ဦး - ၉

17K 1.7K 111
                                    

Zawgyi

ဦး

အပိုင်း(၉)

မိုးလင်းနေမှန်းသိသော်ငြား မျက်လုံးတို့မဖွင့်မိသေး

ရင်ခွင်ထဲတွင်တည်ရှိနေသော ကိုယ်ငွေ့နွေးနွေးအား ခွာထုတ်ပစ်ရမည်ကို နှမျောနေမိသေးသည်။

ရှန်ပူနံ့မသင်းသော်ငြား ဘာထွေထွေထူးထူးအနံ့မှမရနေသော ဆံပင်နက်နက်ဖွာဖွာများသည် မေးနဲ့ နှာခေါင်းဖျားကို

ကလူကျီစယ်နေကြသည်။

တစစ သူ့ကိုတိုးကာဖက်တိုင်း ရင်ဘတ်ကိုပွတ်ကာချွဲနေသော အနှီသတ္တ၀ါကောင်အား ဖယ်ရှားပစ်သင့်သည်ကို

တာရာသိသော်ငြား မဖယ်ရှားမိ။

ရုတ်တရက် ရင်ဘတ်ပေါ်ကျရောက်လာသော နူးညံ့သော အထိအတွေ့ကြောင့် အသိပြန်ဝင်လာသည်။

အနမ်းဖွဖွ

ရင်ခွင်ထဲမှသူ့ကိုဆွဲကာဖယ်တော့ ခါးကိုဖက်ကာ မျက်နှာမော့ကြည့်လာသည်။

အပြုံးတစ်ခုက ထုံးစံမပျက် သူ့မျက်နှာတွင် ချိတ်ဆွဲထားဆဲ။

"နိုးပြီလား ဦး"

တာရာရင်ခွင်ထဲဝင်ချင်၍ အောက်ကိုလျှောထားသောသူ့ခြေထောက်က ခြုံစောင်အပြင်ထွက်နေသည်။

ပူရှိန်းနံ့သင်းသော သွားတိုက်ဆေးနံ့

"မျက်နှာသစ်ပြီးပြီပေါ့"

"ဟုတ်သားနိုးပြီး မနက်စာပြင်ပြီးမှ ဦးနဲ့ပြန်အိပ်နေတာ"

"ငါနဲ့ အိပ်တာကြီး မပြောစမ်းနဲ့"

တာရာထူပူကာ ကုန်းအော်တော့ အနှီသတ္တ၀ါက ရယ်ကျဲကျဲ

"ဦးက ညက အတူအိပ်မှာဆို အတူရေချိုး အု အု"

သူ့ပါးစပ်ကို လက်ဝါးဖြင့်ပိတ်အုပ်လိုက်ကာ မာန်မဲလိုက်သည်။

"မင်းနော်"

"ဟီး ဦးကစိတ်ဆိုးလဲ လှတာဘဲ"

တာရာမျက်နှာကိုတည်ပစ်လိုက်သည်။

"ဦးက လှတယ်ပေါ့ ဟုတ်လား မင်းက လူကြီးကို လှတယ်ပြောတယ်ပေါ့ ဟုတ်လား လာစမ်း လူဆိုးကောင်"

ဦးWhere stories live. Discover now