ဦး - ၁၈

16.9K 1.9K 142
                                    

Zawgyi

ဦး
အပိုင်း(၁၈)

မျက်စိရှေ့ကို ရောက်လာတဲ့ အအေးခွက်လေးကြောင့်
မလှုပ်မယှက်ငြိမ်နေရာကနေ ဟိန်းထက် မော့ကြည့်လိုက်သည်။

"ကျေးဇူး သားငယ်"

နွေနေပူပူရယ် ရင်ပူပူရယ်ကို ခနတာတော့အေးစေမယ့် လီမွန်တီးချိုမွှေးတစ်ခွက်။
ပြေးထွက်သွားသည့် ရန်ရန့်နောက်ကို လိုက်မယ်ကြံတော့ သားငယ်က
ခန လွှတ်ပေးထားလိုက်ပါ ဟူ၍ အကြံပေးလေသည်။
မျက်နှာပူစွာ အလျှိုလျှိုပြန်သွားသည့် သူငယ်ချင်းတွေရဲ့နောက်
ငါ အနားယူချင်ပြီ ဆိုကာ တာရာကလဲ ပြန်သွားလေသည်။
ကားလိပ်ချထားပြီးသား အချစ်တို့ကို အနာကျက်ကာစမှ ပြန်တူးဆွရသည်မှာ မလွယ်လှ။
ဒါပေမယ့် ချစ်ရတဲ့ သည်းခြာလေး ရန်ရန်ကို စိတ်ပူရသည့်စိတ်က အနိုင်ယူလေသည်။

"ငါ့ကို ဘာမှမမေးဘူးလား သားငယ်"

"ဘာမေးစရာလိုမှာလဲ ဦးဟိန်းထက်ရယ်
အချစ်ဘဲလေ...
တစ်စုံတစ်ယောက်ကို ချစ်တာဘဲ မေးခွန်းထုတ်စရာမှမဟုတ်တာ"

ပြုံးကာဆိုသည့် သားငယ်ကို ဟိန်းထက် မျက်နှာချင်းမဆိုင်ရဲ။

"ငါ မင်းလိုသတ္တိမရှိခဲ့ဘူး သားငယ်
ဒီအတိုင်းဘဲ သူ့အနားမှာ သူငယ်ချင်းအဖြစ်နဲ့ရှိနေနိုင်မယ် လို့တွေးခဲ့မိတယ်
ဒါပေမယ့်
မို့ငယ်က သူ့လက်မောင်းကိုတွဲထားပြီး ချစ်သူတွေဖြစ်နေပြီလို့ ကြေညာတဲ့နေမှာ
ငါရဲ့ တွန့်ဆုတ်မှုတွေကို ငါစပြီး မုန်းတီးလာတယ်
ဒါတောင်မှ အဲဒါက မှဖြစ်သင့်တဲ့အချစ်လို့ မျက်ကန်းတစ္ဆေလို့ သတ်မှတ်ခဲ့သေးတယ်
ငါ့ရဲ့ သူရဲဘောကြောင်မှုမှာ နစ်နာခဲ့ရတာ ရန်ရန့်အမေဘဲ
ခု ရန်ရန်လေး ငါ့သားလေးပါ ငါ့ကြောင့် နာကြင်ရပြီ
ငါ မင်းကိုအားကျတယ် သားငယ်
မင်းရဲ့ ရူးမိုက်တယ် ပြောရမလား သတ္တိရှိရှိ တဇွတ်ထိုးဆန်တာကို ငါသဘောကျ အားကျမိတယ်"

ဟိန်းထက်ရဲ့ စကားအဆုံးမှာ သားငယ်တစ်ယောက် နံရံမှာချိတ်ဆွဲထားတဲ့
ကျောခိုင်းထားတဲ့ နောက်ကျောပြင်တစ်ခုကို ရေးခြစ်ထားတဲ့ ပန်းချီကားဆီကိုဘဲ
အကြည့်ပို့ထားလိုက်တယ်။

ဦးWhere stories live. Discover now