ဦး

By YunjaeminCassiopeia

559K 46.4K 2.3K

စိတ္ကူးရတုန္းခနေရးတင္သည္ More

ဦး - ၁
ဦး - ၂
ဦး - ၃
ဦး - ၄
ဦး - ၅
ဦး - ၆
ဦး - ၇
ဦး - ၈
ဦး - ၉
ဦး - ၁၀
ဦး - ၁၁
ဦး - ၁၂
ဦး - ၁၃ (Short Part)
ဦး - ၁၄
ဦး - ၁၅
ဦး - ၁၆
ဦး - ၁၇
ဦး - ၁၈
ဦး - ၁၉
ဦး - ၂၀
Evidence
ဦး - ၂၁
ဦး - ၂၂.၁(ENDING P1)
ဦး - ၂၂.၂(Ending P2)
No Title
Not update
သားငယ်
ဦး
Pre-order
🚨🚨🚨🚨🚨
ဦးရဲ့ ပရိတ်သတ်များထံသို့
အလွမ်းပြေ

Not Update

12.1K 742 52
By YunjaeminCassiopeia


အားလံုးကို ဒီကေန ေတာင္းပန္စရာေလးရွိပါတယ္
ခ်မ္းေလးရဲ႕ Facebookမွာ Friendမဟုတ္တဲ႕ Readerေတြရွိမယ္ထင္လုိ႕ပါ

Update မျဖစ္ေနတဲ႕အတြက္ အရင္ေတာင္းပန္ပါတယ္ေနာ္

ကုိယ္၃တန္းေလာက္ကေနစမက္လာခဲ႕တဲ႕ အိပ္မက္ကေနစတယ္
အျပာႏုေရာင္ဂါ၀န္ေလးနဲ႕မိန္းကေလး
ကေလးပီပီ ဒါကို ကိုယ္လုိ႕ဘဲထင္ခဲ႕တယ္

တစ္ႏွစ္ျပီးတစ္ႏွစ္ အဲတာကိုယ္မဟုတ္မွန္း သိလာခဲ႕တယ္
အျပာႏုေရာင္ဂါ၀န္ေလးနဲ႕ မ်က္မျမင္ေကာင္မေလး
သူက ကိုယ္႕ကို ကိုကိုတဲ႕
ကိုယ့္ကုိေခၚတာဟုတ္ခ်င္မွ ဟုတ္မယ္ ဒါေပမယ္႕ ကိုယ္က ဗ်ာလုိ႕ ထူးခဲ႕ဖူးတယ္
ကိုယ္႕ေက်ာေပၚမွာ သူ႕ကိုပိုးထားဖူးတာေတြ ျမင္တယ္
ကိုယ္ ျပံဳးေနခဲ႕တယ္
တခါတေလ သူနဲ႕ကိုယ္ ငိုတယ္
သူ ေခ်ာက္ထဲက်သြားတဲ႕ ညေတြကို ကိုယ္ ထမင္းလံုးတေစၦေျခာက္တယ္လုိ႕မွတ္ယူခဲ႕တယ္

ကိုယ္ ၆တန္း..
ေအာင္စဥ္ထက္
ေအာင္ဇင္ထက္

ဘယ္လုိေပါင္းရမလဲကိုယ္မသိဘူး
ကိုယ္႕ကိုအဲ႕လုိေခၚျကတယ္
မ်က္ႏွာမကြဲတဲ႕ လူတစ္ခ်ိဳ႕က
ရွမ္းအိုးစည္းသံေတြျကားရမယ္ လူေတြအမ်ားျကီးရွိမယ္
အေမ ဆုိတဲ႕လူတစ္ေယာက္
အကိုဆုိတဲ႕ လူငယ္
ျပီးေတာ႕ သူမ.........

သူမကေတာ႕ အျပာေရာင္ဂါ၀န္ေလးမ၀တ္ဘူး
သူမ ကို ကိုယ္ဘယ္ေတာ႕မွကြဲကြဲျပားျပားမျမင္ရဘူး

ေဗဒင္ေမးတုိင္းေပၚတာက ကိုယ္ကလူ၀င္စား ေယာက်ာ္းေလး
အဖိုးေျပာတာလဲ ကိုယ္က ေတာင္တန္းေတြဆီကလာတဲ႕သူ
ဒါေျကာင္႕လားမသိဘူး ကိုယ္ကပင္လယ္ေတြကုိမျကိုက္ဘူး
ေတာင္တန္းေတြကိုခ်စ္တယ္
စိမ္းညိွဳ႕ညွိဳ႕ေတာင္တန္းေတြကို ျမင္ရင္ ကိုယ္ေပ်ာ္တယ္

ေျပာခ်င္တာက ကိုယ္စာေရးတာက အဲမွာစတယ္
ကို္ယ္႕ရဲ႕ရူးျကားျကားအိပ္မက္ေတြကို အေမ႕ကိုမေျပာရဲဘူး
အရိပ္အျမြက္ေျပာတုန္းက အေမလန္႕သြားဖူးတယ္
အရိုက္သန္တဲ႕အေမ ကိုယ္႕ကိုရုိက္တုိငး္
သူ႕အိပ္မက္ထဲ ကိုယ္႕ကိုလာျပန္ေတာင္းတတ္တဲ႕ မိန္းမ တစ္ေယာက္က
ကိုယ္ရဲ႕အိပ္မက္ထဲက ကိုယ္အေမနဲ႕ အ၀တ္အစားက အစတူေနလုိ႕ဘဲ......။

ဖတ္ေနရင္း မ်က္လံုးလည္သြားျပီလား
ဒီလုိနဲ႕ ကိုယ္ ရူးျကားျကားအိပ္မက္ေတြကို နားေထာင္ျပီးယံုေပးတဲ႕သူငယ္ခ်င္းေပၚလာတယ္
သူက စာရြက္ေပၚမွာ အေသးစိတ္ခ်ေရးခိုင္းတယ္
စာစီစာကံုး နင္ေရးရင္ သိပ္ဖတ္ေကာင္းတာမုိ႕ ဒါကိုလဲေရးေပးပါလားတဲ႕
ကိုယ္ျကိုးစားျပီးေရးျကည္႕တာအခါ ၀တၳဳမမည္ေသာ စာတုိတစ္ပုဒ္ရလာတယ္
အခုထိ အဲ႕သူငယ္ခ်င္းက အမွတ္တရသိမ္းထားတုန္းဘဲ လြန္ခဲ႕တဲ႕ ၁၄ ႏွစ္ေလာက္က ကိုယ္႕ရဲ႕လက္ေရးမူေပါ႕

ကိုယ္ အခု သူတုိ႕ကိုအိပ္မက္မမက္ေတာ႕ဘူး
အိပ္မက္မက္တာအက်င္႕ေျကာင္႕ထင္တယ္ ဇာတ္လမ္းလိုလိုေတြေတာ႕မက္ေနတုန္းဘဲ

လိပ္ျပာတုန္းကဆို မွတ္မွတ္ရရ
ေလးလႊာပါတဲ႕အရြက္စိမ္းေတြကို လုိက္ရွာေနတဲ႕ ေကာင္ကေလးေပါ႕
မ်က္လံုးခ်င္းဆံုမိတဲ႕အခ်ိန္မွာ နာနာျကင္ျကင္ညည္းတြားသံျကားလုိက္ရတယ္
အဲ႕မွာ ကိုယ္လန္႕ႏိုးတယ္

ဦး....
တကယ္က ခ်မ္းေလးဖစ္ေတြေရးတာကိုရပ္လုိက္တာ ေတာင္ပံမဲ႕လိပ္ျပာ ျပီးသြားကတည္းကပါဘဲ
ရပ္သြားလုိက္ ျပန္ဆက္လုိက္နဲ႕ ရုန္းကန္ခဲ႕ရတဲ႕ေတာင္ပံမဲ႕လိပ္ျပာ
ျပီးသြားတဲ႕အခ်ိန္မွာ အရမ္းကိုေပါ႕ပါးသြားျပီး ေနာက္ဒီလုိမ်ိဳးဖန္တီးႏိုင္ေတာ႕မွာ မဟုတ္တာကို တခါတည္းသေဘာေပါက္လာခဲ႕တယ္

ဒါေျကာင္႕ စာေတြေရးတာကို ရပ္လုိက္ေတာ႕မယ္လုိ႕ေတြးခဲ႕တယ္
ဇာတ္လမ္းကိုမညႊန္းတတ္သလုိ စြဲေဆာင္မႈလည္းမလုပ္ေပးတတ္ဘူး
Roleplayေတြနဲ႕လည္း မေနတတ္တဲ႕သူမုိ႕ (မေနတတ္ရတဲ႕အေျကာင္းက ခ်မ္းေလးက Intel Roleplayေတြနဲ႕RPလုပ္လာတ ၂၀၁၂ ၂၀၁၃ ေလာက္တည္းကမုိ႕)
ျမန္မာလုိေျပာတဲ႕ RPေတြနဲ႕ တမ်ိဳးျဖစ္ေနတဲ႕သေဘာပါ (ဘ၀င္ျမင္႕တာမဟုတ္ ဟုိကRPေတြကအျကမ္းေတြမို႕ ဒီက RPေတြက အဖီးျကီးတင္တာမို႕ ကိုယ္ကအသည္းေတြအူေတြယားလာ)

ဒါနဲ႕ဘဲ တျခားဖစ္ကေလးတစ္ခုစျကည္႕ေတာ႕ ထင္တဲ႕အတိုင္း Reactionမေကာင္းဘူး
အဲ႕ခ်ိန္မွာ ၀မ္းမနည္းဘဲ ေပ်ာ္သြားတာ ဟုတ္ျပီ
ေရးခ်င္တဲ႕ပိုးကေဖ်ာက္မရေတာ႕ေရးမယ္ ေစာင္႕မယ္သူမရွိေတာ႕ ေအးေဆးဘဲ ငါစိတ္ကူးရရင္ထေရးလုိ႕ရျပီေပါ႕

အဲ႕မွာ Life Prison ေခါင္းထဲ၀င္လာတာ ကိုယ္႕အက်င္႕လုိဘဲ ခပ္ယုတ္ယုတ္ဆုိေတာ႕ Dark ေတြ Painေတြဘဲသြားမယ္ လိပ္ျပာလုိ အလွအပေတြမဖြဲ႕ဘူး ကိုယ္လိုခ်င္တာကိုေရးမယ္ေတြးတယ္
ေရးေနတာႏွစ္ပိုင္းမေရာက္ေသးဘူး ဦး က ၀င္လာတယ္ ေခါင္းထဲေပၚလာတာ
Darkaretai Otoko 1 အဲ႕ေကာင္ႏွိပ္စက္တာ သူတို႕ႏွစ္ေယာက္ကိုျမင္ရင္ ဦး ရဲ႕ ဇာတ္က ေပၚလာေလဘဲ
အဲ႕မွာထေရးတာဘဲ
မထင္ဘဲ ဖတ္တဲ႕သူေတြ ရွိလာခဲ႕တယ္
ေက်းဇူးတင္မိတာနဲ႕အတူ အားနာမိတာဘဲ
ဒီ ရူးေျကာင္ေျကာင္ ငခ်မ္းက ျပီးရင္ေဖာက္တာကိုမသိျကတာလည္းမဟုတ္ ယံုေပးျကလုိ႕
ေနာက္ထပ္ဇာတ္လမ္းတစ္ခုကလည္းေခါင္းထဲမွာ အတင္းေတြတုိးေ၀ွ႕ေနျပီ
အဲ႕မွာ ဘာလဲဆုိေတာ႕ ဦး နဲ႕ပတ္သတ္တာက ဆက္ထြက္မလာေတာ႕ဘူး
ခု ဘာဆက္ေရးရမွန္းမသိတာဘဲ
တနလၤာကေနေသာျကာကို တစ္ရက္ ၁၀နာရီကေန၁၃နာရီျကား ကြန္ပ်ဴတာနဲ႕အလုပ္လုပ္ရသူမုိ႕
အိမ္ျပန္ေရာက္ရင္ တကယ္ ကြန္ပ်ဴတာမကိုင္ခ်င္ေတာ႕ဘူး
စေန တနဂၤေႏြက်ျပန္ေတာ႕ တစ္ေယာက္တည္းသမားမို႕ အိမ္ရွင္းရ ေစ်း၀ယ္ရ ဘာရ ညာရ လူမႈေရးေတြေကာ ကိုယ္ပိုင္အခ်ိန္ေလးကိုက်လည္း မန္ဂါေလးဖတ္ေနခ်င္ေသးတာ
အဲ႕ေတာ႕ စာေရးရတာအေတာ္ကိုခက္တာ
ကိုယ္က ဟုိေနရာသြား ဇာတ္လမ္းရွာ ဒီမွာဇာတ္ကြက္ရွာဖုိ႕က်လည္းမစြမ္းျပန္ဘူး
တကယ္ေျပာတာ ယံု ကိုယ္႕ဇာတ္လမ္းေတြအကုန္လံုးက ကိုယ္အိပ္မက္ကလာတယ္
ကိုယ္အိပ္မက္ မက္တဲ႕ တစ္ကြက္ကေန ကိုယ္႕ဘာကိုစပြားတာ
အဲတာေျကာင္႕ တခ်ိဳ႕ဟာေတြက အဓိပၸါယ္မရွိဘူး

ဒါဆုိ ဘာလုိ႕ တင္ေနလဲလုိ႕ ေမးရင္ စိတ္မဆိုးဘူး
ဟုတ္တယ္ ဘာလို႕တင္မိလဲ မသိဘူး
အမွန္ဆုိ ကိုယ္ဘာကိုယ္သိမ္းထားရင္ ရရက္နဲ႕
ဦး ကို လံုး၀အရွင္းေတာ႕ပစ္မထားပါဘူး
ျပီးတဲ႕အထိေတာ႕ေရးမွာပါ

အမွန္ကေျပာခ်င္တာ ဒီပိတ္ရက္မွာ ဦးကိုေရးဖုိ႕စဥ္းစားထားတာမရိွလို႕ မတင္ႏိုင္ဖို႕ ၉၉ရာခိုင္ႏႈန္းဆိုတာပါဘဲ
အဲ႕ေတာ႕ ဒီရူးျကားျကားစာတိုေလးနဲ႕ ခင္ဗ်ားေလးတုိ႕ကိုလာဖားရျခင္းျဖစ္တယ္

စိတ္ဆုိးျကလည္း ေစာင္႕ေနျကမယ္ဆိုတာသိလို႕ ဒီကငခ်မး္ကလည္းခင္ဗ်ားေလးတုိ႕ကိုယံုျပီး စိမ္ေျပနေျပ လုပ္ေနမွာဘဲ
ဒီ Readerတစ္စုက ငခ်မ္းတစ္ေကာင္ဘယ္လုိရစ္မယ္ ဘယ္လုိအပ်င္းထူးတယ္ဆုိတာသိေနျပီးသားလူေတြမုိ႕
ထပ္ျပီးသည္းခံေပးျကပါဦးကြာ
Love you all

အားလုံးကို ဒီကနေ တောင်းပန်စရာလေးရှိပါတယ်
ချမ်းလေးရဲ့ Facebookမှာ Friendမဟုတ်တဲ့ Readerတွေရှိမယ်ထင်လို့ပါ

Update မဖြစ်နေတဲ့အတွက် အရင်တောင်းပန်ပါတယ်နော်

ကိုယ်၃တန်းလောက်ကနေစမက်လာခဲ့တဲ့ အိပ်မက်ကနေစတယ်
အပြာနုရောင်ဂါဝန်လေးနဲ့မိန်းကလေး
ကလေးပီပီ ဒါကို ကိုယ်လို့ဘဲထင်ခဲ့တယ်

တစ်နှစ်ပြီးတစ်နှစ် အဲတာကိုယ်မဟုတ်မှန်း သိလာခဲ့တယ်
အပြာနုရောင်ဂါဝန်လေးနဲ့ မျက်မမြင်ကောင်မလေး
သူက ကိုယ့်ကို ကိုကိုတဲ့
ကိုယ့်ကိုခေါ်တာဟုတ်ချင်မှ ဟုတ်မယ် ဒါပေမယ့် ကိုယ်က ဗျာလို့ ထူးခဲ့ဖူးတယ်
ကိုယ့်ကျောပေါ်မှာ သူ့ကိုပိုးထားဖူးတာတွေ မြင်တယ်
ကိုယ် ပြုံးနေခဲ့တယ်
တခါတလေ သူနဲ့ကိုယ် ငိုတယ်
သူ ချောက်ထဲကျသွားတဲ့ ညတွေကို ကိုယ် ထမင်းလုံးတစ္ဆေခြောက်တယ်လို့မှတ်ယူခဲ့တယ်

ကိုယ် ၆တန်း..
အောင်စဉ်ထက်
အောင်ဇင်ထက်

ဘယ်လိုပေါင်းရမလဲကိုယ်မသိဘူး
ကိုယ့်ကိုအဲ့လိုခေါ်ကြတယ်
မျက်နှာမကွဲတဲ့ လူတစ်ချို့က
ရှမ်းအိုးစည်းသံတွေကြားရမယ် လူတွေအများကြီးရှိမယ်
အမေ ဆိုတဲ့လူတစ်ယောက်
အကိုဆိုတဲ့ လူငယ်
ပြီးတော့ သူမ.........

သူမကတော့ အပြာရောင်ဂါဝန်လေးမဝတ်ဘူး
သူမ ကို ကိုယ်ဘယ်တော့မှကွဲကွဲပြားပြားမမြင်ရဘူး

ဗေဒင်မေးတိုင်းပေါ်တာက ကိုယ်ကလူဝင်စား ယောကျာ်းလေး
အဖိုးပြောတာလဲ ကိုယ်က တောင်တန်းတွေဆီကလာတဲ့သူ
ဒါကြောင့်လားမသိဘူး ကိုယ်ကပင်လယ်တွေကိုမကြိုက်ဘူး
တောင်တန်းတွေကိုချစ်တယ်
စိမ်းညှို့ညှို့တောင်တန်းတွေကို မြင်ရင် ကိုယ်ပျော်တယ်

ပြောချင်တာက ကိုယ်စာရေးတာက အဲမှာစတယ်
ကိုယ့်ရဲ့ရူးကြားကြားအိပ်မက်တွေကို အမေ့ကိုမပြောရဲဘူး
အရိပ်အမြွက်ပြောတုန်းက အမေလန့်သွားဖူးတယ်
အရိုက်သန်တဲ့အမေ ကိုယ့်ကိုရိုက်တိုင်း
သူ့အိပ်မက်ထဲ ကိုယ့်ကိုလာပြန်တောင်းတတ်တဲ့ မိန်းမ တစ်ယောက်က
ကိုယ်ရဲ့အိပ်မက်ထဲက ကိုယ်အမေနဲ့ အဝတ်အစားက အစတူနေလို့ဘဲ......။

ဖတ်နေရင်း မျက်လုံးလည်သွားပြီလား
ဒီလိုနဲ့ ကိုယ် ရူးကြားကြားအိပ်မက်တွေကို နားထောင်ပြီးယုံပေးတဲ့သူငယ်ချင်းပေါ်လာတယ်
သူက စာရွက်ပေါ်မှာ အသေးစိတ်ချရေးခိုင်းတယ်
စာစီစာကုံး နင်ရေးရင် သိပ်ဖတ်ကောင်းတာမို့ ဒါကိုလဲရေးပေးပါလားတဲ့
ကိုယ်ကြိုးစားပြီးရေးကြည့်တာအခါ ဝတ္ထုမမည်သော စာတိုတစ်ပုဒ်ရလာတယ်
အခုထိ အဲ့သူငယ်ချင်းက အမှတ်တရသိမ်းထားတုန်းဘဲ လွန်ခဲ့တဲ့ ၁၄ နှစ်လောက်က ကိုယ့်ရဲ့လက်ရေးမူပေါ့

ကိုယ် အခု သူတို့ကိုအိပ်မက်မမက်တော့ဘူး
အိပ်မက်မက်တာအကျင့်ကြောင့်ထင်တယ် ဇာတ်လမ်းလိုလိုတွေတော့မက်နေတုန်းဘဲ

လိပ်ပြာတုန်းကဆို မှတ်မှတ်ရရ
လေးလွှာပါတဲ့အရွက်စိမ်းတွေကို လိုက်ရှာနေတဲ့ ကောင်ကလေးပေါ့
မျက်လုံးချင်းဆုံမိတဲ့အချိန်မှာ နာနာကြင်ကြင်ညည်းတွားသံကြားလိုက်ရတယ်
အဲ့မှာ ကိုယ်လန့်နိုးတယ်

ဦး....
တကယ်က ချမ်းလေးဖစ်တွေရေးတာကိုရပ်လိုက်တာ တောင်ပံမဲ့လိပ်ပြာ ပြီးသွားကတည်းကပါဘဲ
ရပ်သွားလိုက် ပြန်ဆက်လိုက်နဲ့ ရုန်းကန်ခဲ့ရတဲ့တောင်ပံမဲ့လိပ်ပြာ
ပြီးသွားတဲ့အချိန်မှာ အရမ်းကိုပေါ့ပါးသွားပြီး နောက်ဒီလိုမျိုးဖန်တီးနိုင်တော့မှာ မဟုတ်တာကို တခါတည်းသဘောပေါက်လာခဲ့တယ်

ဒါကြောင့် စာတွေရေးတာကို ရပ်လိုက်တော့မယ်လို့တွေးခဲ့တယ်
ဇာတ်လမ်းကိုမညွှန်းတတ်သလို စွဲဆောင်မှုလည်းမလုပ်ပေးတတ်ဘူး
Roleplayတွေနဲ့လည်း မနေတတ်တဲ့သူမို့ (မနေတတ်ရတဲ့အကြောင်းက ချမ်းလေးက Intel Roleplayတွေနဲ့RPလုပ်လာတ ၂၀၁၂ ၂၀၁၃ လောက်တည်းကမို့)
မြန်မာလိုပြောတဲ့ RPတွေနဲ့ တမျိုးဖြစ်နေတဲ့သဘောပါ (ဘဝင်မြင့်တာမဟုတ် ဟိုကRPတွေကအကြမ်းတွေမို့ ဒီက RPတွေက အဖီးကြီးတင်တာမို့ ကိုယ်ကအသည်းတွေအူတွေယားလာ)

ဒါနဲ့ဘဲ တခြားဖစ်ကလေးတစ်ခုစကြည့်တော့ ထင်တဲ့အတိုင်း Reactionမကောင်းဘူး
အဲ့ချိန်မှာ ဝမ်းမနည်းဘဲ ပျော်သွားတာ ဟုတ်ပြီ
ရေးချင်တဲ့ပိုးကဖျောက်မရတော့ရေးမယ် စောင့်မယ်သူမရှိတော့ အေးဆေးဘဲ ငါစိတ်ကူးရရင်ထရေးလို့ရပြီပေါ့

အဲ့မှာ Life Prison ခေါင်းထဲဝင်လာတာ ကိုယ့်အကျင့်လိုဘဲ ခပ်ယုတ်ယုတ်ဆိုတော့ Dark တွေ Painတွေဘဲသွားမယ် လိပ်ပြာလို အလှအပတွေမဖွဲ့ဘူး ကိုယ်လိုချင်တာကိုရေးမယ်တွေးတယ်
ရေးနေတာနှစ်ပိုင်းမရောက်သေးဘူး ဦး က ဝင်လာတယ် ခေါင်းထဲပေါ်လာတာ
Darkaretai Otoko 1 အဲ့ကောင်နှိပ်စက်တာ သူတို့နှစ်ယောက်ကိုမြင်ရင် ဦး ရဲ့ ဇာတ်က ပေါ်လာလေဘဲ
အဲ့မှာထရေးတာဘဲ
မထင်ဘဲ ဖတ်တဲ့သူတွေ ရှိလာခဲ့တယ်
ကျေးဇူးတင်မိတာနဲ့အတူ အားနာမိတာဘဲ
ဒီ ရူးကြောင်ကြောင် ငချမ်းက ပြီးရင်ဖောက်တာကိုမသိကြတာလည်းမဟုတ် ယုံပေးကြလို့
နောက်ထပ်ဇာတ်လမ်းတစ်ခုကလည်းခေါင်းထဲမှာ အတင်းတွေတိုးဝှေ့နေပြီ
အဲ့မှာ ဘာလဲဆိုတော့ ဦး နဲ့ပတ်သတ်တာက ဆက်ထွက်မလာတော့ဘူး
ခု ဘာဆက်ရေးရမှန်းမသိတာဘဲ
တနင်္လာကနေသောကြာကို တစ်ရက် ၁၀နာရီကနေ၁၃နာရီကြား ကွန်ပျူတာနဲ့အလုပ်လုပ်ရသူမို့
အိမ်ပြန်ရောက်ရင် တကယ် ကွန်ပျူတာမကိုင်ချင်တော့ဘူး
စနေ တနင်္ဂနွေကျပြန်တော့ တစ်ယောက်တည်းသမားမို့ အိမ်ရှင်းရ ဈေးဝယ်ရ ဘာရ ညာရ လူမှုရေးတွေကော ကိုယ်ပိုင်အချိန်လေးကိုကျလည်း မန်ဂါလေးဖတ်နေချင်သေးတာ
အဲ့တော့ စာရေးရတာအတော်ကိုခက်တာ
ကိုယ်က ဟိုနေရာသွား ဇာတ်လမ်းရှာ ဒီမှာဇာတ်ကွက်ရှာဖို့ကျလည်းမစွမ်းပြန်ဘူး
တကယ်ပြောတာ ယုံ ကိုယ့်ဇာတ်လမ်းတွေအကုန်လုံးက ကိုယ်အိပ်မက်ကလာတယ်
ကိုယ်အိပ်မက် မက်တဲ့ တစ်ကွက်ကနေ ကိုယ့်ဘာကိုစပွားတာ
အဲတာကြောင့် တချို့ဟာတွေက အဓိပ္ပါယ်မရှိဘူး

ဒါဆို ဘာလို့ တင်နေလဲလို့ မေးရင် စိတ်မဆိုးဘူး
ဟုတ်တယ် ဘာလို့တင်မိလဲ မသိဘူး
အမှန်ဆို ကိုယ်ဘာကိုယ်သိမ်းထားရင် ရရက်နဲ့
ဦး ကို လုံးဝအရှင်းတော့ပစ်မထားပါဘူး
ပြီးတဲ့အထိတော့ရေးမှာပါ

အမှန်ကပြောချင်တာ ဒီပိတ်ရက်မှာ ဦးကိုရေးဖို့စဉ်းစားထားတာမရှိလို့ မတင်နိုင်ဖို့ ၉၉ရာခိုင်နှုန်းဆိုတာပါဘဲ
အဲ့တော့ ဒီရူးကြားကြားစာတိုလေးနဲ့ ခင်ဗျားလေးတို့ကိုလာဖားရခြင်းဖြစ်တယ်

စိတ်ဆိုးကြလည်း စောင့်နေကြမယ်ဆိုတာသိလို့ ဒီကငချမ်းကလည်းခင်ဗျားလေးတို့ကိုယုံပြီး စိမ်ပြေနပြေ လုပ်နေမှာဘဲ
ဒီ Readerတစ်စုက ငချမ်းတစ်ကောင်ဘယ်လိုရစ်မယ် ဘယ်လိုအပျင်းထူးတယ်ဆိုတာသိနေပြီးသားလူတွေမို့
ထပ်ပြီးသည်းခံပေးကြပါဦးကွာ
Love you all

Continue Reading

You'll Also Like

214K 10.7K 57
မီလျံနာပေါက်စန့ဲ ဘီလျံနာsemeတို့ကြားကlove story အsweet တစ်လိုင်း [×××] No Translation #cv photo crd #10.12.2021ပြည်လုံးကျွတ်အသံတိတ်သပိတ်နေ့တွင် ပြီးမ...
543K 42.6K 64
Unicode ~~Zawgyi သားကိုအလွန်ချစ်ပြီးအူတို​သော~~ဦး​​ကျော်ကြား ​ဖခင်နဲ့လင်ဖြစ်သူ ကြားဗျာများရတဲ့ ~~သျှားမြတ်​ကျော် သျှားချစ်သူကျီးကန်းမည်း​လေး~အံ့မင်း...
551K 29.8K 60
📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ...
57.9K 15.2K 54
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥