ဦး - ၁၀

17.8K 1.7K 47
                                    

Zawgyi

ဦး
အပိုင်း(၁၀)
ခပ်တိုးတိုးမြည်လာတဲ့နှိုးစက်သံကို အချိန်မှီ
သားငယ်ပိတ်ပစ်လိုက်သည်။

မနက်၆နာရီ
ပြတင်းလိုက်ကာအဖြူကိုထိုးကာဝင်ရောက်လာသည့်
မနက်အလင်းရောင်
နှိုးစက်ပိတ်ပြီး အိပ်ယာထဲမှမထွက်ခင် သားငယ်
ရင်ခွင်ထဲရှိနေသည့် ချစ်လှစွာသောဦးကို
တစ်ချက်နမ်းလိုက်သည်။
ခိုးနမ်းခြင်းဆိုရင် ပို၍မှန်မည်ထင်။

"မနက်ခင်းလေး အိပ်ယာနိုးရင်
နင့်အပြုံးလေးနဲ့အတူနိုးချင်
အလှဆုံးသောမင်းကိုငေးကြည့်ရင်း"

ချစ်ရတဲ့ဦးကိုငေးကြည့်ရင်း နိုးထရတဲ့မနက်ခင်းတွေက သားငယ်အတွက်အလှပဆုံးပင်။
မနက်၈နာရီခွဲ အိမ်ကထွက်ရမည့်ဦးအတွက်
သားငယ် မနက်စာထပြင်ပေးရမည်။
နေ့လည်ကျရင် ထမင်းဘူးသယ်ကာဦးရဲ့ ရုံးကိုသွားပို့ပေးပြီးမှ သားငယ် သင်တန်းပြေးသည်။
အရင် ရသမျှအလုပ်တွေလုပ်ကာ ပိုက်ဆံစုတတ်သော
သားငယ်သည် အခုဆို
၂၄နာရီရဲ့အချိန် ၁၈နာရီလောက်ကို ဦးနားမှာ
ကုန်ဆုံးဖြစ်လေသည်။

အချစ်က ပိုင်ဆိုင်ခြင်း ရယူခြင်း ပေးဆပ်ခြင်း
လူတစ်ယောက်ကိုမေးရင် တမျိုးအဖြေထွက်လာ
နိုင်သည်။

သားငယ်အတွက် အချစ်ဆိုသည်မှာ ဦးပင်ဖြစ်သည်။

ဦးနဲ့အတူရှိနေခွင့်ရသည့်အချိန်သည် ပျော်ရွှင်မှုဖြစ်ပြီး
ခနတာဝေးရချိန်သည် သတိရတမ်းတမှုမည်သည်။
//ကြေကွဲမှုနဲ့ နာကြင်မှုတွေကို သားငယ် ခန
မေ့ထားခွင့်ရှိတယ်မဟုတ်လား ဦး
ဦးအနားမှာ နေခွင့်ရနေသ၍လေ//

"ဦးထတော့လေ မနက်စာစားရအောင်"

"၅မိနစ်ဘဲ" ဟုအဓိပ္ပါယ်ရသော လက်ငါးချောင်းကိုထောင်ပြကာ တုပ်တုပ်မျှမလှုပ်
သားငယ်ပြုံးမိရပြန်သည်။

မနက်တိုင်းမြင်နေကျ ထပ်တူညီသော ဒီအပြုအမူ
သေးသေးကအစ သားငယ်အတွက် ရိုးမသွားခဲ့
တိုးကာ အချစ်ပိုရစမြဲ
ခါးမှတိုးကာဖက်ရင်း နားဖျားကို ခပ်ဖွဖွငုံတော့

"ဟေ့ကောင် တော်ပြီ ထမယ်" ဟုအော်ကာ
ရေချိုးခန်းထဲ ပြေးဝင်မည်ဆိုတာလဲ ကြိုတင်
တွက်ဆထားပြီးသားပင်။

ဦးWhere stories live. Discover now