ဦး - ၂၂.၁(ENDING P1)

20.3K 1.5K 52
                                    

Zawgyi

ဦး
အပိုင်း(၂၂) - ၁
သားငယ် နဲ့ ဦး ၏ ဇာတ်သိမ်းပိုင်း
..........................................................
"သား ဦးအိမ်မှာ လိုက်မနေတော့ဘူး ဦး"
"ဘာ
ဘာလို့လဲ သားငယ် ငါ အရင်ကို မင်းကိုပြောခဲ့ဖူးတာတွေကြောင့်လဲ ငါကတိပေးပါတယ် ငါထပ်မပြောတော့ဘူးလေ"
"မဟုတ်ပါဘူး ဦးရယ် သားအလုပ်ကြိုးစားပြီး ဦးနဲ့အတူနေနိုင်မယ့်အိမ်လေးဝယ်ချင်တယ်
သားအိမ် မှာ ဦးကိုခေါ်ထားနိုင်ချင်တယ်
ဦးကို အကောင်းဆုံးကာကွယ်စောင့်ရှောက်ပေးချင်တယ်
ဦးက ယောကျာ်းတစ်ယောက်ဆိုတာ သားသိပါတယ်
ဒါပေမယ့် ကိုယ်ချစ်တဲ့သူကို ကာကွယ်စောင့်ရှောက်ပေးချင်တာ သားဆန္ဒပါ"

လေးလေးနက်နက်ပြောဆိုတဲ့ သားငယ်ရဲ့မျက်ဝန်းတွေထဲမှာ သူ့ကိုချစ်တဲ့ချစ်ခြင်းမေတ္တာတွေကို
အနှိုင်းအဆမဲ့မြင်နေရတယ်။
မတွေ့ရတဲ့ဒီအချိန်မှာ သားငယ်က လူကြီးဆန်လာတယ် ဒါပေမယ့် သားငယ်ချစ်ခြင်းတွေက တစ်စက်မှပြောင်းလဲခြင်းမရှိနေဘူး

ချစ်လိုက်တာ သားငယ်ရယ်

၁၅ထပ်မှာရှိနေတဲ့ ဟိုတယ် အခန်းလေးက ရွှေတိဂုံဘုရားကိုလှမ်းဖူးမျှော်နိုင်တယ်။
ဘုရားမကြိုက်တဲ့ အလုပ်လား ပဥာတ်ထားတဲ့ သဘောတရားလား မရေရာလေတော့
နီညိုရောင်ခန်းစီးလိုက်ကာကို တာရာဆွဲပိတ်လိုက်တယ်

"ဦး"

မသောက်ဘဲ ရီဝေနေရတဲ့စိတ်အစုံက မင်းရဲ့ချိုမြိန်တဲ့ စွဲဆောင်မှုတွေကြောင့်ဖြစ်မယ်ထင်တယ် သားငယ်
အရပ်မြင့်မြင့်ထိုကောင်လေးရဲ့လည်ပင်းကို မိန်းကလေးတစ်ယောက်သာဆို ခြေဖျားထောက် ခိုမှရမယ်ဆိုပေမယ့်
တာရာကတော့ အသာဘဲ ဆွဲယူသိုင်းဖက်လိုက်တယ်

အဖုအထစ် အမို့အမောက်တွေမရှိတဲ့ မိန်းမတစ်ယောက်မဟုတ်တဲ့ငါက စိတ်ကျေနပ်မှုကို ဘယ်လိုပေးစွမ်းရမလဲ
ငါမသိဘူး သားငယ်
ဒါပေမယ့် မင်းမျက်ဝန်းတွေကိုဘဲ ကြည့်ပြီး
မင်းလက်ကိုတွဲထားရမယ်ဆိုရင်
ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သံသရာပတ်ဖို့ ငါစွမ်းပါတယ်

အချစ်မှားကြောင့် အ၀ီစိရောက်ရရင်တောင် သံသရာလည်နေသ၍ မင်းရှိရာကိုင်းမှာဘဲ ငါခိုမယ်

ဦးWhere stories live. Discover now