Flowers

By Jinnie_Grace

266K 15.7K 1K

ပန်းတို့၏ အဓိပ္ပါယ်​များ...... နှစ်​သက်​မိ​သောပန်းလှလှ​လေးများ.... ပန်း​လေး​တွေ​နောက်​ကွယ်​ကလှပ​သောဒဏ္ဍာရီမျာ... More

မိတ်ဆက်
ႏွင္​းဆီ
Sunflower (သို႔)​ေနၾကာ
လာဗန်ဒါ (Lavender)
ပျိုမမေ့ပန်း (Forget me not)
ရေနတ်သမီးပန်း (Daffodil or Narcissus)
What is your bitrh flowers?[Edited version]
Aster
ဒေစီ (Daisy)
ကြယ်ပန်း(Baby's breath flower)
Tulips
ဒုဓလီ(Dandelion)
Ranunculus or Buttercup
Lily
beautiful flower with surprising meaning
မ​ေပးသင္​့​ေသာပန္​းမ်ား
Valentine's day special
flower collection
Lilac
Carnation
Iris
Cherry or Sakura
Jasmine
Chrysanthemum
Peony
Hyacinth
Cosmos
Amaryllis
Hydrenga
Marigold
능소화 (ႏြန္​းဆိုးဟြာ)
Lily of the Valley
Naupaka
Snow Drop
Columbine
Plumeria
Flower Language
Periwinkle
Maple Leaves
Statice
Larkspur
ဆိတ်ဖလူးပန်း
Gladious
Agapanthus
flower dictionary
Ginkgo
Lotus
Lisianthus
Cactus
သဇင် & ခွာညို
cyclamen
Allium
ညမွှေးပန်း
Azalea
မက်မွန်
ကန်စွန်းနွယ် (Morning Glory)
စံကား ( Magnolia)
Meaning of flowers

Camellia

1.6K 72 3
By Jinnie_Grace

🌺 Camellia 🌺

အနောက်နိုင်ငံတွေမှာ ချစ်တယ်ဆိုတဲ့ စကားအတွက် နှင်းဆီနီနီကိုသုံးတယ်။

ဒါဆိုအရှေ့တိုင်းကကော ....။

အရှေ့တိုင်းကတော့ Camellia နီရဲရဲကိုသုံးပြီး ချစ်မြတ်နိုးကြောင်း ဖွင့်ပြောတတ်ပါတယ်တဲ့။

Camellia ရဲ့ နောက်နာမည်တစ်မျိုးက ဂျပန်နှင်းဆီ။
နှင်းဆီနဲ့ ပန်းပုံလဲခပ်ဆင်ဆင် ၊ အဓိပ္ပါယ်လဲခပ်ဆင်ဆင်ရှိတဲ့ Camellia ပန်းတွေပေါ့။

မြန်မာမှာဆိုရင်တော့ တချို့ကဖယောင်းပန်းလို့ခေါ်ကြတယ်။

Camellia ကနာမည်ကသာ လက်တင်ကနေဆင်းသက်လာတာ ၊ မျိုးရင်းကတော့ တရုတ်နဲ့ဂျပန်ကနေလာပါတယ်တဲ့။

Camellia ရဲ့အဓိပ္ပါယ်က လက်တင်ဘာသာအရဆို " ဘုန်းတော်ကြီး၏ ကူညီသူ" လို့အဓိပ္ပါယ်ရပြီး Georg Joseph Kamel လို့ခေါ်တဲ့ ခရစ်ယာန်သာသနာပြုဂိုဏ်းဝင်  ဆေးဝါးဆိုင်ရာ ရုက္ခဗေဒပညာရှင်တစ်ယောက်ကို ဂုဏ်ပြုတဲ့အနေတဲ့ ဆယ့်ခုနစ်ရာစုနှောင်းပိုင်းလောက်က နာမည်ပေးခဲ့တာပါ။ 

စပြီးပေါက်ရောက်ရာနေရာက တရုတ်ပြည်အနောက်တောင်ပိုင်း ယဉ်ကျေးမှုထွန်းကားရာဒေသလို့ဆိုကြပြီး နွေဦးမှာ ကွင်းအပြည့်ပွင့်တတ်တဲ့ အရိုင်းပန်းအနွယ်လေးတွေပါ။

ကဗျာစာပေထွန်းကားတဲ့ တရုတ်တွေကတော့ Camellia ကိုတော်တော်လေး ကြည်နူးဖို့ကောင်းတဲ့ပန်းအဖြစ် ဖန်တီးထားပါတယ်။ တရုတ်ပြည်မှာ Camellia ရဲ့အဓိပ္ပါယ်က ချစ်သူနှစ်ဦးကြား ပေါင်းစည်းခြင်းပါ။

သူတို့အဆိုအရဆို Camellia ပန်းရဲ့ ပွင့်ချပ်တွေက မိန်းကလေးတွေကို ကိုယ်စားပြုပြီး ပွင့်ညှာ (calyx)  တွေကတော့ ယောကျာ်းလေးရဲ့သကေင်္တပါတဲ့။

Camellia ပန်းရဲ့ထူးခြားချက်တစ်ခုကိုပြောရရင် တခြားပန်းတွေက တခြားပန်းတွေက ပွင့်ချပ်တွေကြွေကျသွားရင် ပွင့်ညှာကကျန်ခဲ့ပေမယ့် Camellia ကတော့  သေအတူရှင်မကွာဆိုပြီး တိုင်တည်ထားတဲ့ ချစ်သူမောင်နှံတွေလိုပဲ အချိန်တစ်ခုတည်းမှာ ကြွေကျပါတယ်တဲ့။ ဒါလေးကပဲ Camellia ပန်းကို အရှေ့တိုင်းရဲ့ နှင်းဆီပန်းဖြစ်အောင်လုပ်ပေးလိုက်တာပါ။

အနှိုင်းမဲ့ချစ်ခြင်း သို့တည်းမဟုတ် သက်ဆုံးတိုင် ချစ်မြတ်နိုးခြင်း .... ဒါကတော့ ဂျပန်နှင်းဆီ , Camellia ရဲ့လူသိများတဲ့အဓိပ္ပါယ်ပါပဲ။

ကိုရီးယားမှာတော့ Camellia တွေက ပျော်ရွှင်ခြင်းနဲ့ အသက်ရှည်ခြင်းပါ။ ဒါကြောင့် ကိုရီးယားရိုးရာမင်္ဂလာဆောင်တွေမှာဆိုရင် Camellia ပန်းကိုမဂင်္လာပန်းအဖြစ် ထည့်တတ်ကြပါတယ်။

ဒါ့အပြင် ပြီးပြည့်စုံခြင်း , လေးစားခြင်း , ချစ်ခြင်း , မြတ်နိုးခြင်းဒါတွေကိုလဲ Camellia ပန်းကကိုယ်စားပြုပါသေးတယ်။

အရောင်အလိုက်အဓိပ္ပါယ်ဆိုရင်တော့

Camellia အဖြူရောင်တွေက တစ်စုံတစ်ဦးအားဖြူစ်စွာချစ်မြတ်နိုးခြင်း ဒါမှမဟုတ် ပြီးပြည့်စုံသောလှပမှုလို့ အဓိပ္ပါယ်ရပါတယ်။

ပန်းရောင် Camellia တွေကတော့ တစ်ဦးတစ်ယောက်အား တောင့်တခြင်းကိုလဲ ကိုယ်စားပြုပြီး လွမ်းဆွတ်သတိရခြင်းကိုလဲ ကိုယ်စားပြုပါတယ်။ တစ်နယ်အဝေးရောက်နေတဲ့ ကိုယ်သတိရနေတဲ့ ချစ်ခင်ဝသူတွေကို ပေးချင်ရင် Camellia ပန်းရောင်တွေက ကောင်းမွန်တဲ့ရွေးချယ်မှုပါပဲ။

နောက်ဆုံးအရောင်ဖြစ်တဲ့ နီရဲရဲ Camellia တွေရဲ့တည်တိုးဆန်တဲ့အဓိပ္ပါယ်တစ်ခုကတော့ နက်ရှိုင်းစွာ တပ်မက်ခြင်းပါ။ အနီရောင် Camellia ပန်းကို နှလုံးသားထဲမှ မီးတောက်ငယ်လို့လဲ တင်စားတတ်ကြပါတယ်။ အချစ် ၊ လိုအင်ဆန္ဒပြင်းပြခြင်း ဒါတွေကအနီရောင်ကဲမဲလီးယားရဲ့ အဓိပ္ပါယ်တွေပါ။

Flower Language အရဆိုရင်လည်း ဒီcamellia ပန်းလေးတွေရဲ့အဓိပ္ပါယ်က အရမ်းချစ်ဖို့ကောင်းပါတယ်။

အဖြူရောင်Camelliaရဲ့အဓိပ္ပါယ်က " မင်းက သိပ်ချစ်ဖို့ကောင်းတယ်" တဲ့။
ပန်းရောင်ရဲ့ Languageလေးကတော့ "မင်းကို ကိုယ်တမ်းတတယ်"လို့ဆိုပါတယ်။အရမ်းလွမ်းတာမျိုးပေါ့။
အနီရောင်ကတော့ "You are the flame of my heart" တဲ့။

ဒါ့အပြင် အနီရောင် Camellia ကိုစစ်သားတွေအတွက် အောက်မေ့သတိရခြင်းအခမ်းအနားတွေမှာလဲသုံးတတ်ပါသေးတယ်။

Camellia မှာအဝါရောင်လဲရှိသေးပေမယ့် သူကတော့ နောက်ပိုင်းမျိုးစပ်ပြီးမှထွက်လာတဲ့အရောင်ဖြစ်တာကြောင့် အဓိပ္ပါယ်တော့မရှိသေးပါဘူး။

Camellia ကဆေးဖက်တော့အတော်လေးဝင်ပါတယ်။ လက်ဖက်အနွယ်ဖြစ်တာကြောင့် သူ့ရဲ့အရွက်တွေက အခြောက်ခံပြီး လက်ဖက်ရည်အဖြစ်လုပ်သောက်လို့ရပါတယ်။ Camellia အဝွက်တွေကလုပ်တဲ့ Green tea နဲ့ Black tea ဆိုပြီးနှစ်မျိုးရှိပါတယ်။

Green Tea ကပုံမှန် Camellia အရွက်ကိုအခြောက်ခံပြီးဖျော်တာဖြစ်ပြီးတော့ black tea ကတော့အချဉ်ဖောက်ပြီးဖျော်တာပါ။ ကဖိန်းဓာတ်ပါဝင်မှုနှုန်းမြင့်တယ်လို့ပြောထားပါတယ်။ Camellia က နှလုံးရောဂါနဲ့ပန်းနာရင်ကြပ်ရောဂါတွေကိုသက်သာစေနိုင်ပြီး ကိုလက်စရောကိုလျော့ချအောင်လုပ်ပေးနိုင်တာနဲ့ အခြားသောဘလာဘလာဝောဂါတွေအတွက်လဲ အကျိုးကျေးဇူးရှိပါတယ်တဲ့။

Camellia ကိုဂျပန်မှာ Tsubaki လို့ခေါ်ပြီး တရုတ်ပြည်မှာလိုပဲ တော်တော်လေးအရေးပေးခံရပါတယ်။ ဒါပေမဲ့ ဆာမူရိုင်းတွေကတော့ ဒီပန်းက တစ်ပွင့်လုံး
ပွင့်ညှာပါမကျန်တစ်ခါတည်းညိုးပြီး ကြွေကျတတ်လို့ စစ်ပွဲမှာစစ်သားတွေခေါင်းဖြတ်သတ်ခံရတာကို သတိရစေတယ်ဆိုပြီးမုန်းကြပါတယ်တဲ့။

Camellia ကို Alabama ပြည်နယ်က ပြည်နယ်ပန်းအဖြစ် 1959 မှာသတ်မှတ်လိုက်ပြီး ဂဏန်းအနေနဲ့ 11 ကို Camellia ကကိုယ်စားပြုပါတယ်။

Camellia မှာ ခပ်သင်းသင်းမွှေးရနံ့ရှိပါတယ်တဲ့။

Source : internet
Photo credit to original owners

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼

🌺 Camellia 🌺

အေနာက္ႏိုင္ငံေတြမွာ ခ်စ္တယ္ဆိုတဲ့ စကားအတြက္ ႏွင္းဆီနီနီကိုသုံးတယ္။

ဒါဆိုအေရွ႕တိုင္းကေကာ ....။

အေရွ႕တိုင္းကေတာ့ Camellia နီရဲရဲကိုသုံးၿပီး ခ်စ္ျမတ္ႏိုးေၾကာင္း ဖြင့္ေျပာတတ္ပါတယ္တဲ့။

Camellia ရဲ႕ ေနာက္နာမည္တစ္မ်ိဳးက ဂ်ပန္ႏွင္းဆီ။
ႏွင္းဆီနဲ႔ ပန္းပုံလဲခပ္ဆင္ဆင္ ၊ အဓိပၸါယ္လဲခပ္ဆင္ဆင္ရွိတဲ့ Camellia ပန္းေတြေပါ့။

ျမန္မာမွာဆိုရင္ေတာ့ တခ်ိဳ႕ကဖေယာင္းပန္းလို႔ေခၚၾကတယ္။

Camellia ကနာမည္ကသာ လက္တင္ကေနဆင္းသက္လာတာ ၊ မ်ိဳးရင္းကေတာ့ တ႐ုတ္နဲ႔ဂ်ပန္ကေနလာပါတယ္တဲ့။

Camellia ရဲ႕အဓိပၸါယ္က လက္တင္ဘာသာအရဆို " ဘုန္းေတာ္ႀကီး၏ ကူညီသူ" လို႔အဓိပၸါယ္ရၿပီး Georg Joseph Kamel လို႔ေခၚတဲ့ ခရစ္ယာန္သာသနာျပဳဂိုဏ္းဝင္  ေဆးဝါးဆိုင္ရာ ႐ုကၡေဗဒပညာရွင္တစ္ေယာက္ကို ဂုဏ္ျပဳတဲ့အေနတဲ့ ဆယ့္ခုနစ္ရာစုေႏွာင္းပိုင္းေလာက္က နာမည္ေပးခဲ့တာပါ။ 

စၿပီးေပါက္ေရာက္ရာေနရာက တ႐ုတ္ျပည္အေနာက္ေတာင္ပိုင္း ယဥ္ေက်းမႈထြန္းကားရာေဒသလို႔ဆိုၾကၿပီး ေႏြဦးမွာ ကြင္းအျပည့္ပြင့္တတ္တဲ့ အ႐ိုင္းပန္းအႏြယ္ေလးေတြပါ။

ကဗ်ာစာေပထြန္းကားတဲ့ တ႐ုတ္ေတြကေတာ့ Camellia ကိုေတာ္ေတာ္ေလး ၾကည္ႏူးဖို႔ေကာင္းတဲ့ပန္းအျဖစ္ ဖန္တီးထားပါတယ္။ တ႐ုတ္ျပည္မွာ Camellia ရဲ႕အဓိပၸါယ္က ခ်စ္သူႏွစ္ဦးၾကား ေပါင္းစည္းျခင္းပါ။

သူတို႔အဆိုအရဆို Camellia ပန္းရဲ႕ ပြင့္ခ်ပ္ေတြက မိန္းကေလးေတြကို ကိုယ္စားျပဳၿပီး ပြင့္ညႇာ (calyx)  ေတြကေတာ့ ေယာက်ာ္းေလးရဲ႕သေကတၤပါတဲ့။

Camellia ပန္းရဲ႕ထူးျခားခ်က္တစ္ခုကိုေျပာရရင္ တျခားပန္းေတြက တျခားပန္းေတြက ပြင့္ခ်ပ္ေတြေႂကြက်သြားရင္ ပြင့္ညႇာကက်န္ခဲ့ေပမယ့္ Camellia ကေတာ့  ေသအတူရွင္မကြာဆိုၿပီး တိုင္တည္ထားတဲ့ ခ်စ္သူေမာင္ႏွံေတြလိုပဲ အခ်ိန္တစ္ခုတည္းမွာ ေႂကြက်ပါတယ္တဲ့။ ဒါေလးကပဲ Camellia ပန္းကို အေရွ႕တိုင္းရဲ႕ ႏွင္းဆီပန္းျဖစ္ေအာင္လုပ္ေပးလိုက္တာပါ။

အႏႈိင္းမဲ့ခ်စ္ျခင္း သို႔တည္းမဟုတ္ သက္ဆုံးတိုင္ ခ်စ္ျမတ္ႏိုးျခင္း .... ဒါကေတာ့ ဂ်ပန္ႏွင္းဆီ , Camellia ရဲ႕လူသိမ်ားတဲ့အဓိပၸါယ္ပါပဲ။

ကိုရီးယားမွာေတာ့ Camellia ေတြက ေပ်ာ္႐ႊင္ျခင္းနဲ႔ အသက္ရွည္ျခင္းပါ။ ဒါေၾကာင့္ ကိုရီးယား႐ိုးရာမဂၤလာေဆာင္ေတြမွာဆိုရင္ Camellia ပန္းကိုမဂလၤာပန္းအျဖစ္ ထည့္တတ္ၾကပါတယ္။

ဒါ့အျပင္ ၿပီးျပည့္စုံျခင္း , ေလးစားျခင္း , ခ်စ္ျခင္း , ျမတ္ႏိုးျခင္းဒါေတြကိုလဲ Camellia ပန္းကကိုယ္စားျပဳပါေသးတယ္။

အေရာင္အလိုက္အဓိပၸါယ္ဆိုရင္ေတာ့

Camellia အျဖဴေရာင္ေတြက တစ္စုံတစ္ဦးအားျဖဴစ္စြာခ်စ္ျမတ္ႏိုးျခင္း ဒါမွမဟုတ္ ၿပီးျပည့္စုံေသာလွပမႈလို႔ အဓိပၸါယ္ရပါတယ္။

ပန္းေရာင္ Camellia ေတြကေတာ့ တစ္ဦးတစ္ေယာက္အား ေတာင့္တျခင္းကိုလဲ ကိုယ္စားျပဳၿပီး လြမ္းဆြတ္သတိရျခင္းကိုလဲ ကိုယ္စားျပဳပါတယ္။ တစ္နယ္အေဝးေရာက္ေနတဲ့ ကိုယ္သတိရေနတဲ့ ခ်စ္ခင္ဝသူေတြကို ေပးခ်င္ရင္ Camellia ပန္းေရာင္ေတြက ေကာင္းမြန္တဲ့ေ႐ြးခ်ယ္မႈပါပဲ။

ေနာက္ဆုံးအေရာင္ျဖစ္တဲ့ နီရဲရဲ Camellia ေတြရဲ႕တည္တိုးဆန္တဲ့အဓိပၸါယ္တစ္ခုကေတာ့ နက္ရႈိင္းစြာ တပ္မက္ျခင္းပါ။ အနီေရာင္ Camellia ပန္းကို ႏွလုံးသားထဲမွ မီးေတာက္ငယ္လို႔လဲ တင္စားတတ္ၾကပါတယ္။ အခ်စ္ ၊ လိုအင္ဆႏၵျပင္းျပျခင္း ဒါေတြကအနီေရာင္ကဲမဲလီးယားရဲ႕ အဓိပၸါယ္ေတြပါ။

Flower Language အရဆိုရင္လည္း ဒီcamellia ပန္းေလးေတြရဲ႕အဓိပၸါယ္က အရမ္းခ်စ္ဖို႔ေကာင္းပါတယ္။

အျဖဴေရာင္Camelliaရဲ႕အဓိပၸါယ္က " မင္းက သိပ္ခ်စ္ဖို႔ေကာင္းတယ္" တဲ့။
ပန္းေရာင္ရဲ႕ Languageေလးကေတာ့ "မင္းကို ကိုယ္တမ္းတတယ္"လို႔ဆိုပါတယ္။အရမ္းလြမ္းတာမ်ိဳးေပါ့။
အနီေရာင္ကေတာ့ "You are the flame of my heart" တဲ့။

ဒါ့အျပင္ အနီေရာင္ Camellia ကိုစစ္သားေတြအတြက္ ေအာက္ေမ့သတိရျခင္းအခမ္းအနားေတြမွာလဲသုံးတတ္ပါေသးတယ္။

Camellia မွာအဝါေရာင္လဲရွိေသးေပမယ့္ သူကေတာ့ ေနာက္ပိုင္းမ်ိဳးစပ္ၿပီးမွထြက္လာတဲ့အေရာင္ျဖစ္တာေၾကာင့္ အဓိပၸါယ္ေတာ့မရွိေသးပါဘူး။

Camellia ကေဆးဖက္ေတာ့အေတာ္ေလးဝင္ပါတယ္။ လက္ဖက္အႏြယ္ျဖစ္တာေၾကာင့္ သူ႔ရဲ႕အ႐ြက္ေတြက အေျခာက္ခံၿပီး လက္ဖက္ရည္အျဖစ္လုပ္ေသာက္လို႔ရပါတယ္။ Camellia အဝြက္ေတြကလုပ္တဲ့ Green tea နဲ႔ Black tea ဆိုၿပီးႏွစ္မ်ိဳးရွိပါတယ္။

Green Tea ကပုံမွန္ Camellia အ႐ြက္ကိုအေျခာက္ခံၿပီးေဖ်ာ္တာျဖစ္ၿပီးေတာ့ black tea ကေတာ့အခ်ဥ္ေဖာက္ၿပီးေဖ်ာ္တာပါ။ ကဖိန္းဓာတ္ပါဝင္မႈႏႈန္းျမင့္တယ္လို႔ေျပာထားပါတယ္။ Camellia က ႏွလုံးေရာဂါနဲ႔ပန္းနာရင္ၾကပ္ေရာဂါေတြကိုသက္သာေစႏိုင္ၿပီး ကိုလက္စေရာကိုေလ်ာ့ခ်ေအာင္လုပ္ေပးႏိုင္တာနဲ႔ အျခားေသာဘလာဘလာေဝာဂါေတြအတြက္လဲ အက်ိဳးေက်းဇူးရွိပါတယ္တဲ့။

Camellia ကိုဂ်ပန္မွာ Tsubaki လို႔ေခၚၿပီး တ႐ုတ္ျပည္မွာလိုပဲ ေတာ္ေတာ္ေလးအေရးေပးခံရပါတယ္။ ဒါေပမဲ့ ဆာမူ႐ိုင္းေတြကေတာ့ ဒီပန္းက တစ္ပြင့္လုံး
ပြင့္ညႇာပါမက်န္တစ္ခါတည္းညိဳးၿပီး ေႂကြက်တတ္လို႔ စစ္ပြဲမွာစစ္သားေတြေခါင္းျဖတ္သတ္ခံရတာကို သတိရေစတယ္ဆိုၿပီးမုန္းၾကပါတယ္တဲ့။

Camellia ကို Alabama ျပည္နယ္က ျပည္နယ္ပန္းအျဖစ္ 1959 မွာသတ္မွတ္လိုက္ၿပီး ဂဏန္းအေနနဲ႔ 11 ကို Camellia ကကိုယ္စားျပဳပါတယ္။

Camellia မွာ ခပ္သင္းသင္းေမႊးရနံ႔ရွိပါတယ္တဲ့။

Source : internet
Photo credit to original owners





Continue Reading

You'll Also Like

7.4K 1.5K 6
මගේ හිතේ ඉඩ දැන් නුඹ අතින් හැඩවෙන සිතුවමකි !
202K 7.6K 61
"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ...
1.1M 53.3K 74
ငယ်ငယ်တည်းကမတော်တဆမူတခုကြောင့်ကွဲကွာခဲ့ရတဲ့ အမြွှာညီအကိုနှစ်ယောက်ပြန်တွေ့ချိန်မှာကြေကွဲစရာအဖြစ် အပျက်တွေနဲ့အကိုဖြစ်သူရဲ့ကလဲ့စားချေမူတွေကိုရေးသား ထားပ...