ဦး - ၁

74.6K 3K 53
                                    

Zawgyi

ဦး

အပိုင်း(၁)

မြူတွေဆိုင်းနေတဲ့ရန်ကုန်ရဲ့ဆောင်းရာသီက ကားမီးသီးအချို့မြင်မှသာ ကားလာနေမှန်းသိရသည့်အထိ

မှောင်မည်းထူပိန်းနေတယ်။ အချိန်အားဖြင့် မနက် ၄နာရီ

ပွဲရုံတွေကနေ ပစ္စည်းအပြည့်မောင်းနှင်လာမယ့် ကုန်စိမ်းကားတန်းကြီးကို မျှော်နေတဲ့ မနက်ခင်း

ဈေးသည်တချို့ကတော့ ကားအန္တရာယ်ထက် မိမိတို့ ကုန်ကားမှာ ပစ္စည်းအစုံအလင်ပါလာဖို့ကို

မျှော်လင့်စိတ်ကကြီးစိုးနေကြတယ်။

စေတနာကောင်းသည်ဆိုရုံလေးကောင်းတဲ့ ကောက်ညှင်းပေါင်းသည်အဒေါ်ကြီးရဲ့ ဈေးဦးမပေါက်သေးလို့ တော်တို့

ဈေးဦးဖောက်ကြဦးဆိုတဲ့ တောင်းဆိုသလိုလိုနဲ့ အမိန့်ဆန်ဆန်စကားလုံးတချို့

မြန်မြန်ဈေးဦးပေါက်ပါစေဒါမှသားငယ်ဆီကို ကောက်ညှင်းပေါင်းလေး လက်တစ်ဆုပ်ရောက်လာနိုင်မှာမဟုတ်လား။

အာကျယ်ကျယ် ဈေးသည်တွေကြားမှာညပ်နေတဲ့ဆယ်ကျော်သက်ကောင်လေးဟာ ဈေးသည်တွေနဲ့အတူတူ

ကုန်စိမ်းကားကိုမျှော်နေမိသည်။ ကုန်စိမ်းကားနောက်ကျရင် သူလည်းကျောင်းနောက်ကျမယ်မဟုတ်လား။

ဘုန်းဘုန်းထားပေးတဲ့ ကျောင်းကလေးကိုတော့ အတန်းမှန်မှန်တက်ပြီး နှစ်ချင်းပေါက်အောင်ချင်မိပါသည်။

ဘ၀မှာ ကျေးဇူးဆပ်စရာတွေ ရှိလာခဲ့ရင် ဘုန်းဘုန်းက ထိပ်ဆုံးကပင် ပြီးရင်တော့ သားငယ်ရဲ့ဆံပင်တွေကို

ဖွကစားပြီး သားငယ်က ချစ်စရာလေး ဟု ပြောဖူးခဲ့သည့် ဦးပင်ဖြစ်လိမ့်မည်။

ဒါနဲ့... ဦးက အခုဆိုရင် အိမ်ထောင်တွေ ဘာတွေကျပြီးလောက်ပြီထင်ပါရဲ့။

ဦးနဲ့ဆုံတွေ့ခဲ့သည့်အချိန်ကလည်း အခုလိုဘဲ မြူတွေဆိုင်းနေတဲ့ ဆောင်းတွင်းမနက်ခင်းတစ်ခုပင်

၁၁နှစ်အရွယ် ကလေးလေးတစ်ယောက်ဖြစ်တဲ့ သားငယ်ရဲ့ စိတ်ကူးတွေထဲကို ဦးဝင်လာခဲ့ချိန်ပေါ့

ဦးWhere stories live. Discover now