ဦး - ၇

17.3K 1.8K 41
                                    

Zawgyi

ဦး

အပိုင်း(၇)

"ရင်တွေခုန်ပါတယ် ဦးရဲ့အကြည့်ကြောင့်ကွယ်"

ဟဲ့ မင်းကနေ ဘယ်လို ဦးဖြစ်သွားတာလဲ

မခိုင် တစ်ယောက်ရေချိုးအုတ်ကန်နားက သားငယ်ရဲ့ သီချင်းသံကြောင့် မျက်လုံးပြူးသွားရသည်။

မျက်စပစ်စရာယောကျာ်းလုပ်သူကလဲ ၀ီရီယကြီးစွာမထသေး။

"အမလေးကိုသားငယ်သီချင်းတစ်ကြော်ကြော်နဲ့ ဟိုနေ့တွေက မျောက်သေပါးရိုက်မျက်နှာက တော်မဟုတ်တဲ့အတိုင်းပါလား"

"အဟီး မခိုင်ကလဲ ဒီနေ့ရာသီဥတုသာယာတယ်လေ"

အယောင်အနနနဲ့ မခိုင် ကောင်းကင်ကိုမော့ကြည့်တော့ မိုးရွာသီရဲ့တိမ်စိုင်တိမ်လိပ်တွေက ခပ်မည်းမည်း

ခက်ပြီ ဒီကောင်လေး အဖျားပိုးခေါင်းထဲဝင်သွားလေသည်လား။

ပုဆိုးရေညှစ်နေရင်းတောင် ပုဆိုးကိုကြည့်သော အကြည့်က စူးရှလွန်းသည်မို့

သားငယ်တစ်ယောက် အပများမှီသွားလေသလားဟု မခိုင် တွေးမိသွားသည်။

............................................................

တာရာတစ်ယောက် ကားပါကင်ကိုရောက်တယ်ဆိုရင်ဘဲ တိုင်လုံးကိုကွယ်ကာ ခပ်ပြုံးပြုံး ခေါင်းပြူကြည့်နေသော

သားငယ်ကို လှမ်းမြင်ရလေသည်။ မျက်လုံးချင်းဆုံတာနဲ့ သခင်ကိုတွေ့သော ခွေးပေါက်လေးတွေလို အမြှီးများသာပါရင်

တစ်ရမ်းရမ်းဖြစ်နေမှာမလွဲပင်။

ဆက်ကြည့်နေရင် မျက်နှသာပေးရရောက်မည်စိုး၍ တာရာမျက်နှာလွှဲကာ ကားပေါ်တက်လိုက်သည်။

ကားစက်နှိုးပြီးသည်နှင့် နောက်ကြည့်မှန်ကနေတစ်ဆင့်ကြည့်လိုက်တော့

ပုန်းရာကနေထွက်လာကာ သူ့ကားကို ပြုံးပြုံးကြီးငေးကြည့်နေသော ထိုကောင်လေးကို မြင်ရလေသည်။

"ခွေးကောင်လေး ကားဖင်မှာ ငါ့မျက်နှာပါနေလို့လား"

မထင်မှတ်ဘဲ နေ့စဉ်ဘ၀ထဲကို ၀င်လာခဲ့သည့် အရာတွေထဲတွင် သားငယ် သည်လည်း တစ်စိတ်တစ်ပိုင်းလေးများလား။

ဦးWhere stories live. Discover now