Zawgyi
ဦး
အပိုင်း(၁၉)အိမ်တံခါးကိုဖွင့်လိုက်သည်နှင့် ခြောက်သွေ့သော လေထုကဆီးကြိုသည်။
ပုံမှန်လို အပြင်ကအပူဒဏ်နဲ့ဆန့်ကျင့်ဘက်အနေအထားဖြစ်နေတတ်သည့် အေးမြသောအခန်းဖြစ်မနေခဲ့။
"သားငယ်?"
ကားပါကင်မှာ ကားရှိပါရက်နဲ့ ကားထားပြီးပြန်ထွက်သွားတာ
ပြန်မရောက်သေးတာများလား။
ပုံမှန်ဆို ဒီအချိန်ဆို သားငယ်က ထမင်းစားပွဲပေါ် ဟင်းပူပူတပန်းကန်ကို ပြင်ဆင်နေလောက်ပြီ။
နေ့လည်က အော်လိုက်မိသည်ကို ပြန်ချော့ဖို့ သားငယ်ကြိုက်သည့် ကြက်ဆာတေးကို တကူးတကပင် ၀င်ဝယ်လာခဲ့သေးသည်။ကြွေပန်းကန်ထဲ ကြက်ဆာတေးကိုထည့်လိုက်တဲ့အချိန် ဟင်းရည်စက်တစ်ချို့က စားပွဲပေါ်ဖိတ်စင်ကျလေသည်။
အစစ အရာရာ လုပ်ပေးတတ်သူကြောင့် တာရာတစ်ယောက် အချိုးမပြေဖြစ်လာသလိုပင်။
ထမင်းပွဲရှေ့ရောက် ခွံ့မကျွေးရုံတမယ် ကျွေးတတ်သော ကောင်လေးအကြောင်းတွေးမိတော့ ပြုံးမိရသည်။သူပြန်လာရင် သေချာ ဂရုတစိုက်အသေချာလေး ချော့မည်ဆိုသော စိတ်ကူးလေးသည်
အ၀တ်လဲရန် ဗီရိုဖွင့်လိုက်သည့်အချိန်တွင် လွင့်ပျောက်သွားခဲ့ရသည်။ပုံမှန်ထက်လျော့နည်းနေသည့် အ၀တ်အစားတွေရယ် ပိုင်ရှင်လက်ကနေစွန့်ပစ်ခံခဲ့ရပုံရသည့် ကားသော့လေးရယ်။
ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ကို စဉ်းစားမရ။
အလုပ်ကို လိုက်လာလို့ အော်လိုက်မိသည်မှာ လွန်သွားသည်ကို သိသည်။
သို့သော် သူ အမြဲ ဒီလိုအော်နေကြမဟုတ်လား။
အတူနေခဲ့သည်မှာ ကြာပြီလေ သားငယ် ဒါကို အသားမကျသေးသည်မှာ မဖြစ်နိုင်။
ကြမ်းပြင်ပေါ် ပုံလျက်သားကျသွားခဲ့ပေမယ့် အရင်တစ်ခါလို သူပြန်သွားခေါ်ရင် သားငယ်သည်
ခပ်ပြုံးပြုံးနဲ့ပါလာနိုင်ပေဦးမည်မဟုတ်လား။
အ၀တ်အစား မြန်မြန်လေးလဲကာ ကားသော့ကိုဆွဲတိုက်အောက်က ကားပါကင်ရှိရာကို ပြေးထွက်လာခဲ့သည်။
ဘယ်လို စိတ်ကောက်နေနေ ငါချော့မှာမို့ စောင့်နေပါ သားငယ်။......................................
စနစ်တကျစီတန်းကာစိုက်ထားသည့် သပြေခင်းကာ စီးကာကြိုလေသည်။
အရင်က ကလေးတချို့အသံနဲ့စီညံနေတတ်သော တဲတန်းလေးသည် အစအနပင်မရှိ။
လမ်းထိပ်တွင်ရှိသည့် ကွမ်းယာဆိုင်ကိုစုံစမ်းကြည့်တော့ နှစ်တစ်ဝက်လောက်ပင်ရှိချေပြီတဲ့လေ။
တဲတန်းလေး ဖျက်သိမ်းလိုက်ရသည်မှာ။
ဘုန်းကြီးကျောင်းကိုသွားမေးတော့လဲ သားငယ်ရောက်မလာခဲ့။
ဟိန်းထက်ရဲ့သားလေးကိုလှမ်းမေးတော့လည်းမသိ။
ဘယ်တွေများသွားနေတာလဲ သားငယ် ။
ငါ့ကိုထားသွားပြီး ဘယ်တွေကိုများ သွားဖို့ကြိုးစားနေခဲ့တာလဲ။