Not Update

12.1K 741 52
                                    


အားလုံးကို ဒီကနေ တောင်းပန်စရာလေးရှိပါတယ်
ချမ်းလေးရဲ့ Facebookမှာ Friendမဟုတ်တဲ့ Readerတွေရှိမယ်ထင်လို့ပါ

Update မဖြစ်နေတဲ့အတွက် အရင်တောင်းပန်ပါတယ်နော်

ကိုယ်၃တန်းလောက်ကနေစမက်လာခဲ့တဲ့ အိပ်မက်ကနေစတယ်
အပြာနုရောင်ဂါဝန်လေးနဲ့မိန်းကလေး
ကလေးပီပီ ဒါကို ကိုယ်လို့ဘဲထင်ခဲ့တယ်

တစ်နှစ်ပြီးတစ်နှစ် အဲတာကိုယ်မဟုတ်မှန်း သိလာခဲ့တယ်
အပြာနုရောင်ဂါဝန်လေးနဲ့ မျက်မမြင်ကောင်မလေး
သူက ကိုယ့်ကို ကိုကိုတဲ့
ကိုယ့်ကိုခေါ်တာဟုတ်ချင်မှ ဟုတ်မယ် ဒါပေမယ့် ကိုယ်က ဗျာလို့ ထူးခဲ့ဖူးတယ်
ကိုယ့်ကျောပေါ်မှာ သူ့ကိုပိုးထားဖူးတာတွေ မြင်တယ်
ကိုယ် ပြုံးနေခဲ့တယ်
တခါတလေ သူနဲ့ကိုယ် ငိုတယ်
သူ ချောက်ထဲကျသွားတဲ့ ညတွေကို ကိုယ် ထမင်းလုံးတစ္ဆေခြောက်တယ်လို့မှတ်ယူခဲ့တယ်

ကိုယ် ၆တန်း..
အောင်စဉ်ထက်
အောင်ဇင်ထက်

ဘယ်လိုပေါင်းရမလဲကိုယ်မသိဘူး
ကိုယ့်ကိုအဲ့လိုခေါ်ကြတယ်
မျက်နှာမကွဲတဲ့ လူတစ်ချို့က
ရှမ်းအိုးစည်းသံတွေကြားရမယ် လူတွေအများကြီးရှိမယ်
အမေ ဆိုတဲ့လူတစ်ယောက်
အကိုဆိုတဲ့ လူငယ်
ပြီးတော့ သူမ.........

သူမကတော့ အပြာရောင်ဂါဝန်လေးမ၀တ်ဘူး
သူမ ကို ကိုယ်ဘယ်တော့မှကွဲကွဲပြားပြားမမြင်ရဘူး

ဗေဒင်မေးတိုင်းပေါ်တာက ကိုယ်ကလူဝင်စား ယောကျာ်းလေး
အဖိုးပြောတာလဲ ကိုယ်က တောင်တန်းတွေဆီကလာတဲ့သူ
ဒါကြောင့်လားမသိဘူး ကိုယ်ကပင်လယ်တွေကိုမကြိုက်ဘူး
တောင်တန်းတွေကိုချစ်တယ်
စိမ်းညှို့ညှို့တောင်တန်းတွေကို မြင်ရင် ကိုယ်ပျော်တယ်

ပြောချင်တာက ကိုယ်စာရေးတာက အဲမှာစတယ်
ကိုယ့်ရဲ့ရူးကြားကြားအိပ်မက်တွေကို အမေ့ကိုမပြောရဲဘူး
အရိပ်အမြွက်ပြောတုန်းက အမေလန့်သွားဖူးတယ်
အရိုက်သန်တဲ့အမေ ကိုယ့်ကိုရိုက်တိုင်း
သူ့အိပ်မက်ထဲ ကိုယ့်ကိုလာပြန်တောင်းတတ်တဲ့ မိန်းမ တစ်ယောက်က
ကိုယ်ရဲ့အိပ်မက်ထဲက ကိုယ်အမေနဲ့ အ၀တ်အစားက အစတူနေလို့ဘဲ......။

ဦးWhere stories live. Discover now