Time Travel

By Han_Hyun_Ae

26.1K 3.3K 181

Me and You together;in the past,now and in the future. အတိတ်မှာ ဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို သိရဖို့ အတွက် အ... More

1.The Start
2.Unsolved Mysteries
3.Back In Time
4.He;Kim Kai
5.It Begins
6.Troubles
7.Sudden
8.Cosplaying starts now
9.Consequnces
10.Something New
11.Work
12.Clue
13.Feelings
14.Pain
15.What to do?
16.Undecided
17.Confession
18.Impossible
19.The Answer
NOTE
20.Departure
21.Farewell
22.Mind
23.A visit
24.Invitation
25.Decision
26. Bittersweet
28.The Realisation

27. The solution

89 10 3
By Han_Hyun_Ae

"မင်းငါ့ကိုစောင့်နေခဲ့တယ်လို့ပြောတယ်နော်။ ဘာလို့လဲ? ငါသေချာပေါက်လာမယ်လို့ မင်းဘာလို့ ထင်ထားခဲ့တာလဲ..?"

"ဟင်?"

သူမေးလိုက်တော့ Kai က နားမလည်သလို ခပ်ပြူးပြူးလေး ကြည့်လာသည်။
လိုက်ကာကနေတစ်ဆင့် နေရောင်ခြည်ခပ်မှိန်မှိန်က Kai မျက်နှာပေါ် ဖြာကျနေလျက်ရှိသည်။
ဪ ဘာလိုလိုနဲ့ မိုးတောင်လင်းပြီပဲ..

"ဪ ငါရောက်လာလာချင်းက မင်းက ငါ့ကို တစ်နေ့လုံးစောင့်နေတာလို့ ပြောတယ်လေ"

"ဪ သိပြီ။ ကဲပါ ဘာတွေသိချင်နေတာလဲ လာ ဒီကိုလာ"

Kai က ပြောရင်း မျက်ချင်းဆိုင် ထိုင်နေတဲ့  သူ့ကို Kai ကိုကျောပေးစေကာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
ထို့နောက် သူ့ဆံပင်များကို ဖွကာ ခေါင်းကို ခပ်ဖွဖွ ပွတ်ပေးနေလေသည်။
သူလည်း ခပ်ဖွဖွ ရယ်မိရင်း Kai ရင်ခွင်ကိုမှီကာ မျက်လုံးများမှိတ်ထားလိုက်မိသည်။

အား.. ချစ်ရတဲ့ကောင်လေးရဲ့ ရင်ခွင်ကနွေးလိုက်တာ..

နှစ်ယောက်လုံး ဘာစကားမှပြောမနေပေမဲ့ စိမ်းကားနေခြင်း ကသိကအောက်ဖြစ်ခြင်းမျိုးမရှိဘဲ နွေးထွေးသော ခံစားချက်လေးသာ ရှိနေသည်ကို သူအတော်သဘောကျသည်။ ဘာမှမပြောလည်း တစ်ယောက်နဲ့တစ်ယောက် နားလည်နေသလို.. အတူရှိနေရုံနဲ့ ပြည့်စုံနေသလို..

အလာတုန်းကတော့ ပြန်ဖို့ အစီအစဉ်ရှိခဲ့ပေမဲ့ ရောက်ပြီးနောက်မှတော့ အစီအစဉ်တွေပြောင်းကာ Suho ကိုသာ ပြန်ဖို့ပြောပြီး သူကတော့ ဒီမှာပဲ ကျန်နေဖြစ်ခဲ့သည်။

သူတို့နှစ်ယောက် တစ်ညလုံး ဒီလိုပဲ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း တစ်ယောက်နား တစ်ယောက်မှီရင်းထိုင်ရင်းသာ အချိန်အများစုကို ကုန်ဆုံးခဲ့ကြသည်။
တစ်ချက်တစ်ချက်တော့ ဘာရယ်မဟုတ် အာလဘသလာဘ ပြောဖြစ်ကြသည်။
သူ ဒီအိမ်မှာ စစအလုပ်လုပ်ချင်းက အကြောင်းတွေ.. သူတို့ စစတွေ့ချင်းကအကြောင်းတွေ စသည် စသည်..
ရုတ်တရက် စကားထပြောရင်တောင် ကသိကအောက် ဖြစ်သွားခြင်းမရှိတာ ကိုလည်း သူ ပျော်မိသည်။ သူတို့ နှစ်ယောက်သားဟာ တစ်ယောက်နှင့် တစ်ယောက် အတော်သက်တောင့်သက်သာရှိနေကြသည်မှာ မသိရင် နှစ်ရှည်လများ သိလာပြီးသား လူနှစ်ယောက်လိုလို..

"ဖြေပါ ဘာလို့လဲလို့"

သူက Kai ရင်ခွင်ထဲကနေ Kai မျက်နှာကိုမော့ကြည့်ရင်း ပြောလိုက်တော့ Kai က ခေါင်းခါရင်း ချစ်စရာကောင်းစွာ ရယ်သည်။

"မဟုတ်ပါဘူး.. အဲ့ဒါက အမှန်တော့ မင်းများ ပြန်လာမလားလို့ နေ့တိုင်းမျှော်လင့်နေတာပါ။"

Kai က သူ့လက်ကို ခပ်ဖွဖွကိုင်ရင်းပြောလာသည်။
စကားကတော့တတ်ပါ့..

"အမယ်.. ဒါဆို မလာရင် လိုက်လာတော့မလို့လို့ ပြောတာကရော?"

"ဪ အဲ့ဒါကတော့ လိုက်မလာရင် မတွေ့ရလောက်တော့ဘူးလို့ ထင်မိလို့လေ မင်းကမှ မလာဘဲ.."

"ဪ ငါ့အပြစ်ပေါ့"

သူကခနဲ့သလိုပြောရင်း Kai ရင်ခွင်ထဲက ထဖို့ကြိုးစားလိုက်တော့ Kai က အသံပါထွက်အောင်ရယ်ရင်း သူ့ကို အတင်းပြန်ဆွဲဖက်ထားသည်။ အစကတော့ သူလည်း စနောက်ရင်း ရုန်းကန်ပေမဲ့ ခဏတောင်မကြာလိုက်ဘဲ မရုန်းတော့ဘဲ Kai ရင်ခွင်ထဲ ပြန်နေရာယူလိုက်တော့သည်။

"ကြည့်စမ်း တကယ်လည်း ထချင်တာ မဟုတ်ဘဲနဲ့"

Kai က သူ့ခေါင်းကို ပုတ်ရင်း စသလိုနောက်သလို ပြောလေသည်။

"ဟုတ်တယ် မထချင်ဘူးကွာ အမြဲဒီလိုပဲနေချင်တယ်ကွာ ဘာဖြစ်ချင်လဲ"

သူ Kai ရင်ခွင်ကို သူ့ပုခုံးနဲ့ ခပ်ဖွဖွတိုက်ရင်း ပြောလိုက်တော့ Kai ဆီက "အာ ဒီကောင်လေးတော့" လို့ ခပ်တိုးတိုးရေရွတ်သံကို သူကြားလိုက်ရသည်မို့ သူခပ်ဖွဖွရယ်မိသည်။

ထို့နောက် သူတို့နှစ်ယောက် ပြန်လည်တိတ်ဆိတ်သွားမိကြသည်။

"SOO!!"

သို့သော် ထိုတိတ်ဆိတ်မှုက အပြင်ဘက်က Soo နာမည်ကို အော်ခေါ်သံ တစ်ခုကြောင့် ကြာကြာမခံလိုက်ဘဲ ပျောက်ကွယ်သွားရသလို မထင်မှတ်ထားတာမို့ သူတို့နှစ်ယောက်လည်း လန့်ဖြန့်ကာ လှုပ်လှုပ်ရှားရှား ဖြစ်သွားရသည်။

"ဘယ်သူလဲ?"

သူတို့ရှိရာ အခန်းဆီသို့ပြေးလာဟန်ရှိသော ခြေသံများကို ကြားလာရသည်နှင့်အတူ သူ အခန်းထဲမှ ခပ်ကျယ်ကျယ် လှမ်းအော်ကာ မေးလိုက်သည်။
Kai ကတော့ ထိုင်နေရာမှထကာ တံခါးနားမှာ သတိအနေအထားနှင့် သွားရပ်နေလေသည်။

"SOO! ငါပါ"

သူတို့အခန်းရှေ့မှာ ရပ်သွားတဲ့ ခြေလှမ်းများနှင့်အတူ ရင်းနှီးနေသော အသံတစ်ခုကို သူ အဖြေအဖြစ် ကြားလိုက်ရသည်။

"Suho?"

Kai က သူ့ကိုပြန်လှည့်ကြည့်လာရင်း ခပ်တိုးတိုးမေးသည်။
သူခေါင်းကို ခပ်သွက်သွက်ငြိမ့်ပြလိုက်တော့ Kai က   ဘာမှထပ်မပြောတော့ဘဲ ချက်ချင်းဆိုသလို တံခါးကို ဖွင့်ပေးလိုက်သည်။
တံခါးရှေ့မှာသူတို့ကိုစောင့်ကြိုနေတာက သူတို့ ထင်ထားသလို Suho ပင်ဖြစ်လေတော့သည်။
~^~^~^~^~
"ကျွန်တော် Soo နဲ့ နှစ်ယောက်တည်း စကားပြောလို့ရနိုင်မလား Kai?"

Suho ရဲ့စကားအဆုံးမှာ Kai က သူ့ကို လှမ်းကြည့် လေသည်။ သူခေါင်းငြိမ့်ပြလိုက်တော့ Kai ကလည်း သူ့ကို အသာလေး ခေါင်းပြန်ငြိမ့်ပြကာ ဘာမှမပြောတော့ဘဲ အခန်းထဲမှ ထ ထွက်သွားတော့သည်။

"ပြောလေ Suho.. အလန့်တကြား ဘာများဖြစ်လို့လဲ?"

"ငါ- ငါသိပြီ Soo .. မင်းအိမ်ကို ဘယ်လိုပြန်သွားရမလဲဆိုတာ ငါသိပြီထင်တယ်"

ရုတ်တရက် ကြားလိုက်ရတဲ့ မထင်မှတ်ထားတဲ့ စကားကြောင့် သူကြောင်သွားသည်မှာအမှန်။
အိမ်ပြန်ဖို့.. အင်း ဟုတ်သား.. အိမ်ပြန်ဖို့ကို သူကြိုးပမ်းရဦးမှာပဲ.. သူက ဒီမှာ ဧည့်သည်သက်သက်ပဲမလား..
ခေါင်းထဲရောက်လာတဲ့ အတွေးကြောင့် သူ့ဟာသူ ပြန်ဝမ်းနည်းသွားမိသည်။

"ဟုတ်လား.. အဲ့ဒါများကွာ မင်းကလည်း ငါပြန်လာမှ ပြောလည်းရတာပဲ။ မင်းသိသွားပြီဆိုတော့ ကောင်းတာပေါ့ကွာ.. ဒါဆို ငါပြန်ရုံပဲပေါ့.."

သူ့အသံက သိသိသာသာ ပျက်ယွင်းနေမည်ထင်သည်။ ထိန်းဖို့လည်း သူမကြိုးစားမိပါ။

"မဟုတ်ဘူး Soo.
မင်း ဒီကိုရောက်လာရတဲ့ အကြောင်းအရင်းကို ပါ ငါသိလိုက်ရပြီ။
မင်းအခု ငါနဲ့ အိမ်ပြန်လိုက်ခဲ့မှဖြစ်မယ်။"

Suho ကို ကြည့်ရတာ လိုတာထက်ပိုပြီး လေးနက်တည်ငြိမ်နေသည်။

ဘာတွေများ Suho သိထားလို့ပါလိမ့်..?
ဒီကိုရောက်လာရတဲ့ အကြောင်းအရင်း ကရော ဘာလဲ..? သူတောင်မသိတာ Suho က ဘယ်လို သိသွားတာလဲ..?

စက္ကန့်ပိုင်းအတွင်းမှာတင် သူ့ခေါင်းထဲ အတွေးပေါင်းများစွာနဲ့ ရှုပ်ရှက်ခတ်သွားတော့သည်။

"နေပါဦး ငါနားလည်အောင်ရှင်းပြပါဦးကွာ ငါမရှိတဲ့ တစ်ညလောက်မှာ မင်းဘာတွေအဲ့လောက်သိသွားတာလဲ?"

"ငါ- အင်း.. Soo မင်းနဲ့အတူ ပါလာတဲ့ မင်းစာအုပ်ကို ငါ ယူဖတ် ကြည့်လိုက်မိတယ်ကွာ။ ကျန်တာတော့ ငါ့အိမ်ရောက်မှ ငါအကုန်ရှင်းပြမယ်။ မင်းအခု ပြန်လိုက်ခဲ့ပါကွာ နော်"

စကားအဆုံးမှာ Suho က သူ့ လက်ဖျံကို လှမ်း ဆုပ်ကိုင်လာသည်။ သူ့ကို ကြည့်နေတဲ့ Suho မျက်လုံးတွေထဲမှာ စိတ်ပူနေမှုကို သူမြင်နေရသည်။

စာအုပ်.. သူနဲ့အတူပါလာတဲ့ စာအုပ်ဆိုတော့ Samcheon ရဲ့ ဒိုင်ယာရီ စာအုပ်အသေးလေးပေါ့။

Suho ရဲ့ ထိုစကားက သူ့စိတ်ကို ဖမ်းစားလိုက်တာတော့ အမှန်ပင်။ အခုချိန်ထိ ဘာဖြစ်လို့ ဖြစ်နေမှန်းမသိ ရှုပ်ထွေးနေသေးပေမဲ့ ကြည့်ရတာ သူ Suho နှင့်အတူ ပြန်လိုက်သွားရင်တော့ အရာရာ ရှင်းလင်းသွားတော့မည် ထင်ပါသည်။

"အင်း ဒါဆိုလည်း သွားကြမယ်လေ"

သူပြောလိုက်တော့ Suho က ခေါင်းကို ခပ်သွက်သွက် ငြိမ့်ပြရင်း အခန်းထဲက ထထွက်သွားတော့သည်။ သူလည်း ခပ်မြန်မြန် Suho နောက်က လိုက်ထွက်လာခဲ့လိုက်တော့ အောက်ထပ်ဆင်းခါနီး လှေကားနားမှာ သူ့ကို ရပ်စောင့်နေဟန်ရှိသော Kai ကို တွေ့လိုက်ရသည်။

"အခန်းတံခါးဖွင့်သံ ကြားလို့ ထွက်လာတာ Suho နဲ့လည်းတွေ့လိုက်တယ်။ အောက်မှာစောင့်နေမယ်တဲ့။ ပြန်လိုက်သွားတော့မယ်ဆို?"

Kai မျက်နှာပေါ်မှာ ဝမ်းနည်းရိပ်များ ဖြတ်ပြေးသွား သည်ကို သူတွေ့လိုက်ရသည်။.. 

"အင်း ပြန်လိုက်သွားရတော့မယ်.."

သူ လှေကားတွေကို ကြည့်ကာ မျက်နှာလွှဲရင်း ခပ်တိုးတိုးပြန်ဖြေမိသည်။
Kai မျက်နှာကို ဆက်ကြည့်နေရင် သူ ငိုမိမလား တောင်မသိ။

"ကျေးဇူးတင်ပါတယ်"

Kai ရဲ့ စကားသံနဲ့အတူ သူ့ခန္ဓာကိုယ်တင်မက ရင်ထဲမှာပါ နွေးထွေးသွားမှုကို ခံစားလိုက်ရသည်။ Kai က သူ့ကို ရင်ခွင်ထဲဆွဲသွင်းကာ ဖက်လိုက်ခြင်းပင်..

"မဟုတ်ဘူး ငါက ပိုကျေးဇူးတင်ပါတယ်"

သူပြန်ပြောရင်း Kai ကို အတင်းကျပ်ဆုံး ပြန်ဖက်ထားမိတော့သည်။

နောင်တရစရာအကောင်းဆုံးနှင့် သူနောင်တမရဆုံး ကိစ္စမှာ Kai နဲ့ဆုံတွေ့ခဲ့ရခြင်းနှင့် Kai ကို ချစ်မိခဲ့ခြင်းပင် ဖြစ်မည် ထင်ပါသည်။
~^~^~^~
"မင်း အမြန်ဆုံး ပြန်မှဖြစ်မယ် Kyung Soo"

အိမ်ရောက်ရောက်ချင်း ကြားလိုက်ရတဲ့ Suho စကားအပြင် အတော်မကြားရတာ ကြာပြီဖြစ်တဲ့ သူ့ နာမည်အရှည်ကိုပါ ကြားလိုက်ရတာကြာင့် သူ့စိတ်ထဲ အတော်ကို တစ်မျိုးဖြစ်သွားမိသည်။

"မင်းဘာကိုဆိုလိုတာလဲ? ဘာဖြစ်လို့လဲ?"

သူ ဧည့်ခန်းက ခုံတစ်ခုံမှာဝင်ထိုင်ရင်း Suho ကို လှမ်းမေးလိုက်ပေမဲ့ Suho ကတော့ ပြောချင်ရာပြောပြီး ဘယ်ရောက်လို့ ရောက်သွားမှန်းမသိပေ။ အခန်းထဲ ဝင်သွားတယ် ထင်ပါရဲ့..

"Suho?"

"ငါမင်းကိုရှင်းပြစရာတွေ အများကြီးရှိတယ် ဝင်လာခဲ့ အခန်းထဲကို"

သူလှမ်းအော်လိုက်တော့ Suho အခန်းထဲက မဟုတ်ဘဲ သူနေတဲ့အခန်းထဲကနေ Suho က အခန်းထဲကို လာခဲ့ဖို့ ခေါ်နေသည်မို့ သူလည်း ခပ်သွက်သွက် ထပြီး အခန်းထဲ ဝင်သွားလိုက်သည်။

အခန်းထဲမှာစောင့်နေတာက သူ့စာအုပ်ထဲမှာ တစ်ခုခုကို သဲကြီးမဲကြီး ရှာနေပုံရတဲ့ Suho.

"Ha! တွေ့ပြီ ဒါပဲ ဒီစာပိုဒ်ပဲ။"

သိပ်မကြာလိုက်ပါ မျက်မှောင်ကြုတ်နေရာမှ Suho မျက်နှာပေါ် အပြုံးတစ်ပွင့်ရောက်လာတော့သည်။ သူရှာနေတာကို တွေ့သွားပုံပါပဲ..

"ရော့ မင်း ဒီစာပိုဒ်ကို သိလား"

Suho က သူ့ကို စာအုပ်ကို ထိုးပေးရင်း မေးလာသည်။
စာအုပ်ကို ယူကာ သူပြောတဲ့ ဟာကို ကြည့်လိုက်တော့..  ဪ.. ဒါ ဟို စာပိုဒ်ပဲ.. သူတောင် ဒီစာပိုဒ်နဲ့ အိမ်ပြန်တာနဲ့ တစ်ခုခု ဆိုင်ကို ဆိုင်မယ် ထင်ထားတဲ့ စာပိုဒ်။

"အင်း သိတယ်လေ"

"အေး အဲ့စာပိုဒ်က မင်းရဲ့ အပြန်လက်မှတ်ပဲ.."

"ဘယ်လို ဘယ်လို?"

သူနားမလည်စွာ ပြန်မေးမိတော့ Suho က သူ့ကို တည့်တည့်စိုက်ကြည့်ရင်း ခပ်ဖွဖွပြုံးပြသည်။

"ငါတို့ ဧည့်ခန်းထဲ ပြန်သွားကြမလား?"

Suho ရဲ့ မဆီမဆိုင် မေးခွန်းကြောင့် သူ မျက်မှောင်ကြုတ်လိုက်မိသည်။

"Suho မင်းခုနကပြောတာ -"

"ဧည့်ခန်းထဲမှာ ငါရှင်းပြပါ့မယ်"

သူ့စကားကိုတောင် အဆုံးမသတ်စေဘဲ ဖြတ်ပြောပြီး Suho က စာအုပ်ကို သူ့လက်ထဲမှာ ပြန်ယူကာ အခန်းထဲက ထွက်သွားတာမို့ သူလည်းနောက်ကနေ မြန်မြန် လိုက်သွားရသည်။

ဧည့်ခန်းထဲရောက်တော့ သူတို့နှစ်ယောက်လုံး မျက်နှာချင်းဆိုင်ခုံနှစ်ခုံမှာ နေရာယူလိုက်ကြပြီး Suho က စာအုပ်ကို ထိုစာပိုဒ်ရှိရာနေရာသို့ လှန်လျက် စားပွဲပေါ်တင်လိုက်လေသည်။

"အင်း.. အရင်ဆုံး မင်းစာအုပ်ကို မင်းခွင့်ပြုချက်မပါဘဲ ယူဖတ်မိလို့ တောင်းပန်ပါတယ် ဆိုတာနဲ့  စရမယ်ထင်တယ်။

ဖြစ်ပုံကတော့ကွာ.. ဘာရယ်မဟုတ် မင်း အခန်းထဲကို ငါဝင်ကြည့်မိရင်း အဲ့စာအုပ်လေးကို မြင်မိရာက စတာပဲ.. ယူဖတ်ကြည့်မိရင်း ဟောဒီ စာပိုဒ်ကို တွေ့တော့ မင်းကိုပြောဖူးတဲ့ ငါတွေ့တယ်ဆိုတဲ့ ဒီစာအုပ်ကြီးကို သွားသတိရမိတယ်ကွာ.."

Suho က လှန်ထားတဲ့ စာမျက်နှာကို လက်ညှိုးနှင့် ထောက်ပြရင်း ပြောလာသည်။ ထို့နောက် စားပွဲအောက်အဆင့်မှာ တင်ထားတဲ့ စာအုပ်အထူတစ်ခုကို စားပွဲပေါ် ယူတင်လိုက်လေသည်။

"ဘာလို့လဲဆိုတော့ ဒီစာပိုဒ်က ငါမင်းကို ပြောဖူးတဲ့ ဒီစာအုပ်ကြီးထဲမှာလည်း ပါတယ်ဆိုတဲ့ စာပိုဒ်ပဲ.. အမွေဆက်ခံသူတွေ ရွတ်ပြီး Time Travel လုပ်နိုင်တဲ့ စာပိုဒ်.."

သူ့ခေါင်းထဲ စပြီး မေးခွန်းများနှင့် ရှုပ်ထွေးလာသည်ကို သူခံစားနေရသည်။ သို့သော် ထိုမေးခွန်းများကို ခေါင်းထဲမှ မောင်းထုတ်ကာ Suho ပြောတာကို ပဲ စိတ်ရှင်းရှင်းနှင့် နားထောင်ဖို့ သူဆုံးဖြတ်လိုက်သည်။ မေးစရာရှိလည်း နောက်ဆုံးမှ မေးတာပေါ့..

"အင်း ဆက်ပြောပါဦး.."

"ပြီးတော့ ငါနောက်တစ်ခု သိလိုက်ရတာက မင်းက အမွေဆက်ခံသူ ဘယ်လိုဖြစ်နေရတာလဲ ဆိုတာပဲ.. မင်းအဖေနဲ့ မင်း ဦးလေးက ဒီမြို့ကို တည်ထောင်တုန်းက အကြီးအကဲတွေထဲမှာ ပါတယ် Soo.. စာအုပ်နဲ့ အတူ ပါလာတဲ့ ဓာတ်ပုံကို မင်းလည်း သိမှာပါ။ အဲ့ပုံမှာ မင်းမိသားစုဝင်တွေနဲ့အတူ ဘေးမှာရပ်နေတဲ့ မိန်းကလေးကို တွေ့လား အဲ့မိန်းကလေးက Young နဲ့ ပတ်သက်နေတယ်။ ဘယ်လိုပတ်သက်နေတာလဲတော့ ငါအခုထိမသိသေးဘူး။"

Suho က သက်ပြင်းချရင်း စကားကို ခဏနားသည်။

"မင်း အမြန်ဆုံး ပြန်မှ ဖြစ်မယ် Soo.. မကောင်းတာတွေ ဖြစ်လာတော့မယ်"

ထို့နောက် Suho ဆက်ပြောလိုက်တဲ့ စကားကြောင့် သူ့စိတ်တွေ အဆုံးစွန်ထိ လေးလံသွားရသည်။
ဘာတွေဖြစ်နေတာလဲ.. Suho ပြောသမျှအကုန်ကို သူကြားလိုက်ရပေမဲ့ ခေါင်းထဲကို ဘာမှ မရောက်သလိုလို.. နားလည်ပေမဲ့ နားမလည်သလိုလို.. စိတ်တွေ အလွန်ရှုပ်ထွေးနေသည်။

ခေါင်းငုံ့ထားမိရာက Suho ကို ပြန်မော့ကြည့်မိတော့ Suho က သူ့ကို လေးနက်စွာ စိုက်ကြည့်နေသည်။

အိမ်ပြန်ရမယ်..

အင်း မပြန်ခင် အရင်ဆုံး ဘာတွေဖြစ်နေတာလဲ သိရအောင် ဒီစာအုပ်နှစ်အုပ်ကို သူ ဖတ်ကြည့်ဦးမှ ဖြစ်မည်။ မရှင်းတာတွေ Suho ကိုမေးဦးမှ ဖြစ်မည်။ ဘာမှ သေချာ မသိရဘဲနဲ့တော့ သူ ပြန်မသွားနိုင်ပါ။

ဟူး.. ဘာတွေဆက်ဖြစ်ဦးမှာလဲ..

စားပွဲပေါ်မှာရှိတဲ့ စာအုပ်နှစ်အုပ်ကိုတစ်လှည့် Suho ကိုတစ်လှည့် လှမ်းကြည့်ရင်း သူ သက်ပြင်းသာ ချမိတော့သည်။
~^~^~^~^~

Continue Reading

You'll Also Like

9K 1.1K 24
Jungkook Atlas Francis - Taehyung Rowan Elliot
682K 51K 46
wang yibo💚 ခင်​ဗျားတို့ သိကြလားကျွန်​​တော်​ကအတ္တကြီးပြီး အချစ်​နဲ့အမုန်းကိုမခွဲခြားတတ်​တဲ့ အချစ်​ရှုံးသမားဆိုတာ..... ခင်ဗျားတို့သိကြလားကျွန်တော်ကအတ္တ...
10.9K 2K 20
ජීවිතේ ප්‍රේමනීය පරිච්ඡේද ලියවුනේම ආදරනීය හමුවීම් එක්ක.... ......❤️
578K 75.3K 80
Ya Amar = My Moon or My most beautiful (Alpha & Omega)