ဦး

By YunjaeminCassiopeia

559K 46.4K 2.3K

စိတ်ကူးရတုန်းခနရေးတင်သည် More

ဦး - ၁
ဦး - ၂
ဦး - ၃
ဦး - ၎
ဦး - ၅
ဦး - ၆
ဦး - ၇
ဦး - ၈
ဦး - ၉
ဦး - ၁၀
ဦး - ၁၁
Not Update
ဦး - ၁၂
ဦး - ၁၃ (Short Part)
ဦး - ၁၄
ဦး - ၁၅
ဦး - ၁၆
ဦး - ၁၈
ဦး - ၁၉
ဦး - ၂၀
Evidence
ဦး - ၂၁
ဦး - ၂၂.၁(ENDING P1)
ဦး - ၂၂.၂(Ending P2)
No Title
Not update
သားငယ်
ဦး
Pre-order
🚨🚨🚨🚨🚨
ဦးရဲ့ ပရိတ်သတ်များထံသို့
အလွမ်းပြေ

ဦး - ၁၇

16.7K 1.7K 201
By YunjaeminCassiopeia

Zawgyi

ဦး

အပိုင်း(၁၇)




"မရဘူးဆို မရဘူး"

"ဦး"





၎ကြိမ်မြောက် ပြန်ဝတ်ပြရလေသည်။


"ဦးက ချောလိုက်တာဗျာ"



"ဟုတ်ကဲ့ပါ ခင်ဗျ "


//မို့ငယ်//

"ဟယ်လို"

"မောင် ဒီနေ့အားလား"



ဆွဲလျက်သား









မဖယ်ရှားနိုင်ခဲ့..........။

သံယောဇဉ်သပ်သပ်ရယ်သာ။



တစ်ဖ၀ါးမှမခွာ............။

.......................................................................




"ဒယ်ဒီ..."



"ဒယ်ဒီ ခွံ့မှာလား"



နှစ်သက်သည်။

ငတ်မွတ်လာတတ်သည်။




.......................................................................


Facebookတွေ ပေ့ခ်ျလုပ်ထားသည်မှာလဲ Likeပေါင်းမနည်း။


"ကိုကို..."

အားး...

ရှပ်အကျီင်္လိမ္မော်ရောင်လေးကို ဘောင်းဘီအနက်



အားး


အတော်ကျေလည်လေသည်။

သားငယ် ရင်ခွင် ပစ်မ၀င်ရုံတမယ် ချွဲကာ သူ့ကို ပဲနို့ ချိုချိုလေး တိုက်ရင် ပူဆာနေလေသည်။

တော်တော် တတ်တဲ့ကလေး


//ဒီနေ့လည်း နောက်ကျမယ်
ညစာ မစောင့်နဲ့//


စောင့်မနေဘူး ဦး

"ကိုကို အချိန်ကျပြီ"

"အင်း လာပြီ ကလေး........"



ဆိုတတ်တာလေးက









///////////////////////////////////////////

ဆုလာဘ်များနဲ့

အဆုံးသပ်ရလဒ် အရှုံးဘဲ..............

///////////////////////////////////////////



"ကိုကို....အဆင်ပြေလား"

"ရန်လေး"


လက်တို့လောက်

ရှိနေခဲ့လေသည်။

အဆင်မပြေလိုက်တာ....//



ငါပျော်ပါတယ် တာရာ....//

သည် မကျေနပ်ခြင်းတွေ
ပြည့်နှက်လို့...

"မောင်..."


ဟင်

ဆွံ့အသွားရသည်။



တစ်မျိုးထင်ကုန်မယ်"








"ဒယ်...ဒီ"

"ဟာ ရန်ရန်"



.............................................................................




ဖတ်ပေးကြပါဦး။

Unicode

ဦး

အပိုင်း(၁၇)

"ဦး နောက်တစ်ခေါက်လောက်"

"မရဘူး နာတယ်ဟ မင်းမခံစားရတိုင်း
ဒီလောက်ကျပ်သပ်နေတာ မခံနိုင်တော့ဘူး"

"ဦးကလဲ သား ကြိုက်လို့ပါ နော်
နောက်တစ်ခေါက်လောက်လို့"

"မရဘူးဆို မရဘူး"

"ဦး"

လုပ်ပါပြီ အဲ့ဒီ ခွေးပေါက်စတစ်ကောင်အစာတောင်းနေသလို မျက်လုံးတွေ

//မင်းဟာ သိပ်တတ်နိုင်လွန်းတယ် သားငယ် //

"ဒီတစ်ခါနောက်ဆုံးဘဲနော် သားငယ်"

လိုချင်တာရသွားတဲ့ ငနဲကောင်က ပြုံးဖြီးလို့

သူ့စိတ်တိုင်းကျ အထက်တန်းကျောင်းစုံညီပွဲမှာဝတ်ခဲ့တဲ့ သတို့သားဝတ်စုံကို မတော်တရော်ကို
၄ကြိမ်မြောက် ပြန်ဝတ်ပြရလေသည်။

နွေနေပူကို အဲကွန်းဂိတ်ဆုံးနဲ့ အံတုနိုင်လွန်းလို့သာ မဟုတ်ရင် ဒီပုံစံနဲ့ချွေးပြိုက်ပြိုက်ကျလေရော့ဘဲ

"ဦးက ချောလိုက်တာဗျာ"

ကိုယ့်ငါးချဉ် ကိုယ်ချဉ်နေသော ငနဲသားလေးကို တာရာတစ်ယောက် လက်သီးနဲ့ထုပလိုက်သည်။

"ငါမောလှပြီ လိမ္မော်ရည်ဖျော်ပေး"

"ဟုတ်ကဲ့ပါ ခင်ဗျ "

အပြောနဲ့တူ ပါးထက်ကျရောက်လာတဲ့အနမ်း
ပြုံးစစနှင့် ရေခဲသေတ္တာဆီခြေလှမ်းသွားသောသူ
ရုတ်တရက်ထမြည်တဲ့ဖုန်းသံကြောင့် ကြည့်မိတော့ ရင်းနှီးနေတဲ့
အင်း အတော်ကိုရင်းနှီးတဲ့နာမည်တစ်ခုကို စိတ်အစုံကိုလေးလံစေရသည်။

//မို့ငယ်//

"ဟယ်လို"

"မောင် ဒီနေ့အားလား"

"အင်း အရမ်းတော့အလုပ်မများပါဘူး"

"ငယ့်အိမ်လာခဲ့ပါလားဟင် ညကအိပ်မက်ဆိုးတွေမက်ပြီး ခု လူကနေရတာသိပ်အဆင်မပြေလို့ပါ"

ရှိုက်သံသဲ့သဲ့ပျံ့လွှင့်လာဟန်ကြောင့်
ကျင့်သားရနေတဲ့ စိုးရိမ်စိတ်က ကားသော့ကို
ဆွဲလျက်သား

"အင်း မောင် အခုလာခဲ့မယ်နော် လှဲနေ ငယ် ဘာစားချင်လဲ တစ်ခုခုဝယ်လာခဲ့မယ်လေ"

တံခါးဝနားက လိမ္မော်ရည်တစ်ခွက်နဲ့ ကောင်လေးကို တာရာ မျက်နှာချင်းမဆိုင်ချင်...

"ဒါလေးတော့ သောက်သွားလေ ဦး အပြင်မှာနေပူနေတယ် ခေါင်းကိုက်နေမယ် ဘယ်အိတ်ယူမှာလဲ ပိုက်ဆံအိတ်ဘဲလား

ခေါင်းကိုက်ပျောက်ဆေးထည့်လိုက်မယ် ပူလို့
ခေါင်းကိုက်ရင် တခုခုစားပြီးသောက်လိုက်နော်
သား ဖိနပ်သွားပြင်လိုက်ဦးမယ်"

ဝေယျာဝစ္စအကုန်လိုလေသေးမရှိအောင်
လုပ်ပေးတတ်လွန်းသောသူ
အတင်းလုပ်ယူထားတဲ့ သူ့အပြုံးကို မြင်ရသည်မှာ မအေးချမ်းလှ

"ငါစောစောပြန်လာပါ့မယ်"

"ဟုတ် ဦး ညစာပြင်ထားလိုက်မယ်......."

//မယုံကြည်တာတော့မဟုတ်ပေမယ့်
မသေချာတဲ့ကတိစကားတစ်ခုကို
သား နင့်သည်းစွာမခံစားတတ်ဖို့ ကြိုးစားရဦးမယ် ဦး//

ဖိနပ်ချွတ်က ချစ်စဖွယ် အိမ်စီးဖိနပ်လေးကို
နေရာတကျ စီရင်း ကျဆင်းသွားတဲ့ မျက်ရည်များကို
မဖယ်ရှားနိုင်ခဲ့..........။

"ငါ မင်းနဲ့ မခွဲနိုင်ဘူး" ဆိုတဲ့ စကားက
ချစ်တယ် ဆိုတဲ့ အဓိပ္ပါယ်တစ်ခု မဟုတ်ခဲ့ဘဲ
သံယောဇဉ်သပ်သပ်ရယ်သာ။

သူသာမရှိရင် အခုအချိန် ဦးက ချစ်ရတဲ့ မိန်းကလေးနဲ့ ပြန်ပေါင်းထုတ်ဖို့ အကောင်းဆုံးအချိန်လေလား။

ပိုးဖလံမျိုး မီးကိုတိုး...
ပူလောင်မှာသိရက်နဲ့ တိုးလို့ ပိုချစ်ရသည်မျိုး
နာကြင်မှာ သိရက်နဲ့ ရင်နဲ့အမျှ မြတ်နိုးရသည်မျိုး

မင်းကို ငါမလိုအပ်တော့ဘူး လို့
ပြောတဲ့နေ့အထိပေါ့ ဦးရယ်
အဲနေ့ အဲအချိန်အထိ သားငယ် သည် ဦး ဘေးမှ
တစ်ဖဝါးမှမခွာ............။

.......................................................................

မျက်လုံးမဖွင့်သော်ငြား ရနေကျ Gucchi envyအနံ့ကြောင့် ဒယ်ဒီဆိုတဲ့အသိ

"နိုးပြီလား သားပေါက်စလေး"

အရင်လိုပင်နွေးထွေးသောခေါ်သံကြောင့်
တစ်လနီးပါးလောက်လွမ်းဆွတ်ကာ ကွဲကြေနေသော စိတ်အစုံသည် ဆက်၍တင်းမထားနိုင်တော့

"ဒယ်ဒီ..."

ဒယ်ဒီရင်ခွင်ကို လွမ်းသည်။
ဒယ်ဒီရဲ့ အငွေ့အသက်တွေကိုတမ်းတသည်။
လက်ဖဝါးကြီးကြီးရဲ့ ရန်ရန့်ဆံပင်တွေဆွဲဖွခြင်းတွေကိုလွမ်းလွန်းလှသည်။

"မငိုပါနဲ့ ကလေးငယ်လေးရယ် ဒယ်ဒီ သားလေး
အတွက် စတော်ဘယ်ရီတွေအများကြီးယူလာခဲ့တယ်"

"ဒယ်ဒီ ခွံ့မှာလား"

"အင်းပေါ့ ဒယ်ဒီ ခွံ့မှာ"

"လာပါဦး ဒယ်ဒီ သားလေး ချီထားပါရစေဦး"

ပွေ့ချီထားတဲ့ ဒယ်ဒီခါးကို ခြေထောက်များဖြင့်ခွာကာ လည်ပင်းကိုသိုင်းဖက်တွယ်ချိတ်ထားရသည်ကို
နှစ်သက်သည်။

ပါးဖောင်းဖောင်းများကို ဒယ်ဒီနမ်းရှိုက်သည်အခါ
ရင်ခုန်သံပရမ်းပတာနဲ့ နှုတ်ခမ်းပါးတို့က
ငတ်မွတ်လာတတ်သည်။

"ဒယ်ဒီ ကို ရန်ရန်သိပ်ချစ်တာ"

"ဒယ်ဒီက လည်း ရန်ရန်ကိုသိပ်ချစ်တာ"

မတူညီတဲ့ချစ်ခြင်းမေတ္တာတွေအတွက် ရလဒ်က
ဘာဖြစ်မယ်ဆိုတာကို ရန်ရန်မတွေးရဲဘူး ဒယ်ဒီ
ဝေးရခြင်းကလွဲရင် အရာအားလုံး ရင်ဆိုင်ဖို့ ရန်ရန့်ကို ခွန်အားများ ပေးသနားပါ။

.......................................................................

ရန်ရန်ကို ပြန်ချော့သည်အနေဖြင့် ဦးဟိန်းထက်
ဖွင့်ပေးလိုက်သည့် Manga Cafeလေးသည်
မထင်ထားလောက်အောင် အောင်မြင်ခဲ့သည်။

Facebookတွေ ပေ့ချ်လုပ်ထားသည်မှာလဲ Likeပေါင်းမနည်း။
Medaiတချို့တွင် ဖော်ပြရသည်အထိ
ယခုခေတ် ခေတ်စားနေသော BL Manga နဲ့ Hero , Sport Mangaများ အပြည့်ဖြည့်ထားသည့်အပြင်
နံရံပတ်ပတ်လည်ရှိ ပိုစတာများ
Goodsများကြောင့်လည်း ယောကျာ်းလေး
မိန်းကလေး လူငယ်များစည်ကားခြင်း
ဦးဟိန်းထက် ကိုယ်တိုင် အကူအညီအတောင်း တာဝန်ပေးအပ်ခြင်းကြောင့် သားငယ်က
ကိတ်နဲ့ အဖျော် ဘက်ကိုကြီးကျပ်ပေးရသည့်အပြင်

ညနေနဲ့ ပိတ်ရက်တိုင်းလုပ်လေ့ရှိသည့်
ပွဲအသေးလေးတွေကို စီစဉ်ပေးရသည်။
စနေဖြစ်နေသည်မို့ ဆိုင်ထဲမှာ
နေရာလွတ်မရှိအောင်ပင် ပြည့်နေဆဲ

"ကိုကို..."

အားး...

ရှပ်အကျီၤလိမ္မော်ရောင်လေးကို ဘောင်းဘီအနက်
အတိုလေးဝတ်ထားတဲ့ ရန်ရန်သည်
ချစ်စဖွယ်ကလေးလေးတစ်ယောက်လိုပင်

ထိုကလေးလေးမှ ကိုကိုဟု ခေါ်လိုက်သောအခါ
အရပ်ရှည်ရှည် နီညိုရောင်ဆံပင် ပိုင်ရှင်နဲ့
ကောင်လေးမှာ ချိုမြိန်သော အပြုံးတစ်ခု

"ရန်လေး ရောက်ပြီလား မနက်စာ စားလာရဲ့လား"

အားး

အနီးအနားဝိုင်းမှ အော်သံများ တကျိကျိ
မတိုးမကျယ်ထွက်ပေါ်လာသည်။
လူအထာနပ်သော ရန်ရန်က သူ့ဆိုင် နာမည်ကြီးရေး သည်သာ ပထမဆိုတဲ့ကောင်စားလေး

Fan service ကို မည်ကဲ့သို့ပေးရမည်ကို
အတော်ကျေလည်လေသည်။

သားငယ် ရင်ခွင် ပစ်မဝင်ရုံတမယ် ခွဲျကာ သူ့ကို ပဲနို့ ချိုချိုလေး တိုက်ရင် ပူဆာနေလေသည်။

တော်တော် တတ်တဲ့ကလေး

မကောင်းတတ်၍ မိန်းကလေးတစ်သိုက်ကိုပြုံးပြကာ ကိုယ်တော်လေးအလိုကျ ပဲနို့ဖျော်ရလေသည်။

//ဒီနေ့လည်း နောက်ကျမယ်
ညစာ မစောင့်နဲ့//

ဖုန်းပေါ်က စာတိုကို ရင်နာနာနဲ့
မသိချင်ယောင်ဆောင်ပစ်လိုက်ရသည်။

အလုပ်အရမ်းများလို့ Seemတောင်မပြဘူး သား
စောင့်မနေဘူး ဦး
အဲတာကြောင့် စိတ်ရှင်းရှင်း ပျော်ရွှင်ပါ......။

"ကိုကို အချိန်ကျပြီ"

"အင်း လာပြီ ကလေး........"

"ကဲ စနေရဲ့ထုံးစံအတိုင်း ကိုကို သားငယ်က ဂစ်တာတီးပြမှာ ဖြစ်ပါတယ်"

ရန်ရန် စကားသံအဆုံးမှာ လက်ခုပ်သံအစီအရီ

သူက ဆယ်လီ အဆိုတော် မဟုတ်သော်ငြား
ဂစ်တာလေးနဲ့တော့ သီချင်း နားဝင်ခံသာအောင်
ဆိုတတ်တာလေးက
ဆိုင်လေးအတွက် အတော်အလုပ်ဖြစ်လေသည်။

"ကိုကိုရေ ဒီနေ့ သီချင်းပါ ဆိုပြပါ"

မိန်းကလေးတစ်ချို့ရဲ့စနောက် တောင်းဆိုသံကြောင့် ရန်ရန်က ဘုကြည့်ကြည့်သည်။

သူ ခေါ်သလို လိုက်ခေါ်၍ မကြည်လင်သည့်သဘော

ဘုကြည့်ခံရသူတစ်သိုက်ကလဲ စိတ်ဆိုးဖို့ဝေးစွ
ရန်ရန့်ကို ပိုသာအချစ်တိုးနေကြပုံရသည်။

ဂစ်တာ ကြိုးများကို ညှိပြီးသည့်အခါ သူစတင်ရန် အဆင့်သင့်ပြင်လိုက်သည်။

ဆိုင်ထဲကို တံခါးဖွင့်ဝင်လာသည့် လူအချို့ကြောင့် အတန်ငယ်ပြုံးပြကာ ခေါင်းကိုငုံ့လိုက်သည်။

ဦးဟိန်းထက် သူ့သား၏ဆိုင်ကို သူငယ်ချင်းတွေခေါ်လာပုံရသည်။

ချစ်ရလွန်းသူကို မြင်ရသော်ငြား
တွဲချိတ်ထားသော လက်လှလှတစ်စုံကြောင့် အသက်ကို ခဲရာခဲဆစ် ရှုသွင်းလိုက်ရသည်။

///////////////////////////////////////////

ငါ့အသည်းကွဲဦးကွယ် မင်းစကားနားထောင်မယ်
တကယ်ကိုမင်းဆုံးဖြတ် ငါလေနှလုံးသွေးရပ်
ရူးမတတ်ဖြစ်ခဲ့ရတယ် ဒါတွေမင်းလည်းအသိ
အိုး ချစ်သူရယ် ရင်ဆိုင်ချင် ခွန်အားနဲ့
အိုး မင်းဆုံးဖြတ် ကိုယ်မငြင်းဘူးကွယ်
ဒုတိယလူအဖြစ်နဲ့ပြီးဆုံးသွား မင်းပေးခဲ့တဲ့
ဆုလာဘ်များနဲ့
အချိန်တန်ပြီဆိုရင် ကိုယ်ပြန်သွားရတော့မယ်
ဒုတိယလူအဖြစ်နဲ့ ကိုယ်အချစ်က
မင်းနှလုံးသားနဲ့ လွဲချော်ခဲ့
နှလုံးသားထဲက အချစ်တွေလည်း သိမ်းဆည်း

ဒုတိယ ဖြစ်တဲ့သူက အကောင်းဆုံးရှုံးသူတဲ့
တကယ်ဆိုအားလုံးနဲ့ ဘာမှမကွဲပြားဘဲ
အဆံုံးသပ်ရလဒ် အရှုံးဘဲ..............

///////////////////////////////////////////

ပျက်ယွင်းသွားတဲ့ မျက်နှာနဲ့ ကျောခိုင်းလိုက်တဲ့
ပုံရိပ်ကို သားငယ် ငေးကာကြည့်မိသည်။

စိတ်အနှောင့်အယှက်ဖြစ်စေလိုသော ဆန္ဒ စိုးစဉ်းမျှ မပါဝင်ခဲ့ပါ ဦး......။

"ကိုကို....အဆင်ပြေလား"

"ရန်လေး"

အသက်ရှုဖို့ လေညှင်းရလိုက်သလိုမျိုး
အနားရောက်လာတဲ့ ရန်ရန်ကို တင်းကြပ်အောင်ပွေ့ဖက်ထားပစ်လိုက်သည်။
အော်သံအချို့နဲ့ ဖုန်းကင်မရာတချို့ကို
ခနတာလစ်လျူရှုလိုက်သည်။

နားလည်သဘောပေါက်စွာ ကျောပြင်ကို
ပွတ်သပ်နှစ်သိမ့်လာတဲ့ ရန်ရန့်လက်အစုံက
ခပ်စပ်စပ် မထင်ရင်မထင်သလို ချတတ်တဲ့
လက်တို့လောက်
စိတ်ကို မပြေလျော့စေခဲ့သည်မှာ အမှန်.......။

အော်သံတွေကြောင့် လူကြီးဝိုင်းကနေ ရောက်လာတဲ့ အကြည့်တွေက အဓိပ္ပါယ်တွေ များစွာ
ရှိနေခဲ့လေသည်။

//ရန်ရန့်ကို သတိပေးထားဦးမှပါဘဲ မြင်ရတာ
အဆင်မပြေလိုက်တာ....//

ဟိန်းထက်တစ်ယောက် သားအတွက် ပူပန်သော စိတ်ကို လေပူမှုတ်ထုတ်ရင်း ခေါင်းခါလိုက်သည်။

မျက်စိရှေ့က မင်းမြတ်တာရာဆီအကြည့်
ရောက်ချိန်မှာတော့ ပြုံးမိရပြန်သည်။

//မင်း ချစ်နေပြီမဟုတ်လား တာရာ.........
ငါ မဟုတ်တဲ့ ယောကျာ်းတစ်ယောက်ကို ချစ်သွားတာ ရင်နာရပေမယ့်
သူကလည်း မင်းကို ငါ့ထက် သတ္တိရှိရှိချစ်တဲ့သူမို့
ငါပျော်ပါတယ် တာရာ....//

ကော်ဖီခွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်း
သားငယ် ကို ကြည့်နေသည့် တာရာ့ မျက်ဝန်းများ
သည် မကျေနပ်ခြင်းတွေ
သဝန်တိုခြင်းတွေနဲ့ ချစ်ခြင်းတရားတွေ
ပြည့်နှက်လို့...

"မောင်..."

"ပူရတဲ့ ကြားထဲ နင် ငါနဲ့ ခပ်ခွာခွာထိုင်နိုင်မလား မို့ငယ်"

ဟင်

မထင်မှတ်ထားတဲ့ မင်းမြတ်တာရာဆီက
စကားသံကြောင့် သူငယ်ချင်းတွေအားလုံး
ဆွံ့အသွားရသည်။

"ဘယ်လိုပြောလိုက်တာလဲ မောင် အဟင်း"

ရှက်ရွံ့ခြင်းကို ဟန်ဆောင်ပြုံးဖြင့်ထိန်းရင်း မို့ငယ်မေးခွန်းထုတ်လိုက်သည်။

"နင်နဲ့ ငါ ချစ်သူတွေလည်းမဟုတ်ဘူး မို့ငယ် အခေါ်အဝေါ်တွေ ပြင်ကြစို့ ဒီကောင်တွေလဲ
တစ်မျိုးထင်ကုန်မယ်"

"အင်းလေ ငါက မင်းတို့ပြန်တွဲနေတာ ထင်တာ မို့ငယ် နင်ကမိန်းကလေး သူများ တစ်မျိုးမြင်မယ်"

ဟိန်းထက်ကပါ ဝင်ထောက်ခံနေသည်မို့ သူငယ်ချင်းအချို့ ခေါင်းညိတ်ကုန်ကြသည်။

"ဘာလဲ ဟိန်းထက် နင်မရသေးတဲ့ သူ့ဆီကအချစ်ကို ငါနောက်တခါထပ်ရမှာစိုးလို့လား"

"ဟာ မို့ငယ် နင်ဘာတွေလျှောက်ပြော"

"အဟင်း ငါမသိဘူးမှတ်နေလား ကျော့နဲ့
ကွဲရ တာလည်း နင်တာရာကို မမေ့နိုင်ခဲ့လို့လေ"

ဟိန်းထက် စိုးရိမ်တကြီး တာရာ့ကို ကြည့်တော့

နီရဲနေသော မျက်နှာက ဟိန်းထက်ဆီကို အံ့သြတကြီးစိုက်ကြည့်နေခဲ့သည်

"ဒယ်...ဒီ"

"ဟာ ရန်ရန်"

မျက်ရည်ပေါက်ကြီးများစီးကျကာ ဟိန်းထက်ကို
နာနာကြင်ကြင်စိုက်ကြည့်နေသော ကလေးငယ်

//ကျွန်တော် ချစ်ရတဲ့ သားလေးကို ထပ်ပြီး
မထိခိုက်ပါရစေနဲ့တော့ ဘုရားသခင်//

.............................................................................

update ကြာသွားလို့ တောင်းပန်ပါတယ် ရန်ကုန်ကို နှစ်ပတ်ပြန်တာရယ် တိုကျိုပြန်ရောက်တော့ နေမကောင်းတာနဲ့ကြာသွားတယ်

ဆက်ရေးဖို့ အိုင်ဒီယာ မရတာကြောင့်လည်းပါပါတယ်

ခုတော့တတ်နိုင်သလောက် ရှေ့ဆက်လိုက်တယ်

ဖတ်ပေးကြပါဦး။

Continue Reading

You'll Also Like

4.8M 516K 158
ဒါလေးက Omegaverse ပုံစံလေး ရေးသွားမှာပါ ... DOLL ပြီးတော့ ဒုတိယမြောက် Fic လေးမို့ အားပေးဖို့မျှော်လင့်ပါတယ် ...... #KZinNyein
21K 1.5K 14
FB4 ဆိုတဲ့ ကောင်ချောလေး ၄ယောက်ပါတဲ့ boy band တစ်ခု 💙 FB4 ဆိုတဲ့ ကောင်ချောလေး ၄ယောက်ပါတဲ့ boy band တစ်ခု 💙 Start date - 16,Oct,2021.
284K 29.1K 64
ဗီလိန်ဆိုတဲ့ ဝေါဟာရကို သင်ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ။
212K 12.5K 55
" ဆေးလိပ်သောက်တတ်တဲ့ ဒေါက်တာကို ဆေးလိပ်မသောက်ဖို့ပြောနေရတာ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်သာ ရှိမယ်ထင်ပါရဲ့" start_13.6.2022🌿