ဦး - ၂၂.၂(Ending P2)

29.7K 1.7K 157
                                    

Zawgyi

ဦး
အပိုင်း(၂၂) - ၂
ဟိန်းထက် နှင့် ထက်ရန်ရှင်း ၏ ဇာတ်သိမ်းပိုင်း
..........................................................
"ကလေးက ခွဲခန်းထဲကထွက်လာတာ သတိတောင်ပြန်မရသေး ဟိန်းထက်
မင်းအဲလောက်လုပ်ဖို့ လိုရဲ့လား
ငါ့မြေးအရင်းမဟုတ်လဲ ဘာဖြစ်လဲ ငါ့မျက်စိရှေ့မှာ ကြီးလာတဲ့ဒီကလေးကို ငါဘယ်လိုမျက်နှာလွှဲရမလဲဟဲ့
နင်လူစိတ်လေးမွေးစမ်းပါဦး
ခု ငါ့မြေးလေးကလေ သေမင်းနဲ့တိုက်နေရတာဟဲ့"

"မေမေ စိတ်ထိန်းပါမေမေရယ် ဟိန်းထက် ပြောတာမမှားပါဘူး
သမီးက သူ့ကိုလိမ်ခဲ့မိတာကို မေမေရယ်"

"အဲနေ့က ငါ့ကို သူရိန်လာရှာခဲ့တယ် ဟိန်းထက်
သတ္တိမရှိတဲ့ သူ့ကိုခွင့်လွှတ်ဖို့ နဲ့ သားကို ပေးတွေ့ဖို့
ငါတို့သောက်ခဲ့တဲ့ညက သူပါ ပါတာ ငါတို့တွေမေ့ခဲ့ကြတယ်နော်
သူ့မိသားစုတွေသိပြီး ကလေးကိုတာဝန်ယူရမှာကြောက်ခဲ့တယ်တဲ့
ငါ လက်မခံနိုင်လို့ နင်မသိအောင် သားနဲ့နင့်ကို DNAစစ်ခဲ့တယ်
အဖြေက ငါလက်မခံချင်တဲ့ရလဒ်တစ်ခုပေါ့ဟာ။

ငါသူ့ကိုခွင့်မလွှတ်ဘူး ဟိန်းထက် သူက ငါ့ဘ၀ကော နင့်ဘ၀ကော ဖျက်ဆီးခဲ့လို့ဘဲ
ဒါပေမယ့် တခြားတစ်ယောက်ကို ငေးနေတဲ့ နင့်ကို ငါမဆွဲထားရက်တော့ဘူး
ဒါကြောင့် ပုံမှန် နင်စနေကြအရာတစ်ခုကို ငါပြသနာရှာပစ်ခဲ့တယ် သားကိုခေါ်ပြီး ငါထွက်သွားခဲ့တာဘဲ

စင်္ကာပူထိနင်လိုက်လာပြီး ငါ့ကိုဒူးမထောက်ရုံတောင်းပန်ခဲ့တာရော
နင်နဲ့ခွဲပြီးကတည်းက အိပ်ယာပေါ်လဲသွားတဲ့သားလေးကိုကြည့်ပြီး ငါ DNAကိစ္စကို မပြောထွက်ခဲ့တာပါ.
နင်တို့သားအဖကို ငါဘယ်တော့မှမခွဲဘူးဆိုပြီးလေ
အမေတစ်ယောက်အနေနဲ့ ငါ သားနဲ့ အတူမနေချင်ဘဲနေပါ့မလား
ဒါပေမယ့် နင်က သားကိုငါ့ထက်ပိုထိုက်တန်တယ်လို့ ငါခံယူခဲ့လို့။

သား DNAမတူတာ သိသွားခဲ့တာ ငါမသိခဲ့ဘူး ဟိန်းထက်
ဒါပေမယ့်
သားလေး နင့်အပေါ်စိတ်တွေပြောင်းလာတာ ငါမသိဘဲနေပါ့မလားဟာ
ငါကမွေးထားတဲ့အမေလေ
ငါ့ကိုအဲ့လိုမကြည့်ပါနဲ့
ငါ တားလိုက်ဖို့ ငါ့မှာအခွင့်မရှိဘူး ဟိန်းထက်
ငါက သားကို ပစ်သွားတဲ့ အမေ
ငါ့အတ္တတစ်ကိုကြည့်ပြီး အဖေ အမေကွဲ ဆိုတဲ့ခေါင်းစဉ်အောက်ကိုရောက်စေတဲ့သူ
သားကို ဆုံးမပိုင်ခွင့်က နင့်မှာဘဲ အပြည့်ရှိတယ် ဟိန်းထက်
နင်ကမှ သားကိုပိုင်ဆိုင်နိုင်သူအစစ်ပါဟာ

ဦးWhere stories live. Discover now