ဦး - ၁၄

17.9K 1.8K 87
                                    

Zawgyi

ဦး
အပိုင်း(၁၄)

ညလယ်ခေါင်မှာ မီးဖိုခန်းထဲကမထွက်နိုင်သူက သားငယ်ပါဘဲ
နာရီကိုကြည့်တော့ ၁၂နာရီကိုအတော်ပင်စွန်းနေချေပြီ
အိပ်ခန်းထဲတွင် စကားပြောနေသော ဦးနဲ့ ဧည့်သည်အမျိုးသမီး
သားငယ်သည်လည်း ရိပ်ဖမ်းသံဖမ်းအဖြစ် ဦး ၏ ချစ်ဖူးခဲ့သူဟု သိနားလည်လိုက်သည်။

ဒါနဲ့ ဦး......
ချစ်နေသေးသူတော့ မဟုတ်တန်ကောင်းပါရဲ့ဗျာ

ဒီအချိန်အထိမှအိပ်မပျော်ရင် ညလည် စာ စားတတ်သော ဦးအကျင့်ကို ကျွမ်းဝင်နေရသူမို့
နေ့လည်က စမ်းသပ်ကာပြုလုပ်ခြင်းအောင်မြင်ခဲ့သည့် ကွတ်ကီးလေးတွေနဲ့ နွားနို့ပူပူ
အင်း.....နှစ်ခွက်ပေါ့ ဦးနှင့် ထိုအမျိုးသမီး........

"နင် ငါ့ကိုမလွမ်းဘူးလား တာရာ...."
"ငါ နင့်ကို သတိရခဲ့ပါတယ်"

"ငါသိနေတယ် ငါ့ကိုစောင့်ကြိုနေမယ့်သူက နင်တစ်ယောက်အပြင်မရှိဘူးဆိုတာ.....
မောင်... ငယ် မောင့်ကို အရမ်းလွမ်းနေခဲ့တာဘဲ"

"မို့ငယ်..."
"ဟင့်အင်း မောင် ငယ်လို့ဘဲခေါ်ပါ မောင့်ဆီကာ စိမ်းကားတဲ့အသံတွေမကြားနိုင်လို့ပါ "

"အင်းပါ ငယ်ရယ် မငိုပါနဲ့တော့ မိုးမိထားတာနဲ့ ငယ်နေမကောင်းဖြစ်လိမ့်မယ်"
"ပြောပါတယ် ငယ့်မှာ မောင့်အပြင်မရှိဘူးဆိုတာ......"
တိုးညှင်းစွာ ရယ်သံတို့က ခပ်ဟဟ ဖွင့်လှစ်မိလိုက်တဲ့တံခါးကြားက တိုးဝှေ့ပေါ်ထွက်လာခဲ့တယ်

ထောပတ်နံ့သင်းကြိုင်နေတဲ့ ကွတ်ကီးလေးအပေါ် မျက်ရည်စမကျဖို့ သားငယ် တတ်နိုင်သ၍ ချုပ်တီးနေတုန်းဘဲ
ဝင်သွားဖို့ အားအင်လဲမရှိ
ထွက်ခွာရဖို့လဲ တွန့်ဆုတ်နေမိ
သားငယ် တတ်နိုင်ခြင်းက ဘယ်အရာများပါလိမ့်။

"ဒါနဲ့ ငယ်ပေးခဲ့တဲ့ ခွေးလေးကော မောင်"
"အော် သားငယ်လေးလား"
"ဟုတ်သားဘဲ မောင် သားငယ်လေး လို့တခါတည်းနာမည်ပေးခဲ့တာ"
"သားငယ်လေးဆုံးသွားပြီ ငယ် "
"ဟယ် မောင်အရမ်းစိတ်မကောင်းဖြစ်နေခဲ့မှာဘဲ
ငယ် တစ်ကောင်ထပ်ဝယ်ပေးမယ်နော် ဒီတခါတော့ နှစ်ယောက်အတူတူ နာမည်ပေးမယ်နော်"

ဦးWhere stories live. Discover now