ဦး

נכתב על ידי YunjaeminCassiopeia

559K 46.4K 2.3K

စိတ္ကူးရတုန္းခနေရးတင္သည္ עוד

ဦး - ၁
ဦး - ၂
ဦး - ၃
ဦး - ၄
ဦး - ၅
ဦး - ၆
ဦး - ၇
ဦး - ၈
ဦး - ၉
ဦး - ၁၀
ဦး - ၁၁
Not Update
ဦး - ၁၂
ဦး - ၁၃ (Short Part)
ဦး - ၁၄
ဦး - ၁၅
ဦး - ၁၆
ဦး - ၁၇
ဦး - ၁၈
ဦး - ၁၉
Evidence
ဦး - ၂၁
ဦး - ၂၂.၁(ENDING P1)
ဦး - ၂၂.၂(Ending P2)
No Title
Not update
သားငယ်
ဦး
Pre-order
🚨🚨🚨🚨🚨
ဦးရဲ့ ပရိတ်သတ်များထံသို့
အလွမ်းပြေ

ဦး - ၂၀

18.2K 1.8K 82
נכתב על ידי YunjaeminCassiopeia

Zawgyi

ဦး
အပိုင္း(၂၀)

..........................
"ဦး ကိုခ်စ္တယ္"
ခပ္ေဆြးေဆြးစကားသံတုိးတုိး နားထဲတိုး၀င္လာတဲ႔အခါ
ျမည္တမ္းလာတဲ႕ Alarmသံတစ္ခ်ိဳ႕လို လူကငုတ္တုပ္ထထိုင္မိတယ္။
ညအိပ္မီးေရာင္သာလင္းတဲ႕အခန္းမွာ အသံပိုင္ရွင္သည္ အရိပ္ေယာင္ပင္မေတြ႕ရ။
မနက္ ၂ နာရီ
မအိပ္ခင္က ေသာက္လက္စ၀ီစကီခြက္ရယ္
လက္ထဲကကိုင္ထားတဲ႕ ပိုင္ရွင္စြန္ပစ္ခံ ရွပ္အက်ီၤတစ္ထည္ရယ္
အခ်ိန္ ၃ႏွစ္ဆုိတဲ႕ေနာက္မွာ ပိုင္ရွင္ရဲ႕အေငြ႕အသက္က ခပ္ပါးပါးရယ္သာက်န္သည္။
သူႏွစ္သက္ေသာ ပရုပ္လံုးေတြနဲ႕ သူက်န္ခဲ႕တဲ႕ ပစၥည္းတစ္ခ်ိဳ႕ကိုသိမ္းဆည္းတယ္။
သတိရတုိင္း ဟင္႕အင္း
ညတုိင္း ထုတ္ယူကာေပြ႕ဖက္အိပ္ျဖစ္တယ္။
လံုျခံဳေႏြးေထြးမႈတစ္ခုကို ၁၀၀ရာခိုင္ႏႈန္းမေပးႏုိင္ရင္ေတာင္မွ အထီးက်န္မႈကေန စကၠန္႕ပိုင္းမွ်လြတ္ေျမာက္ရရင္ေက်နပ္ပါျပီ။
"ဦး ကိုခ်စ္တယ္"
လိမ္တယ္
တကယ္ခ်စ္ရင္ ခုလိုဘယ္ပစ္ထားရက္ပါ႕မလဲ
မင္းလိမ္တယ္ သားငယ္

...............................
တာ၀န္ေတြ ရွိေသးသည္မုိ႕ အလုပ္သြားရန္တာရာအိပ္ေနလုိ႕မျဖစ္
ညည္းစီေနေသာ ေခါင္းက မအိပ္ရလုိ႕လား ေသာက္လြန္းလို႕လားမကြဲ

မင္း မဆင္မျခင္ေသာက္ေသမယ္ လုိ႕ ျကိမ္း၀ါးတတ္တဲ႕သူငယ္ခ်င္းကလဲ
ကိစၥတခ်ိဳ႕ျဖစ္ျပီးတဲ႕ေနာက္မွာ သူကလည္းေရွာင္ ကိုယ္ကလည္းေရွာင္ မေတြ႕ျဖစ္ျကေတာ႕
အဆံုးသတ္ေတာ႕ ဘာမွမက်န္တာ တာရာ႕အတြက္ေတာ႕ရိုးေနပါျပီ

မိတင္းလုပ္မယ္ဆုိေတာ႕ တစ္ဖက္က စားေသာက္ခန္းကို ဦးစီးမယ္ဆုိတဲ႕ လူရဲ႕ အုိင္ဒီယာကိုလည္းေမးခ်င္ပါတယ္ဆုိျပီး
ခ်က္ခ်င္းမဆံုးျဖတ္ႏိုင္ ေစာင္႕ခုိင္းေနျပန္သည္။
ဒီေလာက္ မိမိျကိုတင္ျပင္ဆင္ထားသည္ကိုပင္ သူတုိ႕မွာ မႏွစ္သက္ႏုိင္
ျပင္သစ္လူမ်ိဳးေတြပါေနတာေျကာင္႕ အဂၤလိပ္လုိေျပာရ ဘာသာျပန္ကိုျပန္ရွင္းရ
လူက တကယ္ကို ပစ္လွဲခ်င္စိတ္ေတြပါ ေပါက္ေနျပီ
တံခါးေခါက္သံနဲ႕အတူ ျပင္သစ္စကားေျပာကာ ၀င္လာတဲ႕ လူရိပ္ေျကာင္႕ တာရာစိတ္ေပါက္ေပါက္နဲ႕ေမာ႕ျကည္႕လုိက္သည္။

နားထဲမွာ တံေယာထိုးသံ သဲ႕သဲ႕ေလးျကားေယာင္ေနသလုိ
နက္ျပာေရာင္ အေနာက္တုိင္၀တ္စံုအျပည္႕နဲ႕ ဆံပင္ေတြသပ္တင္ထားကာ မတင္းလြန္းမေလ်ာ႕လြန္းေသာ အျပံဳးပိုင္ရွင္က ေရွ႕က ျပင္သစ္လူမ်ိဳးမ်ားကို
စကားေျပာကာလက္ဆြဲႏႈတ္ဆက္သည္။
တာရာနဲ႕အတူ ဆြံ႕အေနဆဲ အတြင္းေရးမွဴးကလည္း ဖိုင္တြဲဖြင္႕ေနရာကတန္းလန္းျကီးရပ္လုိ႕

"ျပန္ေတြ႕ရတာ ၀မ္းသာပါတယ္ ဦးမင္းျမတ္တာရာ"

"သားငယ္"

အေယာင္ေယာင္အနနလက္ဆြဲႏႈတ္ဆက္လိုက္ျပီး
မိတင္းထဲမွာအေျကာင္းအရာေတြကို မနည္းလိုက္မွီေအာင္ နားေထာင္ကာ ျပန္လည္ေဆြးေႏြးႏိုင္ခဲ႕ေပမယ္႕
တာရာ႕ႏွလံုးခုန္သံသည္ အရမ္းကိုက်ယ္ေလာင္လြန္းေန၍ ဖိကုိင္ကာ ခ်ဳပ္တည္းထားလုိက္ခ်င္ေတာ႕သည္အထိ။

အေျပာင္းအလဲမရွိသည္႕မ်က္ႏွာနဲ႕ သူလိုခ်င္တဲ႕အခ်က္အလက္မ်ားကို တင္ျပကာ ဒီဇုိင္းတစ္ခုျဖစ္လာဖုိ႕ ေဆြးေႏြးေနတဲ႕သူက
တစ္ဖက္က ျပင္သစ္လူမ်ိဳးမ်ားကို ျပင္သစ္စကားျဖင္႕ ကၽြမ္းက်င္စြာ တုိင္ပင္ေနေလရဲ႕။
အခ်ိန္သံုးႏွစ္ဆုိတာ လူတစ္ေယာက္ကို လိုသည္ထက္ျပီးျပည္႕စံုေစေလသလား။

"ေအာက္မွာေစာင္႕ေနမယ္ေနာ္"

လူလစ္ခ်ိန္ေလး နားနားကပ္ကာ ေျပာေတာ႕

"ကၽြန္ေတာ္ အလုပ္ရွိေသးတယ္ ဦးမင္းျမတ္တာရာ ေဆြးေႏြးစရာအခ်က္ေတြက်န္ေသးရင္
ေနာက္ မိတင္းမွေပါ႕"

အရင္လုိခ်ိဳျမိန္ျခင္းအလ်ဥ္းမရွိ
အမိန္႕ဆန္ဆန္ဟု တာရာတင္စားရမည္လား

စိတ္ဆုိးေနတုန္းဘဲလား သားငယ္
ငါ ဘယ္လိုေခ်ာ႕ရမွာလဲ
ေခ်ာ႕လို႕ေကာ ျပန္စိတ္ေျပလာမယ္႕ ကေလးေလးေကာ မင္းက ဟုတ္ပါေသးရဲ႕လား။
..........................

"ဒယ္ဒီ"

ေနာက္ေက်ာေပးကာ အ၀တ္အစားေတြထည္႕ေနတဲ႕ ဒယ္ဒီက တခ်က္ေလးမွ ေစာင္းငဲ႕မျကည္႕လာခဲ႕ပါ
တစ္ပတ္ေက်ာ္ျကာ ေပ်ာက္သြားသည္႕ဒယ္ဒီကို အိပ္ယာထဲ ဗုန္းဗုန္းလဲေနသည္႕ ရန္ရန္တစ္ေယာက္ ကုတင္ထက္ကသာ ေမွ်ာ္ေနႏိုင္ခဲ႕သည္။
ခုလည္း ျပန္လာသံကို အခန္းထဲက သဲ႕သဲ႕ျကားရေသာ္ျငား
ရန္ရန္႕အခန္းထဲေရာက္မလာသည္မို႕ ခႏၶာကိုယ္ကို အတင္းဆြဲအားတင္းေလွ်ာက္လွမ္းလာရသည္။

"ခရီးသြားရမွာလား ဒယ္ဒီ"

မ်က္တြင္းေတြက်ကာ ပါးမို႕ေလးေတြပါ ခ်ိဳင္႕ေနတဲ႕ ရန္ရန္႕အသံသည္တုိးေပမယ္႔ ဒယ္ဒီျကားႏိုင္ေလာက္ပါသည္။
ဒါနဲ႕ေတာင္ ဘယ္လုိမ်ား မသိခ်င္ေယာင္ေဆာင္ရက္ရတာလဲ

"ဒယ္ဒီ"

အ၀တ္အိတ္ကို ဆြဲမကာ ဒယ္ဒီက ရန္ရန္႕ပခံုးကိုတုိက္ထြက္သြားသည္။
ရွိသမွ်အားကိုတင္းကာ ဒယ္ဒီလက္ကိုဆြဲေတာ႕ ပုတ္ထုတ္ခံလုိက္ရတာဘဲရွိသည္။

"ဘယ္သြားမလုိ႕လဲဒယ္ဒီ ရယ္"

"ငါ ဒီအိမ္က မင္းနာမည္နဲ႕လႊဲထားျပီးသား မင္းပိုင္တယ္
အေမြစားအေမြခံျဖစ္ေနတာ အကုန္မင္းဘဲ ငါေသရင္ မင္းရမယ္
ခုေတာ႕ ငါနဲ႕ပတ္သတ္စရာမလုိေတာ႕ဘူး"

"ဒယ္ဒီ ဘယ္လုိေျပာလုိက္တာလဲ"

"မင္းလုိခ်င္တာ ဒါမဟုတ္လား
ေအး မင္းကငါ႕သားအရင္းမဟုတ္တာ ငါသိျပီးျပီ
မင္းအရင္ျကိုသိေနေတာ႕ မင္းက ငါ႕ကို အေဖလုိမသတ္မွတ္ႏိုင္တာ ငါေနာက္မွသိရတာေပါ႕
ေအးေလ ဘယ္ေလာက္ ငါပ်ိဳးေထာင္ခဲ႕ပါေစ ဖေအအရင္းမဟုတ္တဲ႕ငါ႕ကို မင္းဘယ္ခ်စ္ခင္ ရိုေသႏုိင္ပါ႕မလဲ"

"မဟုတ္ဘူး
မဟုတ္ဘူး ဒယ္ဒီ"

"ငါ ေျပာတာမွားေနလား ရန္ရန္!"

ဒယ္ဒီ မ်က္ႏွာေပၚမွာ မ်က္ရည္စီးေျကာင္းေတြ ယူျကံဳးမရျခင္းေတြက မ်က္ႏွာေပၚမွာအထင္းသား

"မင္း ဘယ္လုိမ်ားေျပာထြက္တာလဲ ရန္ရန္ရယ္
ငါ႕မွာေတာ႕ ငယ္ငယ္ကတည္းက ပိုးေမြးသလုိေမြးခဲ႕ရတာ
မင္းကေတာ႕ ဘာ ငါ႕မွာ မင္းကိုဆံုးမခြင္႕မရွိဘူးတဲ႕လား"

ဆိုဖာေပၚထုိင္ခ်ကာ ဒယ္ဒီ ရိႈက္ျကီးတငင္ငိုေျကြးသည္။
ထိုးေအာင္႕လာေသာ ရင္ဘတ္ကို ရန္ရန္လစ္လ်ဴရႈလုိက္ရသည္။

ဒယ္ဒီပါးျပင္ႏွစ္ဖက္ကုိ ရန္ရန္႕လက္အစံုနဲ႕ တယုတယယူသည္
ရန္ရန္႕ကို ေျကကြဲစြာျကည္႕ေနသည္႕ အျကည္႕ကို မျမင္ရက္
မ်က္ရည္စီးေျကာင္းမ်ားကို လက္ဖ၀ါးေလးနဲ႕ သုတ္ေပးကာ
ရက္ေပါင္းမ်ားစြာ စိတ္ကူးယဥ္ခဲ႕ရပါေသာ ဒယ္ဒီႏႈတ္ခမ္းထက္ အနမ္းတစ္ပြင္႕

ဆြံ႕အတုန္လႈပ္ေနတဲ႕ ဒယ္ဒီ ကို ရန္ရန္ျပံဳးကာျကည္႕မိသည္။

"ရန္ရန္ကေလ ဒယ္ဒီသားအျဖစ္ အဆံုးမခံခ်င္တာမဟုတ္ဘူး ဒယ္ဒီ
ဒယ္ဒီ ခ်စ္သူအျဖစ္ ေနခ်င္တာ
ရန္ရန္က ဒယ္ဒီကုိ သိပ္ခ်စ္တာ"

"မင္း ရန္ရန္ ဘာစကားေတြကို အခုေျပာလိုက္တာလဲ"

သိပ္ခ်စ္ရတဲ႕ အေျကာင္းရာေတြေပါ႕ဒယ္ဒီ
ခ်စ္လြန္းလို႕ စိတ္ကူးေလးနဲ႕ရူးခဲ႕ရတဲ႕ ရက္တခ်ိဳ႕အေျကာင္းေပါ႕

ေခၚသံသည္ တုိးလာလုိက္ က်ယ္လာလိုက္
နာျကင္တင္းျကပ္လာတဲ႕ ရင္ဘတ္အစံုက
ဒယ္ဒီကိုခ်စ္ဖုိ႕ အင္အားတစ္ခုဘဲရွိတာရယ္။
...............................
တစ္ခ်ိန္က သူ႕အေနာက္ကို တေကာက္ေကာက္လုိက္တတ္ေသာ ေကာင္ေလးသည္ မ်က္စိေရွ႕တြင္ရွိသည္။
ကားပါကင္မွာ မိုးရြာရြာေနပူပူေစာင္႕ေနတတ္ေသာ ေကာင္ေလးသည္ မ်က္စိေရွ႕တြင္ရွိသည္။
မနက္ဆုိ မထမခ်င္း ဂရုတစိုက္ႏိႈးတတ္သည္႕ ေကာင္ေလးသည္ မ်က္စိေရွ႕တြင္ရွိသည္။
ညေရာက္တုိင္းရင္ခြင္ထဲတုိး၀င္တတ္ေသာ ေကာင္ေလးသည္ မ်က္စိေရွ႕တြင္ရွိသည္။

သို႕ေသာ္ ထုိေကာင္ေလးသည္ အရင္လုိခ်ိဳျမိန္ေသာ ကေလးငယ္ေလးတစ္ေယာက္မဟုတ္ေတာ႕
ဆြဲျပလာေသာ မ်က္ႏွာက်က္ ဒီဇိုင္းမ်ားကို အလုိမက်စြာ မ်က္ေမွာင္ကုတ္ျကည္႕ေနေလသည္။

"မင္းအဆင္မေျပတာရွိရင္ လုိခ်င္တဲ႕အခ်က္ကို ထပ္ေျပာ ေလ ငါထပ္ျပင္လုိက္မယ္"

"ျပီးခဲ႕တဲ႕အေခါက္ မိတင္းမွာထဲက ကၽြန္ေတာ္တုိ႕ဘက္အျခမး္က လုိအပ္တာကိုေျပာျပီးသားလို႕ထင္တယ္
အဲ႕အတုိင္းျဖစ္မလာတာကို ဘာထပ္ေျပာဖို႕ လုိမယ္လုိ႕ ခင္ဗ်ားထင္လဲ ဦးမင္းျမတ္တာရာ
ျပီးေတာ႕ ခင္ဗ်ားနဲ႕ ရင္းႏွီးေနသလိုပံုဖမး္ျပီး ေျပာဆုိတာေလးဆင္ျခင္ေပးရင္ေကာင္းမယ္
ကၽြန္ေတာ္ ကခင္ဗ်ားအလုပ္ရွင္ပါ"

ဟန္မေဆာင္ႏိုင္စြာ သူသန္႕စင္ခန္းကို ခြင္႕ေတာင္းထြက္လာခဲ႕မိရသည္အထိ။
နာျကင္လာတာေျကာင္႕ ရင္ဘတ္ကေနပ်ိဳ႕တက္လာခဲ႕သည္။
မနက္စာလဲ အမ်ားျကီးမစားထားဘဲနဲ႕ကြာ
ထုိးအန္လုိက္မိတာေတာင္ ျပည္႕တင္းေနသလို ခံစားခ်က္
ေခၽြးေစးေတြျပန္ကာ လက္ေတြကာ ေအးစက္လုိ႕

အနားေရာက္လာတဲ႕ ေျခသံပိုင္ရွင္ကို သိေနေပမယ္႕ ေဘစင္ကေန မ်က္ႏွာမခြာရဲ။
က်ဆင္းေနတဲ႕ ေရမႊားေတြကို သာ အညိွဳးနဲ႕စိုက္ျကည္႕ေနမိသည္။
ေအးေအးေဆးေဆး လက္ေဆးနဲ႕တဲ႕သူ႕ကို ေပြ႕ဖက္ခ်င္သည္။
ဘယ္လိုနာျကင္ေနရေျကာင္း ငိုေျကြးတုိင္တန္းလုိက္ခ်င္သည္။
သူ႕ရင္ဘတ္ကိုထုကာ သိပ္လြမ္းေျကာင္း ေျပာျပခ်င္သည္။
မိန္းမဆန္ေနမယ္ဆုိတာသိေပမယ္႕ တာရာ တကယ္ကိုလႊတ္ခ်လုိက္ခ်င္ေနျပီ

စိ္တ္ေလ်ွာ႕လုိက္တာေျကာင္႕ က်ဆင္းလာတဲ႕ မ်က္ရည္ေတြက သခင္ကို အလုိက္မသိ
အနည္းဆံုးေတာ႕သူထြက္သြားတာအထိေစာင္႕သင္႕တာေပါ႕

ပခံုးကိုျကမ္းတမ္းစြာဆုပ္ကိုင္လာတဲ႕လက္တစ္စံုရယ္ ပစ္တြန္းခံလုိက္ရတာေျကာင္႕
နံရံနဲ႕ေဆာင္႕မိသြားတဲ႕ေက်ာျပင္ရယ္
နာျကင္မႈကိုညည္းတြားဖုိ႕ အခိ်န္က စကၠန္႕၀က္မွ်သာ
ႏႈတ္ခမ္းထက္ကို အရွိန္ျပင္းျပင္းက်ေရာက္လာတဲ႕ လြမ္းေမာရပါေသာ အနမ္းမ်ား
အသက္ရႈရခက္ခဲလာသည္႕တုိင္ေအာင္ ရပ္တန္႕သြားမည္ကိုမလိုလား
ဘယ္ေလာက္ ေတာင္ ေတာင္းတခဲ႕ရသည္လဲ
အရွက္မရွိသည္ဘဲ ဆုိခ်င္ဆုိပါေစေတာ႕
ေက်ာျပင္က်ယ္ကို ပြတ္သပ္ကာ နမ္းေနရင္းကပင္ လြမး္မိကာ မ်က္ရည္တုိ႕က က်ဆင္းလာရျပန္သည္။
လြတ္သြားသည္႕ သူ႕ႏႈတ္ခမ္းကို ႏွေမ်ာစြာရွာေဖြေတာ႕ မ်က္ရည္မ်ားျကားပင္
တြန္႕ခ်ိဳးထားသည္႕ မ်က္ခံုးတန္းမ်ား

"က်စ္ ခင္ဗ်ား ကၽြန္ေတာ႕ကို ဘာျဖစ္ေစခ်င္ေနတာလဲ ဦး..အင္႕"

မျကားခ်င္ သူ႕ႏႈတ္ခမ္းထက္မွာ စိမ္းကားလြန္းပါေသာ ဦးမင္းျမတ္တာရာဆုိေသာ အသံုးအႏႈန္းအား ျကားလုိစိတ္မရွိေတာ႕
တကယ္
ငါ မင္းကို ဘယ္ေလာက္လြမ္းေနလဲ သားငယ္
ျပီးေတာ႕ ငါမင္းကို ဘယ္ေလာက္မ်ား ခ်စ္မိေနခဲ႕ပါလဲ။
..........................................

စိတ္ရွည္ေစာင္႕ဆုိင္း သည္းခံဖတ္ရႈသူမ်ားအားခ်စ္ျမတ္ႏိုးလ်က္
ေပါ႕ဆမႈ လစ္ဟာမႈမ်ားအတြက္ သည္းခံေပးေစခ်င္ပါေျကာင္း

Unicode

ဦး
အပိုင်း(၂၀)

..........................
"ဦး ကိုချစ်တယ်"
ခပ်ဆွေးဆွေးစကားသံတိုးတိုး နားထဲတိုးဝင်လာတဲ့အခါ
မြည်တမ်းလာတဲ့ Alarmသံတစ်ချို့လို လူကငုတ်တုပ်ထထိုင်မိတယ်။
ညအိပ်မီးရောင်သာလင်းတဲ့အခန်းမှာ အသံပိုင်ရှင်သည် အရိပ်ယောင်ပင်မတွေ့ရ။
မနက် ၂ နာရီ
မအိပ်ခင်က သောက်လက်စဝီစကီခွက်ရယ်
လက်ထဲကကိုင်ထားတဲ့ ပိုင်ရှင်စွန်ပစ်ခံ ရှပ်အကျီၤတစ်ထည်ရယ်
အချိန် ၃နှစ်ဆိုတဲ့နောက်မှာ ပိုင်ရှင်ရဲ့အငွေ့အသက်က ခပ်ပါးပါးရယ်သာကျန်သည်။
သူနှစ်သက်သော ပရုပ်လုံးတွေနဲ့ သူကျန်ခဲ့တဲ့ ပစ္စည်းတစ်ချို့ကိုသိမ်းဆည်းတယ်။
သတိရတိုင်း ဟင့်အင်း
ညတိုင်း ထုတ်ယူကာပွေ့ဖက်အိပ်ဖြစ်တယ်။
လုံခြုံနွေးထွေးမှုတစ်ခုကို ၁၀၀ရာခိုင်နှုန်းမပေးနိုင်ရင်တောင်မှ အထီးကျန်မှုကနေ စက္ကန့်ပိုင်းမျှလွတ်မြောက်ရရင်ကျေနပ်ပါပြီ။
"ဦး ကိုချစ်တယ်"
လိမ်တယ်
တကယ်ချစ်ရင် ခုလိုဘယ်ပစ်ထားရက်ပါ့မလဲ
မင်းလိမ်တယ် သားငယ်

...............................
တာဝန်တွေ ရှိသေးသည်မို့ အလုပ်သွားရန်တာရာအိပ်နေလို့မဖြစ်
ညည်းစီနေသော ခေါင်းက မအိပ်ရလို့လား သောက်လွန်းလို့လားမကွဲ

မင်း မဆင်မခြင်သောက်သေမယ် လို့ ကြိမ်းဝါးတတ်တဲ့သူငယ်ချင်းကလဲ
ကိစ္စတချို့ဖြစ်ပြီးတဲ့နောက်မှာ သူကလည်းရှောင် ကိုယ်ကလည်းရှောင် မတွေ့ဖြစ်ကြတော့
အဆုံးသတ်တော့ ဘာမှမကျန်တာ တာရာ့အတွက်တော့ရိုးနေပါပြီ

မိတင်းလုပ်မယ်ဆိုတော့ တစ်ဖက်က စားသောက်ခန်းကို ဦးစီးမယ်ဆိုတဲ့ လူရဲ့ အိုင်ဒီယာကိုလည်းမေးချင်ပါတယ်ဆိုပြီး
ချက်ချင်းမဆုံးဖြတ်နိုင် စောင့်ခိုင်းနေပြန်သည်။
ဒီလောက် မိမိကြိုတင်ပြင်ဆင်ထားသည်ကိုပင် သူတို့မှာ မနှစ်သက်နိုင်
ပြင်သစ်လူမျိုးတွေပါနေတာကြောင့် အင်္ဂလိပ်လိုပြောရ ဘာသာပြန်ကိုပြန်ရှင်းရ
လူက တကယ်ကို ပစ်လှဲချင်စိတ်တွေပါ ပေါက်နေပြီ
တံခါးခေါက်သံနဲ့အတူ ပြင်သစ်စကားပြောကာ ဝင်လာတဲ့ လူရိပ်ကြောင့် တာရာစိတ်ပေါက်ပေါက်နဲ့မော့ကြည့်လိုက်သည်။

နားထဲမှာ တံယောထိုးသံ သဲ့သဲ့လေးကြားယောင်နေသလို
နက်ပြာရောင် အနောက်တိုင်ဝတ်စုံအပြည့်နဲ့ ဆံပင်တွေသပ်တင်ထားကာ မတင်းလွန်းမလျော့လွန်းသော အပြုံးပိုင်ရှင်က ရှေ့က ပြင်သစ်လူမျိုးများကို
စကားပြောကာလက်ဆွဲနှုတ်ဆက်သည်။
တာရာနဲ့အတူ ဆွံ့အနေဆဲ အတွင်းရေးမှူးကလည်း ဖိုင်တွဲဖွင့်နေရာကတန်းလန်းကြီးရပ်လို့

"ပြန်တွေ့ရတာ ဝမ်းသာပါတယ် ဦးမင်းမြတ်တာရာ"

"သားငယ်"

အယောင်ယောင်အနနလက်ဆွဲနှုတ်ဆက်လိုက်ပြီး
မိတင်းထဲမှာအကြောင်းအရာတွေကို မနည်းလိုက်မှီအောင် နားထောင်ကာ ပြန်လည်ဆွေးနွေးနိုင်ခဲ့ပေမယ့်
တာရာ့နှလုံးခုန်သံသည် အရမ်းကိုကျယ်လောင်လွန်းနေ၍ ဖိကိုင်ကာ ချုပ်တည်းထားလိုက်ချင်တော့သည်အထိ။

အပြောင်းအလဲမရှိသည့်မျက်နှာနဲ့ သူလိုချင်တဲ့အချက်အလက်များကို တင်ပြကာ ဒီဇိုင်းတစ်ခုဖြစ်လာဖို့ ဆွေးနွေးနေတဲ့သူက
တစ်ဖက်က ပြင်သစ်လူမျိုးများကို ပြင်သစ်စကားဖြင့် ကျွမ်းကျင်စွာ တိုင်ပင်နေလေရဲ့။
အချိန်သုံးနှစ်ဆိုတာ လူတစ်ယောက်ကို လိုသည်ထက်ပြီးပြည့်စုံစေလေသလား။

"အောက်မှာစောင့်နေမယ်နော်"

လူလစ်ချိန်လေး နားနားကပ်ကာ ပြောတော့

"ကျွန်တော် အလုပ်ရှိသေးတယ် ဦးမင်းမြတ်တာရာ ဆွေးနွေးစရာအချက်တွေကျန်သေးရင်
နောက် မိတင်းမှပေါ့"

အရင်လိုချိုမြိန်ခြင်းအလျဉ်းမရှိ
အမိန့်ဆန်ဆန်ဟု တာရာတင်စားရမည်လား

စိတ်ဆိုးနေတုန်းဘဲလား သားငယ်
ငါ ဘယ်လိုချော့ရမှာလဲ
ချော့လို့ကော ပြန်စိတ်ပြေလာမယ့် ကလေးလေးကော မင်းက ဟုတ်ပါသေးရဲ့လား။
..........................

"ဒယ်ဒီ"

နောက်ကျောပေးကာ အဝတ်အစားတွေထည့်နေတဲ့ ဒယ်ဒီက တချက်လေးမှ စောင်းငဲ့မကြည့်လာခဲ့ပါ
တစ်ပတ်ကျော်ကြာ ပျောက်သွားသည့်ဒယ်ဒီကို အိပ်ယာထဲ ဗုန်းဗုန်းလဲနေသည့် ရန်ရန်တစ်ယောက် ကုတင်ထက်ကသာ မျှော်နေနိုင်ခဲ့သည်။
ခုလည်း ပြန်လာသံကို အခန်းထဲက သဲ့သဲ့ကြားရသော်ငြား
ရန်ရန့်အခန်းထဲရောက်မလာသည်မို့ ခန္ဓာကိုယ်ကို အတင်းဆွဲအားတင်းလျှောက်လှမ်းလာရသည်။

"ခရီးသွားရမှာလား ဒယ်ဒီ"

မျက်တွင်းတွေကျကာ ပါးမို့လေးတွေပါ ချိုင့်နေတဲ့ ရန်ရန့်အသံသည်တိုးပေမယ့် ဒယ်ဒီကြားနိုင်လောက်ပါသည်။
ဒါနဲ့တောင် ဘယ်လိုများ မသိချင်ယောင်ဆောင်ရက်ရတာလဲ

"ဒယ်ဒီ"

အဝတ်အိတ်ကို ဆွဲမကာ ဒယ်ဒီက ရန်ရန့်ပခုံးကိုတိုက်ထွက်သွားသည်။
ရှိသမျှအားကိုတင်းကာ ဒယ်ဒီလက်ကိုဆွဲတော့ ပုတ်ထုတ်ခံလိုက်ရတာဘဲရှိသည်။

"ဘယ်သွားမလို့လဲဒယ်ဒီ ရယ်"

"ငါ ဒီအိမ်က မင်းနာမည်နဲ့လွှဲထားပြီးသား မင်းပိုင်တယ်
အမွေစားအမွေခံဖြစ်နေတာ အကုန်မင်းဘဲ ငါသေရင် မင်းရမယ်
ခုတော့ ငါနဲ့ပတ်သတ်စရာမလိုတော့ဘူး"

"ဒယ်ဒီ ဘယ်လိုပြောလိုက်တာလဲ"

"မင်းလိုချင်တာ ဒါမဟုတ်လား
အေး မင်းကငါ့သားအရင်းမဟုတ်တာ ငါသိပြီးပြီ
မင်းအရင်ကြိုသိနေတော့ မင်းက ငါ့ကို အဖေလိုမသတ်မှတ်နိုင်တာ ငါနောက်မှသိရတာပေါ့
အေးလေ ဘယ်လောက် ငါပျိုးထောင်ခဲ့ပါစေ ဖအေအရင်းမဟုတ်တဲ့ငါ့ကို မင်းဘယ်ချစ်ခင် ရိုသေနိုင်ပါ့မလဲ"

"မဟုတ်ဘူး
မဟုတ်ဘူး ဒယ်ဒီ"

"ငါ ပြောတာမှားနေလား ရန်ရန်!"

ဒယ်ဒီ မျက်နှာပေါ်မှာ မျက်ရည်စီးကြောင်းတွေ ယူကြုံးမရခြင်းတွေက မျက်နှာပေါ်မှာအထင်းသား

"မင်း ဘယ်လိုများပြောထွက်တာလဲ ရန်ရန်ရယ်
ငါ့မှာတော့ ငယ်ငယ်ကတည်းက ပိုးမွေးသလိုမွေးခဲ့ရတာ
မင်းကတော့ ဘာ ငါ့မှာ မင်းကိုဆုံးမခွင့်မရှိဘူးတဲ့လား"

ဆိုဖာပေါ်ထိုင်ချကာ ဒယ်ဒီ ရှိုက်ကြီးတငင်ငိုကြွေးသည်။
ထိုးအောင့်လာသော ရင်ဘတ်ကို ရန်ရန်လစ်လျူရှုလိုက်ရသည်။

ဒယ်ဒီပါးပြင်နှစ်ဖက်ကို ရန်ရန့်လက်အစုံနဲ့ တယုတယယူသည်
ရန်ရန့်ကို ကြေကွဲစွာကြည့်နေသည့် အကြည့်ကို မမြင်ရက်
မျက်ရည်စီးကြောင်းများကို လက်ဖဝါးလေးနဲ့ သုတ်ပေးကာ
ရက်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ရပါသော ဒယ်ဒီနှုတ်ခမ်းထက် အနမ်းတစ်ပွင့်

ဆွံ့အတုန်လှုပ်နေတဲ့ ဒယ်ဒီ ကို ရန်ရန်ပြုံးကာကြည့်မိသည်။

"ရန်ရန်ကလေ ဒယ်ဒီသားအဖြစ် အဆုံးမခံချင်တာမဟုတ်ဘူး ဒယ်ဒီ
ဒယ်ဒီ ချစ်သူအဖြစ် နေချင်တာ
ရန်ရန်က ဒယ်ဒီကို သိပ်ချစ်တာ"

"မင်း ရန်ရန် ဘာစကားတွေကို အခုပြောလိုက်တာလဲ"

သိပ်ချစ်ရတဲ့ အကြောင်းရာတွေပေါ့ဒယ်ဒီ
ချစ်လွန်းလို့ စိတ်ကူးလေးနဲ့ရူးခဲ့ရတဲ့ ရက်တချို့အကြောင်းပေါ့

ခေါ်သံသည် တိုးလာလိုက် ကျယ်လာလိုက်
နာကြင်တင်းကြပ်လာတဲ့ ရင်ဘတ်အစုံက
ဒယ်ဒီကိုချစ်ဖို့ အင်အားတစ်ခုဘဲရှိတာရယ်။
...............................
တစ်ချိန်က သူ့အနောက်ကို တကောက်ကောက်လိုက်တတ်သော ကောင်လေးသည် မျက်စိရှေ့တွင်ရှိသည်။
ကားပါကင်မှာ မိုးရွာရွာနေပူပူစောင့်နေတတ်သော ကောင်လေးသည် မျက်စိရှေ့တွင်ရှိသည်။
မနက်ဆို မထမချင်း ဂရုတစိုက်နှိုးတတ်သည့် ကောင်လေးသည် မျက်စိရှေ့တွင်ရှိသည်။
ညရောက်တိုင်းရင်ခွင်ထဲတိုးဝင်တတ်သော ကောင်လေးသည် မျက်စိရှေ့တွင်ရှိသည်။

သို့သော် ထိုကောင်လေးသည် အရင်လိုချိုမြိန်သော ကလေးငယ်လေးတစ်ယောက်မဟုတ်တော့
ဆွဲပြလာသော မျက်နှာကျက် ဒီဇိုင်းများကို အလိုမကျစွာ မျက်မှောင်ကုတ်ကြည့်နေလေသည်။

"မင်းအဆင်မပြေတာရှိရင် လိုချင်တဲ့အချက်ကို ထပ်ပြော လေ ငါထပ်ပြင်လိုက်မယ်"

"ပြီးခဲ့တဲ့အခေါက် မိတင်းမှာထဲက ကျွန်တော်တို့ဘက်အခြမ်းက လိုအပ်တာကိုပြောပြီးသားလို့ထင်တယ်
အဲ့အတိုင်းဖြစ်မလာတာကို ဘာထပ်ပြောဖို့ လိုမယ်လို့ ခင်ဗျားထင်လဲ ဦးမင်းမြတ်တာရာ
ပြီးတော့ ခင်ဗျားနဲ့ ရင်းနှီးနေသလိုပုံဖမ်းပြီး ပြောဆိုတာလေးဆင်ခြင်ပေးရင်ကောင်းမယ်
ကျွန်တော် ကခင်ဗျားအလုပ်ရှင်ပါ"

ဟန်မဆောင်နိုင်စွာ သူသန့်စင်ခန်းကို ခွင့်တောင်းထွက်လာခဲ့မိရသည်အထိ။
နာကြင်လာတာကြောင့် ရင်ဘတ်ကနေပျို့တက်လာခဲ့သည်။
မနက်စာလဲ အများကြီးမစားထားဘဲနဲ့ကွာ
ထိုးအန်လိုက်မိတာတောင် ပြည့်တင်းနေသလို ခံစားချက်
ချွေးစေးတွေပြန်ကာ လက်တွေကာ အေးစက်လို့

အနားရောက်လာတဲ့ ခြေသံပိုင်ရှင်ကို သိနေပေမယ့် ဘေစင်ကနေ မျက်နှာမခွာရဲ။
ကျဆင်းနေတဲ့ ရေမွှားတွေကို သာ အညှိုးနဲ့စိုက်ကြည့်နေမိသည်။
အေးအေးဆေးဆေး လက်ဆေးနဲ့တဲ့သူ့ကို ပွေ့ဖက်ချင်သည်။
ဘယ်လိုနာကြင်နေရကြောင်း ငိုကြွေးတိုင်တန်းလိုက်ချင်သည်။
သူ့ရင်ဘတ်ကိုထုကာ သိပ်လွမ်းကြောင်း ပြောပြချင်သည်။
မိန်းမဆန်နေမယ်ဆိုတာသိပေမယ့် တာရာ တကယ်ကိုလွှတ်ချလိုက်ချင်နေပြီ

စိတ်လျှော့လိုက်တာကြောင့် ကျဆင်းလာတဲ့ မျက်ရည်တွေက သခင်ကို အလိုက်မသိ
အနည်းဆုံးတော့သူထွက်သွားတာအထိစောင့်သင့်တာပေါ့

ပခုံးကိုကြမ်းတမ်းစွာဆုပ်ကိုင်လာတဲ့လက်တစ်စုံရယ် ပစ်တွန်းခံလိုက်ရတာကြောင့်
နံရံနဲ့ဆောင့်မိသွားတဲ့ကျောပြင်ရယ်
နာကြင်မှုကိုညည်းတွားဖို့ အချိန်က စက္ကန့်ဝက်မျှသာ
နှုတ်ခမ်းထက်ကို အရှိန်ပြင်းပြင်းကျရောက်လာတဲ့ လွမ်းမောရပါသော အနမ်းများ
အသက်ရှုရခက်ခဲလာသည့်တိုင်အောင် ရပ်တန့်သွားမည်ကိုမလိုလား
ဘယ်လောက် တောင် တောင်းတခဲ့ရသည်လဲ
အရှက်မရှိသည်ဘဲ ဆိုချင်ဆိုပါစေတော့
ကျောပြင်ကျယ်ကို ပွတ်သပ်ကာ နမ်းနေရင်းကပင် လွမ်းမိကာ မျက်ရည်တို့က ကျဆင်းလာရပြန်သည်။
လွတ်သွားသည့် သူ့နှုတ်ခမ်းကို နှမျောစွာရှာဖွေတော့ မျက်ရည်များကြားပင်
တွန့်ချိုးထားသည့် မျက်ခုံးတန်းများ

"ကျစ် ခင်ဗျား ကျွန်တော့ကို ဘာဖြစ်စေချင်နေတာလဲ ဦး..အင့်"

မကြားချင် သူ့နှုတ်ခမ်းထက်မှာ စိမ်းကားလွန်းပါသော ဦးမင်းမြတ်တာရာဆိုသော အသုံးအနှုန်းအား ကြားလိုစိတ်မရှိတော့
တကယ်
ငါ မင်းကို ဘယ်လောက်လွမ်းနေလဲ သားငယ်
ပြီးတော့ ငါမင်းကို ဘယ်လောက်များ ချစ်မိနေခဲ့ပါလဲ။
..........................................

စိတ်ရှည်စောင့်ဆိုင်း သည်းခံဖတ်ရှုသူများအားချစ်မြတ်နိုးလျက်
ပေါ့ဆမှု လစ်ဟာမှုများအတွက် သည်းခံပေးစေချင်ပါကြောင်း

המשך קריאה

You'll Also Like

552K 29.8K 60
📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ...
71.3K 9.8K 36
Seokjinက ငါ့အိမ်ကကျွန်လေ... အိပ်စရာလူကုန်ရင်တောင် သူနဲ့တော့မအိပ်ဘူး၊ ကျွန်စော်နံလို့...[ABO/kookjin]
29.9K 2K 11
ငါ့ကိုလွည့္စားခဲ့တာေတြနဲ့တန္ေအာင္ ျပန္ေပးဆပ္ရမယ္ဆိုတာကုိ မင္းမေမ့နဲ့ လကၤာမွဴးပိုင္...ငါ့ကုိလွည့္စားခဲ့တဲ့မင္းကုိ ငါအရမ္းမုန္းတယ္... ...
187K 11.6K 20
The third Mafia October 12 .... October 31,2021