ဦး - ၆

18.1K 1.9K 124
                                    

Zawgyi

ဦး

အပိုင်း(၆)

..............................................

တစ်ဆစ်ဆစ်ထိုးကိုက်လာသော ဦးခေါင်းနဲ့အတူ တာရာနိုးလာခဲ့သည်။

မျက်လုံးကမပွင့်နိုင်သေးဘဲ အိပ်ယာထဲမှာငြိမ်နေဆဲပေ။

ညကအရှိန်များသွားခြင်းကို ပြန်သတိရကာ သူငယ်ချင်းကိုကျိန်ဆဲမိတော့သည်။

အဲခွေးကောင်နဲ့တွဲသောက်ရင် အမြဲအဲလိုပဲ

မူးမူးရူးရူးနဲ့အိပ်ခဲ့သည့်အကျိုးကပင် အိပ်မက်ထဲတွင် သားငယ်လေးနဲ့ပြန်ဆုံတွေ့ကာ ပျော်ရွှင်ခဲ့ရလေသည်။

ဟား ညက သားငယ်လေးကို ဖက်ထားရတာလေး

ပြန်လည်သတိရကာ ရင်ခွင်ထဲမှာရှိနေတဲ့ အမွှေးဖွားလေးကို လက်နှင့်ပွတ်သပ်လိုက်မိသည်။

နေပါဦး ငါ့အရုပ်က အဲ့လောက်အမွှေးမများပါဘူး။

"ဦး နိုးနေပြီလား"

"မြတ်စွာဘုရား!! ဘာကောင်ကြီးလဲ"

ထိတ်လန့်စွာ အိပ်ယာပေါ်မှာ ထိုအကောင်ကို ကန်ချပစ်လိုက်လေသည်။

"အား ဦး သား ဖင်နာသွားပြန်ပြီ"

"ဟင် မင်းက ဘယ်လိုလုပ်ပြီး ငါ့အခန်းထဲရောက်နေတာလဲ"

သူက တာရာရေချိုးခန်းသုံး အမွေးပွ အဖြူရောင်ကြိုးသိုင်းအကျီင်္ကို ခြုံထားလေသည်။

တာရာကိုယ်ပေါ်မှာက ညအိတ်ဝတ်စုံလေးတော့ရှိရှာသည်။

နေပါဦး ဘာတွေဖြစ်ခဲ့တာလဲ။

<<<မင်းတစ်ယောက်တည်းသမားဆိုတာရယ် မင်းရဲ့ ကြွယ်ဝမှုတွေကို သိနေလို့ အပိုင်ဖမ်းမယ့်ကောင်ဖြစ်နေမယ်နော်

ဒီခေတ်ကြီးမှာ အဲတာတွေလည်းသိပ်များတယ်

စပွန်ဆာရှာနေတဲ့ ကောင်လေးတွေ>>>

မဟုတ်မှလွဲရော ဒီကောင် ငါ့ကိုအပိုင်ကြံလိုက်တာများလား

ကုတင်ဘေးရှိပိုက်ဆံအိတ်ကို ကောက်ဖွင့်ကာ အထဲကအနေအထားကိုစစ်ဆေးလိုက်သည်။

လက်ရာမပျက်

မီးခံသေတ္တာဆီအပြေးအလွှား ဒါလည်းအရာမယွင်း

ဦးDonde viven las historias. Descúbrelo ahora