ဦး - ၁၅

17.6K 1.7K 68
                                    

Zawgyi

ဦး
အပိုင်း-၁၅

ပူပြင်းသော နွေရယ်မို့ ဦးရဲ့ နဖူးစပ်တွင် ချွေးစများ ခိုသီးနေလေသည်။
အဲကွန်းမပြောနဲ့ ပန်ကာတောင်မရှိလေသော
သားငယ်ရဲ့ အခန်းဆိုတော့
ဦးကို ရင်ဘတ်ပေါ်မှအသာချကာ
ရိုးရိုးဖျာပေါ်အိပ်ရင် ကျောနာမည်ဆိုး၍
ဆောင်းတွင်းကျရင်ခင်းအိပ်သော ဂွမ်းကပ်ကို
ခင်းပေးရန် ထုတ်လာရသည်
ပရုပ်လုံးများဖြင့်သိမ်းဆည်းထားသည်မို့ အနံ့ကခပ်သင်းသင်း မဆိုးလှ
ဂွမ်းကပ်ကိုဖြန့်ခင်းကာ
ဦးကိုအသာအယာနေရချသည်
ပြီးမှ ယပ်တောင်တစ်ချောင်းကိုင်ကာ ဖြည်းဖြည်းချင်း ခပ်ပေးနေရသည်။
နဖူးမှချွေးစလေးတွေ ကွယ်ပျောက်သွားသည့်တိုင် သားငယ်မရပ်နားမိ။
ဖြစ်ပျက်ခဲ့သည့်အဖြစ်များကို ပြုံးမဆုံးကာ
အတွေးမရပ်နိုင်ခဲ့။

"အင်း..."
ခပ်တိုးတိုး ညည်းသံနဲ့အတူ မျက်လုံးများပွင့်လာခဲ့သည်။
"နိုးပြီလား ဦး"
"ဒါ ဘယ်နေရာ ဟင် မင်းအိမ် ငါကဘယ်လိုလုပ်ပြီး"
အိပ်ချင်မူးတူးပြောနေရာမှ အာရုံပြန်ကပ်ညိလာဟန်တူသော ဦးမျက်နှာသည် ပန်းနုရောင်မှနေတဆင့် အနီရင်ရင့်တို့ရောယှက်လို့

အုံး
"အမလေး သေပါပြီ"
ကျောပြင်ကွဲမတတ် ဦး၏ လက်သီးဆုပ်နဲ့အထုခံလိုက်ရသည်မို့ သားငယ်တစ်ယောက် ကော့သွားသည်။
စောင်ကိုခေါင်းကနေဆွဲခြုံကာ ပြန်လှဲသွားသော ဦးကို သားငယ် မရယ်ရဲ
"ပူတယ်လေ ဦးရယ် စောင်ကြီးက "
ယပ်တောင်ကိုသာ နာနာခပ်ရင်း ပြုံးဖြီးနေမိတော့သည်။

//အချစ်ပိုအောင် ဦးလုပ်ပြီးရင်
သားချစ်တတ်သမျှ အပြစ်မမြင်စေလိုပါ.....။//

"ငါဗိုက်ဆာတယ် "
တစ်ကိုယ်လုံးနာလို့ ပွေ့ထားပါဟု ပြောတော့သားငယ်ပွေ့ထားရသည်
ရေဆာတယ်ဆို ရေကို ခွက်ဖြင့် နှုတ်ခမ်းပါးနားအရောက်တိုက်ရသည်
ခုလည်းဗိုက်ဆာပြန်သည်တဲ့
ပထမဆုံးအကြိမ်မို့ ယောကျာ်းရင့်မာဖြစ်သော်ငြား ပင်ပန်းခြင်းဆိုတာ ဂျိုနဲ့လားဟု မေးရမည်ဖြစ်သော ဦးအတွက်
အဖျားသွေးအနည်းငယ်ရှိနေပေသည်။
နေမကောင်းရင် ရစ်တတ်သော ဦး အကြောင်းနောကျေနေရသူမို့
ဦးအကြိုက်ချဉ်စပ်ခေါက်ဆွဲလေးအရံသင့်ရှိနေသည်မို့ ပြုတ်ရန်ပြင်ရသည်.

ဦးWhere stories live. Discover now