပါ.....သားအမိုက်အမဲလေးကို ခွင့်လွှတ်ပေးပါ...ခွင့်လွှတ်ပေးပါ....."

"ဟမ်!!...."

ခုနတုန်းကတော့ သေမလိုအခွပ်နဲ့ မျက်ရည်တွေ ဘူးသီးလုံးလောက်ကျပြီးတော့ အခုကျ ခွင့်လွှတ်ပါ ခွင့်လွှတ်ပါနဲ့ ဉီးတွေကုန်းချနေတယ်....ဒီကောင် ဘာလားပဲ.....

"အိမ်း...ပြီးပြီ...ဟီးး...ကျန်းချန်....."

"မင်းခုနတုန်းက...."

"ခုနကလား.. ဟီး...ငါဟန်ဆောင်လိုက်တာလေကွာ....ဟိုကောင်တွေ ဘာဖြစ်နေတုန်းသိချင်တာနဲ့ ဂွင်ဆင်ကြည့်တာ.... ဟီးးး....အလုပ်ဖြစ်သွားတယ်ဟ....."

"ခေွးကောင်!! ငါ့မှာတော့ တကယ်များလားဆိုပြီး စိတ်တွေပူလိုက်ရတာ... သောက်ကျိုးနည်းပဲ...."

"စိတ်လျော့ပါ သူငယ်ချင်းရာ...စိတ်လျော့ပါ... စိတ်လျော့.... ငါလည်း မင်းအဲ့လောက်ထိ ယုံသွားမယ်လို့မှ မထင်တာ... ကြည့်ရတာ ငါသရုပ်ဆောင် ပါရမီထူးချွန်လွန်းသွားတာနေမှာ..."

"မင်းမေကြီးတော်ကို ထူးချွန်နေလိုက်...."

အာ့လိုတွေ dramaတွေခင်း​ပြီး ကျောင်းလစ်လာရတာလေ....

အခုတော့ ဟိုနှစ်ကောင်သားက ဘယ်တုန်းကတည်းက သေနေကြတာလဲလည်း မသိဘူး... အိပ်နေတာဆိုတာ နေမကောင်းတဲ့သူကို ပြုစုဖို့နေခဲ့တဲ့အကောင်က ကုတင်ပေါ်မှာ ပိုးလိုးပက်လက်တွေ ခြေကားယားလက်ကားယားနဲ့ သေနေတာဆိုတာ မြင်လို့တောင်မကောင်း၊ ပါးပေါ်မှာ သွားရည်စီးကြောင်းကြီးဆိုတာရယ် ထင်းလို့

ဟိုနေမ​ကောင်းဘူးဆိုတဲ့ အကောင်ကလည်း သူ့အကောင်ရဲ့ ကုတင်ဘေးကဆိုဖာပေါ်မှာအိပ်နေတယ်တဲ့ ၊ သူကလည်း ကာလနဂါးဝင်ပူးမနေရှာဘူး ၊ ဆိုဖာပေါ်မှာအိပ်နေတာလား ကြမ်းပြင်ပေါ်မှာအိပ်နေတာလားက မသဲကွဲ၊ ကိုယ်တစ်ပိုင်းနဲ့ ခြေထောက်တစ်ချောင်းက ကြမ်းပြင်ပေါ်မှာ သူ့နောက်ခြေတစ်ချောင်း ဆိုဖာပေါ်မှာ....ညင်ညင်သာသာလေး အိပ်နေရှာတာ...ညင်ညင်သာသာလေး....

အာ့ထက် ဟိုကောင်က ဘာလား ၊ သူ့ကိုကြိုက်နေတဲ့ကောင်ရဲ့ အခန်းထဲမှာ စိတ်ချလက်ချသေနေတာ ဟိုကလုပ်သွားတောင် ဒင်းကသိမှာမဟုတ်ဘူး ၊ ဒါမှမဟုတ် သူတို့....

အစကဒေါသထွက်ပေမယ့် တွေးကြည့်တော့ အဖြေက တစ်မျိုးရယ်....သေချာသိရအောင် လုပ်ကြည့်ရတာပေါ့....

"ရေှာင်ကျန့်ရေ....ရိပေါ်ရေ....."

သေနေတာတွေ ထကြစမ်း....

"အင်းးးး..."

တအင်းအင်း တအီးအီးနဲ့ မထချင်ထချင်နဲ့ ထလာကြတဲ့ ကြွက်စုတ်ရုပ်နဲ့ ဝမ်းမနာသားလေးနှစ်ကောင်

" အင်းးး....ယွီပင်းဘာကြီးတုန်း....အိပ်နေတာကို အသေအော်နေတာ...."

"ရေှာင်ကျန့်ရယ် ငါကမင်းများ လူနာကို တအားတွေပြုစုနေရလို့ အဆင်မှပြေရဲ့လားလို့ အမောတကောနဲ့ တံခါးဖွင့်ရင်း အော်ခေါ်မိတာ....မင်းအိပ်နေမှန်း ငါကဘယ်လိုလုပ်သိမလဲ...."

ယွီပင်းတို့တော့ ကျန်းချန်ကြီးရှေ့ထားပြီး ဂွင်ဆင်နေပြန်ပြီလေ....

"အာ့ထက် မင်းက မင်းအခန်းမင်းသွားမအိပ်ပဲ နေမကောင်းတဲ့သူ အခန်းထဲမှာ ဘာလို့အိပ်နေတာတုန်း....."

လာပြီလေ လာပြီ..... ပထမမေးခွန်းစလာပြီ....ဖြေကြစမ်း....

"အာ...အဲ့တာက... သူ...သူက ဟိုဟာ နေကောင်းသွားလို့ ငါ့ကိုခဏနားဆိုတာနဲ့ ခဏနားလိုက်တာ...အဲတာ... မထင်မှတ်ပဲ အိပ်ပျော်သွားတာ...."

"အော် အဲ့လိုကိုး...."

"ဒါနဲ့ အခုက ဘယ်နှစ်နာရီလဲ...."

ရိပေါ်နာရီမေးမှရှောင်ကျန့်လည်း သတိထားမိတယ်...နည်းနည်းလေးများစောနေသလားလို့......

နာရီကိုကြည့်မိတော့ မျက်လုံးတောင်ပြူးတယ်.... အခုမှ 3နာရီစွန်းစွန်းလေး...

"အခုမှ အစောကြီးရှိသေးတာကို မင်းတို့က ဘယ်လိုလုပ်....."

"ငါနေမကောင်းလို့ပြန်လာတာ....."

"အော်..."

"အာ့ထက် မင်းတို့ ဘာဖြစ်ကြသေးလဲ...."

"ဟမ်!...ဘာကိုဘာဖြစ်ရမှာလဲ...."

"မှုတ်ဖူးလေ ငါပြောချင်တာက ငါတို့မလာသေးခင်တုန်းက ရိပေါ်ရော အဖျားတွေဘာတွေတက်သေးလား စိုးရိမ်ရတာတွေများ ဖြစ်သွားသေးလား အဲ့တာမေးတာပါ...."

ဒါများရိုးရိုးမေး ပြီးနေတာကို..... ယွီပင်း......ယွီပင်း..... မင်းအကြံငါမသိဘူးများထင်နေလား.....

"ဘာမှတော့မဖြစ်သွားပါဘူး....အဆောင်ပြန်ရောက်တော့ သူ့ကို ခေါက်ဆွဲ​ပြုတ်ကျွေးပြီးဆေးသောက်ခိုင်းလိုက်တာ....ပြီးတော့နားနေလိုက်တယ်....အဲတာပါပဲ....ဘာမှထွေထွေထူးထူးရယ် မဖြစ်ပါဘူး..... "

"အဲ့လိုကိုး.... ဘာမှမဖြစ်ဖူးဆိုတော့ ငါတို့လည်း စိတ်သက်သာရာရတာပေါ့...."

အပြင်ပန်းကတော့ သက်သာနေပေမယ့် အတွင်းစိတ်ကတော့ သက်သာမနေဘူးဟေ့.... ဒီလောက်ဂွင်ကောင်းလုပ်ပေးထားတာကို ဘာမှတောင် မဖြစ်ကြဘူးတဲ့....

ရိပေါ်တို့များ "အ"ထားတာဆိုတာ.....
နောက်မှ ငါ့ကိုဒီလိုအခြေအနေလေး ဖန်တီးပေးကြပါအုံးဆိုရင် ငါဆဲပဲဆဲလွှတ်လိုက်မယ်.....ဒါပဲလို့.....

"အာ့ဆိုရင်လည်း ငါတို့သွားအုံးမယ်.... အော်...မေ့နေတာ...ရှောင်ကျန့်.... မင်းကိုအကိုရိရှင်းကို နေမကောင်းဘူးဆိုလို့ မင်းအတွက် မုန့်တွေပေးလိုက်သေးတယ်နော်...."

"ဟက်လား...ဘယ်မှာတုန်း..... "

"မင်းငါ့အခန်းထဲလာခဲ့.. အာ့ကျပေးမယ်....."

"လာမယ်...လာမယ်....ဟီးးးး"

ရိရှင်းဆိုတဲ့ အသံကြားတာနဲ့ကို ဒေါသကထွက်လာပါတယ်ဆို....ရှောင်ကျန့် သူ့အတွက်မုန့်ဆိုတာနဲ့ တော်တော်လေးကိုပျော်နေတယ်....ရိရှင်း...ရိရှင်းးးးမင်းနဲ့ငါနဲ့ တွေ့ကြသေးတာပေါ့

အကိုရိရှင်းလို့ နာမည်ကြားတာနဲ့တင် ရိပေါ်တို့ ရုပ်ကြီးမများပုပ်သိုးသွားလိုက်တာ နှုတ်ခမ်းကြီးဆို ရှေ့နှစ်တောင်လောက်တောင်ထော်နေတယ်

အေးအေး...အဲ့မှာအူတိုနေလိုက် ၊ ပြီးတော့် အဲ့နှုတ်ခမ်းကြီးထော်နေလိုက်....မင်းတို့အဲ့လိုတွေဖြစ်နေတာကို ငါကတစ်ဝကြီးကြည့်အုံးမှာ....

ယွီပင်းရဲ့အကိုရိရှင်းနဲ့တွေ့ခဲ့တယ်ဆိုတဲ့စကားကိုကြားတော့ ကျန်းချန်က အနားကပ်ပြီး မသိမသာလေးစကားပြောတယ်

"ဟေ့ရောင် ယွီပင်း ငါတို့ပြန်လာတုန်းကကော အသွားတုန်းကကော အဲ့အကိုနဲ့မတွေ့ပါဘူး....."

"ကျန်းချန်....မင်းတိတ်တိတ်နေ...."

မုန့်စားရမယ်မှတ်ပြီး ပျော်နေတဲ့ ရှောင်ကျန့်နဲ့ သဝန်တွေတိုပြီး ပေါက်ကွဲမလိုဖြစ်နေတဲ့ ရိပေါ်တို့ မင်းတို့အတွက် မျက်ရည်နှစ်စက်

ယွီပင်းတဲ့ တစ်ပင်းထဲရှိတယ်....စားလိုက်ကြစမ်း ငါ့ဂျင်းတွေကို....အဲ့မှာနင်ပြီးသေလိုက်ကြ....

"ရိပေါ်..... ငါသွားလိုက်အုံးမယ်နော်....ကျန်းမာရေးဂရုစိုက်အုံး....."

ရှောင်ကျန့် တို့များ မုန့်ပါလာတယ်ဆိုတော့ ရိပေါ်ကိုအမြန်နှုတ်ဆက်ပြီး ထပြန်လေသည်.....

"အင်းးး"

"လာ ယွီပင်း...."

ရှောင်ကျန့်တို့ အခန်းထဲကနေလည်း ထွက်သွားရော ရိပေါ်ခင်ဗျာ အူတွေပွနေရတယ်.....

ရိရှင်းဆိုတဲ့သူကြောင့် ဒေါသထွက်ရတာကတစ်မျိုး ၊ သူ့အိပ်မက်လေးကောင်းနေတုန်း လာဖျက်တဲ့ ယွီပင်းတို့ကိုဒေါသထွက်မိတာကတစ်မျိုးနဲ့ သူ့ခမျာယူကြုံးမရတွေကို ဖြစ်လို့....ကျွတ်ကျွတ်.......

အစကတော့ မုန့်စားရတော့မယ်ဆိုပြီးသာပျော်နေမိတာ အခန်းပြင်ရောက်တော့ ဒီကောင်တွေကို သိပ်ပြီး...ဘယ်လိုပြောရမလဲ.... တစ်မျိုးကြီးပဲ.....

"ယွီပင်း.... မင်းမုန့်က ပါကောပါလာလို့လား...."

"မပါဘူး..... "

"ဟမ်!!...မင်းပြောတော့ အကိုရိရှင်းက......."

"အဲတာ သောက်မြင်ကပ်လို့ ပြောတာ....."

"ဟေ့ရောင်!!...."

"ဘာမှဟေ့ရောင်မနေနဲ့....သေအောင်တွေအော်နေ....အခုမှ မင်းလင်အခန်းရှေ့ကျော်ကျော်လေးပဲရှိသေးတယ်.....ဟိုကကြားလို့ ထလာနေအုံးမယ်....လာ!!.."

သူတို့အခန်းထဲရောက်တော့ အယ်လဲ့ ကိုယ်တော်လေးတွေက လွယ်အိတ်တွေဘာတွေတောင် ဟန်ပါပါနဲ့ ကုတင်ပစ်တင်လို့.....ပြီးတော့ ကိုယ်တွေကိုလည်း ရုပ်တည်ကြီး​​ေတွနဲ့ စိုက်ကြည့်နေကြသေး.....

အံသြဘ.....ငါကဘာအမှားလုပ်ထားတာကြလို့ လာကြည့်နေကြတာဆိုတာ....

"ရေှာင်ကျန့်....ငါမင်းကိုမေးမယ်...."

စကားစလာသူကတော့ ကျန်းချန်ပင်....

"ဘာမေးမလို့တုန်း....."

"မင်းနဲ့ ရိပေါ်နဲ့က ဘာလဲ..... "

"ငါတို့က သူငယ်ချင်းတွေလေ...."

"အာ့ဆို မင်းက သူ့အပေါ် ဘာစိတ်မှမရှိဘူးပေါ့....."

အစကတည်းကပြောပြီးသားပဲလေ သူ့အပေါ်ကို သူငယ်ချင်းသံယောဇဉ်ပဲရှိတာလို့.... တခြားဘာစိတ်မှမရှိပါဘူးဆို....

"မင်းက ဘာလို့ အာ့တွေလာမေး​ေနတာလဲ...."

"မဟုတ်ပါဘူး ငါကသေချာချင်လို့ပါ....မင်းကသူ့အပေါ်စိတ်မရှိဘူးဆိုတော့လည်း ငါပြောစရာရှိတာပြောလို့ရတာပေါ့....."

"မင်းက ဘာပြောမို့လဲ...... "

"အော်....ဘာမှမဟုတ်ပါဘူး....ရိပေါ်ကို ကောင်မလေးတစ်ယောက်က သဘောကျနေတာလေ.... အဲ့တာငါ့ကိုပြောခိုင်းထားလို့...."

"ဘာ!!...."

"အစကတော့ မင်းများသူ့အပေါ်စိတ်ရှိလားဆိုပြီး ငါမပြောတာ အခုတော့ မင်းက သူ့ကိုစိတ်မဝင်စားမှတော့ ငါပြောပေးလိုက်တော့မယ်လေ....."

ဘုရားရေ....ဒါက ဘာစကားကြီးလဲ.... ငါကကော...ငါကကော ဘာလို့ဒီစကားကြီးကြားပြီး တုန်လှုပ်နေရတာလဲ.....
သူ့ကို ဘယ်သူက ဘာပြောပြော ငါနဲ့မှမဆိုင်တာကို.....အခုဟာက....ဘာကြီးတုန်းဟာ....

ရိပေါ်ကို တစ်ခြားတစ်ယောက်က ရည်းစားစကားပြောခိုင်းတယ်ဆိုတာနဲ့ကို ဖြစ်ပျက်နေတဲ့ ရှောင်ကျန့်ရဲ့ရုပ်

ဒါလား straight ဆိုတာ.....ဟဟပဲ ပေးလိုက်မယ်....ကွေး ကွေးတယ်ပေါ့..... ငါတို့ကိုများ လာမူနေတယ်....မူတော့သေလေ...စားစမ်း ဒီတစ်ခါက ငါ့ဂျင်းတွေ....အဲ့မှာ နင်​ေနလိုက်...

ရှောင်ကျန့် တစ်ယောက် အခုမှအပူမိသလိုကိုဖြစ်နေသည်....အစကတော့ တခြားဘာကိစ္စမှမရှိခဲ့တာမို့ ရိပေါ်အပေါ်ကို ဘာမှသိပ်ခံစားလို့မရ....အခုကတော့မတူ....

တစ်ခုခုကိုပဲ ဆုံးရှုံးရ​ေတာ့မှာလိုလိုနဲ့ ရင်ထဲမှာ ပူနေတယ်....ရှင်းရှင်းပြောရရင် ရေှာင်ကျန့်တို့က ကိုယ့်ကိုကိုယ်တောင် အခုထိ အဖြောင့်လား အကွေးလားဆိုတာတောင် သေချာသိတာမဟုတ်ဘူးရယ်

ဟုတ်လည်း...ဟုတ်တာပဲ....သူကငယ်ငယ်ထဲကနေ အခုခ​ျိန်ထိဘယ်သူ့အပေါ်မှာမှ အာ့လိုစိတ်မဖြစ်ခဲ့ဖူးဘူး...ပြောရရင် စိတ်မဝင်စားတာပေါ့......

သူစိတ်ဝင်စားတာက အစားအသောက်တွေရယ် ကစားကွင်းသွားရတာရယ်....ဂျပန်ကာတွန်း animae ကြည့်တာလောက်ရယ်.. အဲတာတွေပဲ သူစိတ်ဝင်စားတာလေ.....

သူ့အရပ်မှာနေတုန်းကဆို သူ့ငယ်သူငယ်ချင်း ကျိရန်နဲ့ အားနေ ကစားကွင်းပဲ သွားဆော့ကြတာ..အိမ်ပြန်ရောက်ရင်လည်း ဆော့လို့မောနေပြီဆိုပြီး ဇိမ်လေးနဲ့ animae ကြည့်တာ...အခုဒီရောက်တော့လည်း အဲလို ဟိုဟိုဒီဒီတွေ စိတ်မဝင်စားခဲ့ဘူး....

ဒါပေမယ့် ကောင်မလေးမြင်ရင်လည်း ချောတယ် လှတယ်လောက်တော့ သူ​ပြောတယ်....ဟိုလိုစိတ်နဲ့တော့မဟုတ်.....ဘာပဲပြောပြော သူကောင်မလေးတွေကိုတော့ ကြည့်တတ်တာပဲလေ အဲတော့ အဖြောင့်မှုတ်ဖူးလား.....

ရှောင်ကျန့်တစ်ယောက်အတွေးလွန်​ေနတုန်း ယွီပင်းက

"ရေှာင်ကျန့်....မင်းကိုငါမေးအုံးမယ်...မင်းရိပေါ်နဲ့ နှစ်ယောက်ထဲရှိတဲ့အချိန် စိတ်ထဲမှာ ဘယ်လိုနေလဲ... ဟိုလိုလေ ငါတို့ဆိုရင် ကိုယ့်ကို ကြိုက်နေတဲ့သူနဲ့ အဲ့လိုနှစ်ယောက်ထဲရှိနေရင် နည်းနည်းတော့ အနေရကျပ်တာပဲလေ...

ဒါပေမယ့် မင်းကျတော့ သူ့အခန်းထဲမှာတောင် စိတ်ချလက်ချအိပ်နေသေးတာလေ... မင်းနည်းနည်းလေးတောင် မကြောက်ဘူးလားလို့ပါ...."

ဟုတ်တယ် ယွ​ီပင်းပြောမှ အဲ့အကြောင်းတွေးမိတယ်...အစကတော့ သူနဲ့နှစ်ယောက်ထဲနေခဲ့ရတာဆိုတော့ စိတ်တော့သိပ်မလုံချင်...အနေရခက်တာတော့ခက်တယ်....ဒါပေမယ့်လည်း နောက်ပိုင်းအနေရမခက်အောင် စကားတွေရှာကြံပြောပြီးထဲက သူ့အပေါ်မှာလန့်တဲ့စိတ်မပြောနဲ့ ဘာစိတ်မှတောင်မထင်ဘူးရယ်

သေချာတာကတော့ ကျွန်တော်သူ့ကို ယုံကြည်လိုက်တာပဲ....ဟုတ်တယ်...ကျွန်တော်သူ့ကို ယုံလိုက်တယ်....ရိပေါ်ကဘယ်တော့မှ သူ့အပေါ်ကို မကောင်းကြံမှာမဟုတ်ဘူး....

ရှင်းရှင်းပြောရရင် အဲ့တုန်းက သူ့နားနေရတာ လုံခြုံမှုရှိတယ်လို့တောင် ခံစားမိတယ်....အဲတာကြောင့်လည်း သူ့အိပ်ယာပေါ်မှာအိပ်နေတာတောင် စိတ်ဖြောင့်နိုင်တာပေါ့....

ဟာကွာ!!...ငါ့နဲ့နော် ပေါ်လာသမျှအတွေးတွေ အကုန်လုံးကလည်း ငါ့ကိုကွေးနေမှန်း မသိသိအောင် လုပ်နေကြလေသလား....အဖြောင့်ဘက်ပြန်ရောက်မယ့်အတွေးလေးဘာလေးပေါ်လာလေကွာ....

အပူသည်ကြီးလို ဆူပုတ်ပြီး သူ့ဘာသာသူ စဉ်းစားခန်းဖွင့်နေရှာတဲ့ ရှောင်ကျန့်ကိုကြည့်ပြီ ယွီပင်းကတော့ စိတ်ထဲကနေပြောလိုက်တယ်

***ကြည့်ထား ပြီးရင် အဲ့ကောင် ပါးစပ်ကနေ သူကကွေးနေတယ်ဆိုတာ ပြောလိမ့်မယ်....ပညာရှိ ပြေးကြည့်တာထက် တွေးကြည့်တာက မှန်တယ်......ယွီပင်းတဲ့  တစ်ပင်းထဲရှိတယ်.....မယုံရင် စောင့်ကြည့်လိုက်..အိုက်တိုင်းပြောကိုပြောမှာ....***

ယွီပင်းလည်း တွေးပြီးလို့မှမကြာ ရှောင်ကျန့်တစ်ယောက် ငိုမဲ့မဲ့လေးနဲ့ ပြောလာရှာတယ်....

"ကျန်းချန်...ယွီပင်း. ..ငါ...ငါ.ကွေးသွားပြီနဲ့တူတယ်...ငါ..ငါရိပေါ်ကို စိတ်ဝင်စားနေပြီ...."

အဲ့မယ်တွေ့လား ငါပြောပါတယ်

*******************************

Zawgyi







"ကျွီ!!!....."

"အင်!!!...."










"သား ရရဲ့လား..."



အမလေး အမရေ....နာလိုက်တာ...နာထားတာဆိုတာ မျက်ရည်တောင် ဘူးသီးလုံးလောက်ကျသည် ......မျက်ရည်လေးတွေမြင်ပြီး သနားများသနားသွားမလားလို့....




"အဲ ယွီပင်း...ဆ...ဆရာမ.."


"ဟုတ်...ဆရာမ...ဟုတ်... "

"လာ ယွီပင်း.... "

"အင်း...."



"ကျစ်..မင်း...."




"ဟမ်!!...."



"မင်းခုနတုန်းက...."


"ခွေးကောင်!! ငါ့မှာတော့ တကယ်များလားဆိုပြီး စိတ်တွေပူလိုက်ရတာ... သောက်ကျိုးနည်းပဲ...."








"ရှောင်ကျန့်ရေ....ရိပေါ်ရေ....."

သေနေတာတွေ ထကြစမ်း....

"အင်းးးး..."

တအင်းအင်း တအီးအီးနဲ့ မထချင်ထချင်နဲ့ ထလာကြတဲ့ ဝမ်းမနာသားလေးနှစ်ကောင်


"ရှောင်ကျန့်ရယ် ငါကမင်းများ လူနာကို တအားတွေပြုစုနေရလို့ အဆင်မှပြေရဲ့လားလို့ အမောတကောနဲ့ တံခါးဖွင့်ရင်း အော်ခေါ်မိတာ....မင်းအိပ်နေမှန်း ငါကဘယ်လိုလုပ်သိမလဲ...."





"အော် အဲ့လိုကိုး...."






"အော်..."










"ဟက်လား...ဘယ်မှာတုန်း..... "


"လာမယ်...လာမယ်....ဟီးးးး"


ရိရှင်းဆိုတဲ့ နာမည်ကြားတာနဲ့တင် ရိပေါ်တို့ ရုပ်ကြီးမများပုပ်သိုးသွားလိုက်တာ နှုတ်ခမ်းကြီးဆို ရှေ့နှစ်တောင်လောက်တောင်ထော်နေတယ်









"အင်းးး"

"လာ ယွီပင်း...."





"မပါဘူး..... "



"ဟေ့ရောင်!!...."


သူတို့အခန်းထဲရောက်တော့ အယ်လဲ့ ကိုယ်တော်လေးတွေက လွယ်အိတ်တွေဘာတွေတောင် ဟန်ပါပါနဲ့ ကုတင်ပစ်တင်လို့.....ပြီးတော့ ကိုယ်တွေကိုလည်း ရုပ်တည်ကြီး​​တွေနဲ့ စိုက်ကြည့်နေကြသေး.....


"ရှောင်ကျန့်....ငါမင်းကိုမေးမယ်...."


"ဘာမေးမလို့တုန်း....."





"မင်းက ဘာလို့ အာ့တွေလာမေး​နေတာလဲ...."


"မင်းက ဘာပြောမို့လဲ...... "


"ဘာ!!...."




ဒါလား straight ဆိုတာ.....ဟဟပဲ ပေးလိုက်မယ်....ကွေး ကွေးတယ်ပေါ့..... ငါတို့ကိုများ လာမူနေတယ်....မူတော့သေလေ...စားစမ်း ဒီတစ်ခါက ငါ့ဂျင်းတွေ....အဲ့မှာ နင်​နေလိုက်...


တစ်ခုခုကိုပဲ ဆုံးရှုံးရ​တော့မှာလိုလိုနဲ့ ရင်ထဲမှာ ပူနေတယ်....ရှင်းရှင်းပြောရရင် ရှောင်ကျန့်တို့က ကိုယ့်ကိုကိုယ်တောင် အခုထိ အဖြောင့်လား အကွေးလားဆိုတာတောင် သေချာသိတာမဟုတ်ဘူးရယ်



သူ့အရပ္မွာနေတုန်းကဆို သူ့ငယ်သူငယ္ခ်င်း ကိရန္နဲ့ အားနေ ကစားကြင်းပဲ သြားဆော့ကြတာ..အိမ်ျပန်ရောက်ရင္လည်း ဆော့လို့မောနေပြီဆိုပြီး ဇိမ်လေးနဲ့ animae ကြည့်တာ...အခုဒီရောက်တော့လည်း အဲလို ဟိုဟိုဒီဒီတြေ စိတ္မဝင္စားခဲ့ဘူး....


ရှောင်ကျန့်တစ်ယောက်အတွေးလွန်​နေတုန်း ယွီပင်းက

"ရှောင်ကျန့်....မင်းကိုငါမေးအုံးမယ်...မင်းရိပေါ်နဲ့ နှစ်ယောက်ထဲရှိတဲ့အချိန် စိတ်ထဲမှာ ဘယ်လိုနေလဲ... ဟိုလိုလေ ငါတို့ဆိုရင် ကိုယ့်ကို ကြိုက်နေတဲ့သူနဲ့ အဲ့လိုနှစ်ယောက်ထဲရှိနေရင် နည်းနည်းတော့ အနေရကျပ်တာပဲလေ...


ဟုတ်တယ် ယွီပင်းပြောမှ အဲ့အကြောင်းတွေးမိတယ်...အစကတော့ သူနဲ့နှစ်ယောက်ထဲနေခဲ့ရတာဆိုတော့ စိတ်တော့သိပ်မလုံချင်...အနေရခက်တော့ခက်တယ်....ဒါပေမယ့်လည်း နောက်ပိုင်းအနေရမခက်အောင် စကားတွေရှာကြံပြောပြီးထဲက သူ့အပေါ်မှာလန့်တဲ့စိတ်မပြောနဲ့ ဘာစိတ်မှတောင်မထင်ဘူးရယ်

သေချာတာကတော့ ကျွန်တော့သူ့ကို ယုံကြည်လိုက်တာပဲ....ဟုတ်တယ်...ကျွန်တော်သူ့ကို ယုံလိုက်တယ်....ရိပေါ်ကဘယ်တော့မှ သူ့အပေါ်ကို မကောင်းကြံမှာမဟုတ်ဘူး....ရှင်းရှင်းပြောရရင် အဲ့တုန်းက သူ့နားနေရတာ လုံခြုံမှုရှိတယ်လို့တောင် ခံစားမိတယ်....အဲတာကြောင့်လည်း သူ့အိပ်ယာပေါ်မှာအိပ်နေတာတောင် စိတ်ဖြောင့်နိုင်တာပေါ့....

ဟာကွာ!!...ငါ့နဲ့နော် ပေါ်လာသမျှအတွေးတွေ အကုန်လုံးကလည်း ငါ့ကိုကွေးနေမှန်း မသိသိအောင် လုပ်နေကြသလားလို့....အဖြောင့်ဘက်ပြန်ရောက်မယ့်အတွေးလေးဘာလေးပေါ်လာလေကွာ....


***ကြည့်ထား ပြီးရင် အဲ့ကောင် ပါးစပ်ကနေ သူကကွေးနေတယ်ဆိုတာ ပြောလိုက်မယ်....ပညာရှိ ပြေးကြည့်တာထက် တွေးကြည့်တာက မှန်တယ်......ယွီပင်း တစ်ပင်းထဲရှိတယ်.....မယုံရင် စောင့်ကြည့်လိုက်..အိုက်တိုင်းပြောကိုပြောမှာ....***




Pokračovat ve čtení

Mohlo by se ti líbit

838K 31.9K 20
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
2.5M 156K 99
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
469K 11.3K 88
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
397K 3K 4
"ဘယ်သူကမှ သူရဲကောင်းအဖြစ်မွေးဖွားလာတာမဟုတ်ဘူး သူရဲကောင်းတစ်ယောက်၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ ပင်ကိုယ်အရည်အသွေးနဲ့ ကိုယ်တိုင်လုပ်ယူထားတဲ...