ဦး - ၁၇

16.7K 1.7K 201
                                    

Zawgyi

ဦး

အပိုင်း(၁၇)

"ဦး နောက်တစ်ခေါက်လောက်"

"မရဘူး နာတယ်ဟ မင်းမခံစားရတိုင်း
ဒီလောက်ကျပ်သပ်နေတာ မခံနိုင်တော့ဘူး"

"ဦးကလဲ သား ကြိုက်လို့ပါ နော်
နောက်တစ်ခေါက်လောက်လို့"

"မရဘူးဆို မရဘူး"

"ဦး"

လုပ်ပါပြီ အဲ့ဒီ ခွေးပေါက်စတစ်ကောင်အစာတောင်းနေသလို မျက်လုံးတွေ

//မင်းဟာ သိပ်တတ်နိုင်လွန်းတယ် သားငယ် //

"ဒီတစ်ခါနောက်ဆုံးဘဲနော် သားငယ်"

လိုချင်တာရသွားတဲ့ ငနဲကောင်က ပြုံးဖြီးလို့

သူ့စိတ်တိုင်းကျ အထက်တန်းကျောင်းစုံညီပွဲမှာဝတ်ခဲ့တဲ့ သတို့သားဝတ်စုံကို မတော်တရော်ကို
၎ကြိမ်မြောက် ပြန်ဝတ်ပြရလေသည်။

နွေနေပူကို အဲကွန်းဂိတ်ဆုံးနဲ့ အံတုနိုင်လွန်းလို့သာ မဟုတ်ရင် ဒီပုံစံနဲ့ချွေးပြိုက်ပြိုက်ကျလေရော့ဘဲ

"ဦးက ချောလိုက်တာဗျာ"

ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေသော ငနဲသားလေးကို တာရာတစ်ယောက် လက်သီးနဲ့ထုပလိုက်သည်။

"ငါမောလှပြီ လိမ္မော်ရည်ဖျော်ပေး"

"ဟုတ်ကဲ့ပါ ခင်ဗျ "

အပြောနဲ့တူ ပါးထက်ကျရောက်လာတဲ့အနမ်း
ပြုံးစစနှင့် ရေခဲသေတ္တာဆီခြေလှမ်းသွားသောသူ
ရုတ်တရက်ထမြည်တဲ့ဖုန်းသံကြောင့် ကြည့်မိတော့ ရင်းနှီးနေတဲ့
အင်း အတော်ကိုရင်းနှီးတဲ့နာမည်တစ်ခုကို စိတ်အစုံကိုလေးလံစေရသည်။

//မို့ငယ်//

"ဟယ်လို"

"မောင် ဒီနေ့အားလား"

"အင်း အရမ်းတော့အလုပ်မများပါဘူး"

"ငယ့်အိမ်လာခဲ့ပါလားဟင် ညကအိပ်မက်ဆိုးတွေမက်ပြီး ခု လူကနေရတာသိပ်အဆင်မပြေလို့ပါ"

ရှိုက်သံသဲ့သဲ့ပျံ့လွှင့်လာဟန်ကြောင့်
ကျင့်သားရနေတဲ့ စိုးရိမ်စိတ်က ကားသော့ကို
ဆွဲလျက်သား

ဦးWhere stories live. Discover now