ဦး - ၅

18.6K 1.8K 85
                                    

Zawgyi

ဦး

အပိုင်း(၅)

တီ တီ

ဆက်သွယ်ရေးဝန်ထမ်းမိန်းကလေး၏ သွင်းထားတဲ့အသံကလွဲရင် အကြိမ်ပေါင်းမည်မျှ ခေါ်ဆိုလဲ ဟယ်လိုဆိုတဲ့ သားငယ်အကြားချင်ဆုံး

ဦးအသံသည် ထွက်ပေါ်မလာတော့။

သားငယ် လောကြီးသွားခဲ့လို့လား ဦး

မုန့်ဖိုထဲ က မီးရောင် ခပ်ပြပြကို ငေးကြည့်ကာ ဖုန်းလေးကို ဘောင်းဘီအိတ်ထဲ ပြန်ကာထည့်လိုက်သည်။

လောကြီးပြီး ဖွင့်သာမပြောခဲ့ရင်ကော...

သားငယ် ဦးနားကို ဆက်လာခွင့်ရှိနိုင်မှာတဲ့လား။

ဇာတ်လမ်းတွေထဲကလိုပေါ့ ချစ်သူကို မပြောဘဲ တစ်ဖက်သပ်ပေးဆပ်ရင်း နေတတ်တဲ့ မင်းသားမျိုး

သားငယ်မှာ တစ်ဖက်သပ် ပေးဆပ်ခွင့် ရှိလာမှာမဟုတ်လေတော့ တဇွတ်ထိုး ဖွင့်ပြောရုံဘဲလေ

အဆုံးသတ်ရလဒ်က ဘယ်လိုအနေအထားဖြစ်နေနေ နာကြင်ရခြင်းက လွဲ မရှိဘူးတဲ့လား။

လွမ်းတယ် ဦး.............

"ပြော မင်းရင်ထဲက အမှန်အတိုင်းပြော

ငါ့ကိုစိတ်ကုန်နေလည်းပြော

မင်းနဲ့ငါ့ရဲ့အချစ်ဇာတ်လမ်းက ဒီလိုပြီးပြီပေါ့

မင်းဆန္ဒတစ်ခုအတွက် ငါအကုန်ဖြည့်ဆည်းပေးမယ်..."

မုန့်တိုက်ထဲက ဘယ်သူဖွင့်ထားမှန်းမသိတဲ့ သီချင်းသံက သဲ့သဲ့လေး ပျံ့လွှင့်လာတယ်။

သီချင်းတွေက မဆွေးဘူး အသည်းကွဲတဲ့အခါ နားထောင်ရတာ ဆွေးမြေ့လာတယ်

ဥပမာ စိုင်းစိုင်းရဲ့ တောဂေါ်လီက အိုးလှုပ်တဲ့အချိန်မှာတောင် အိုးကျကွဲသွားခဲ့တာမျိုး

အသည်းဆိုတာ ကွဲရင် အဲ့လိုဘဲမဟုတ်လား

.............................ဦး..................................

တာရာ လက်ကနာရီကိုငုံ့ကြည့်ကာ ခြေလှမ်းတွေကို စတင်ရေတွက်လိုက်သည်။

တစ်..နှစ်... ... လေးဆယ် တိုင်လုံးနောက်မှာရောက်နေပြီ မဟုတ်လား ခွေးကောင်လေး

ဦးWhere stories live. Discover now