ဦး - ၈

18.2K 1.9K 102
                                    

Zawgyi

ဦး

အပိုင်း(၈)

အိမ်တံခါးကို ဖွင့်လိုက်တာနဲ့ မွစာကျဲနေတဲ့ တိုက်ခန်းက ကြိုဆိုလေရဲ့

"သားငယ်လေး ဖေကြီးပြန်လာပြီ"

"ဗျာ"

ဦး ကောက်နမ်းလိုက်တဲ့ ဓာတ်ပုံထဲက စပ်ဖြီးဖြီးအနေအထားနဲ့ခွေးကို သားငယ် ဦးမမြင်အောင်လက်သီးထောင်ပြ

လိုက်သည်။

မင်းက ဦးနမ်းတာခံရတယ် မတရားလိုက်တာ

"လွတ်တဲ့နေရာ ၀င်ထိုင် "

"ဟုတ် ဦး"

လွတ်တဲ့နေရာဆို၍ ဘုရားစင်ဘဲရှိလေရာ သားငယ် မိုးကြိုးတွေ ကောင်းကင်မှာ ၀င်းလက်လာသည်ကို မြင်လိုက်ရသလိုပင်

ဆိုဖာပေါ်က အကျီင်္များကို အနည်းငယ်တိုးရွှေ့ကာ ၀င်ထိုင်လိုက်ရသည်။

အဖျားရှိန်ကြောင့်လား ဦးနဲ့တစ်အိမ်တည်းမှာဆိုသည့်အသိကြောင့်လားမသိ

သားငယ် တစ်ကိုယ်လုံးပူနေသည် နဖူးမှာပင် ချွေးစတို့စို့လို့

မီးဖိုချောင်တွင် သောင်းကျန်းသူတစ်သိုက်ဝင်နေသည်ဟုထင်ရလောက်အောင် အသံပေါင်းစုံကြားရသည်နောက်

သားငယ်မနေနိုင်တော့ အသံကြားရာဆီကိုသာ သွားလိုက်မိတော့သည်။

"ဟင် ဦး"

ရုပ်ရှင်ထဲမှာသာဆို ဦးရဲ့မျက်နှာတွင် မီးခိုးတစ်ချို့ပေကြံနေပေလိမ့်မည်။

Micro waveဖြစ်နေသည့်အတွက် ဦးတွင်ဘာမှပေကြံမနေသောငြား

ကြက်ဥ အခွံကို လိုက်ဆယ်နေပုံရသည်။

"ဖယ် ဦး သားလုပ်မယ်"

"နေပါ မင်းနေမကောင်းတာကို"

ဦး ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ သားငယ်ဆွဲယူလိုက်သည်။

အသက်၃၀ကျော်အရွယ် ယောကျာ်းတစ်ယောက် ကိုယ်က သေးကွေးမနေတာအမှန် သားငယ် အားအတော်

သုံးလိုက်ရသည်။

သားငယ်ထက်အရပ်အနည်းငယ် ပုသော ဦး က ရဲ့နဖူးက သားငယ်ရဲ့မေးဖျားအောက်တွင်ရှိနေသည်။

ဦးWhere stories live. Discover now