ဦး - ၎

18.7K 1.8K 61
                                    

Zawgyi

ဦး

အပိုင်း(၄)

"ဦးက ဆိုးတယ် သားကို ရင်တွေ တုန်စေတယ်"

"ဟေ "

အသံကြားလို့လန့်အော်မိကာ ဘေးကိုကြည့်မိတော့သကောင့်သားက နှုတ်ခမ်းဆူနေတာ တစ်တောင်လောက်ထွက်နေလေသည်။ လမ်းမပေါ်အနမ်းခံရတာငါ လေ ငါ
ဘာလို့ ဒင်းက နှုတ်ခမ်းဆူနေရတာတုန်း
မဖြစ်မဖြစ်အခုကိစ္စကို မြန်မြန်ဖြတ်မှာအသက်လေးကရနေပြီ ကျော်မကောင်းကြားမကောင်းတော့မဖြစ်ချင်
တာရာတစ်ယောက် အတွေးတွေ ၀င်လိုက်ထွက်လိုက်ဖြစ်နေချိန်မှာဘဲ

ဂြီ

အသံကြားလို့ ဘေးကို ထပ်ပြီးလှည့်ကြည့်တော့ ဗိုက်ကိုငုံ့ကာကြည့်ပြီး ရယ်နေသော ထိုကောင်လေး

"ဟီး သား အလုပ်ကတန်းလာလို့ ဘာမှ မစားရသေးဘူး ဗိုက်ဆာတယ် ဦး"

အမ် အဲတော့ငါက မုန့်ဝယ်ကျွေးရမှာလား

ဂြီ

ဒီတစ်ခါတော့ မိမိ၏ ဗိုက်မှ ရှက်စိတ်ဖြင့် တာယာ မျက်နှာတစ်ခုလုံး ထူပူသွားသည်။
အား ဒီအချိန်ကြီးမှ အော်ရလား ဗိုက်ရဲ့
သခင်ကို သစ္စာဖောက်တဲ့ဗိုက်

"တစ်ခုခုစားရင်း မင်းလာရတဲ့အကြောင်းရင်းပြောတာပေါ့"

Junction 8နားရောက်နေပြီမို့ ရွှေကောင်းဟော့ပေါ့ဆိုင်ကို ကားကိုဦးတည်မောင်းကာ ၀င်းထဲကားထိုးရပ်လိုက်သည်။

"ကဲ ဆင်း"

"ဟင် ဦး ဒီဆိုင်ကြီးက ဟင့်အင်း မဆင်းဘူး"

"ဟ ဒါ ရိုးရိုးဟော့ပေါ့ဆိုင်ပါကွ မင်းငါ ရောင်းမစားပါဘူး"

"ဦး ဒီဆိုင်ကြီးက ဈေးကြီးတယ်တဲ့ဗျ တစ်ယောက်ကို တစ်သောင်းကျော်တောင် ကျမှာ"

"အေးလေ ဒါပုံမှန်ဘဲဟာ ဈေးမကြီးပါဘူး"

"ဟာ ဦး တစ်သောင်းကျော်ဗျ တစ်သောင်း သားတို့နှစ်ယောက်စာဆို သားအိမ်လခ ပေးလို့ရပြီ

ဟို ကားဂိတ်နားက တိုဟူးသုပ်လေးဘဲ သွားစားကြမယ်လေ"

တာရာတစ်ယောက် ကိုယ့်နှဖူးသာကိုယ် တဖတ်ဖတ် ရိုက်ချင်နေပြီ လူကဗိုက်ဆာနေပါတယ်ဆိုမှ

ဦးWhere stories live. Discover now