ဦး

By YunjaeminCassiopeia

559K 46.4K 2.3K

စိတ်ကူးရတုန်းခနရေးတင်သည် More

ဦး - ၁
ဦး - ၂
ဦး - ၃
ဦး - ၎
ဦး - ၅
ဦး - ၆
ဦး - ၇
ဦး - ၈
ဦး - ၉
ဦး - ၁၁
Not Update
ဦး - ၁၂
ဦး - ၁၃ (Short Part)
ဦး - ၁၄
ဦး - ၁၅
ဦး - ၁၆
ဦး - ၁၇
ဦး - ၁၈
ဦး - ၁၉
ဦး - ၂၀
Evidence
ဦး - ၂၁
ဦး - ၂၂.၁(ENDING P1)
ဦး - ၂၂.၂(Ending P2)
No Title
Not update
သားငယ်
ဦး
Pre-order
🚨🚨🚨🚨🚨
ဦးရဲ့ ပရိတ်သတ်များထံသို့
အလွမ်းပြေ

ဦး - ၁၀

17.8K 1.7K 47
By YunjaeminCassiopeia

Zawgyi

ဦး
အပိုင်း(၁၀)

မနက်၆နာရီ
မနက်အလင်းရောင်
တစ်ချက်နမ်းလိုက်သည်။


သားငယ်သည် အခုဆို
ကုန်ဆုံးဖြစ်လေသည်။

နိုင်သည်။





တိုးကာ အချစ်ပိုရစမြဲ

တွက်ဆထားပြီးသားပင်။

မနက်တိုင်းနီးပါးပင်။

ခင်ဗျားတို့ထင်ကြလား။


"သားငယ်"

"အကျီင်္ထုတ်ပေးဦးလေ"
"ဟုတ်ကဲ့ပါခင်ဗျ"


"ချစ်တယ် ဦး"
"နားညည်းတယ် ခွေးပေါက်"


..................................................................










ရန်ရန်ရဲ့သွားရာတွေ


ဟိန်းထက်တွေးမိသည်



"သွား သွား"



ဒယ်ဒီပါဘဲ


..................................................................

"ကိုကို"

"ရန်လေး!!"

"ဟာဗျာ မဖက်နဲ့ဗျ"




"ကိုကို"
"ဗျာ "
"အချစ်ဦး"



"ဆိုးစရာလား ရန်လေးရယ်
ဒါပေမယ့် ရန်လေးလဲ
ကိုကိုက"


"ကိုကို... "
"ဗျာ"
မနာလိုလိုက်တာနော်"
ကိုကို့ရဲ့ ရန်လေး"


အမြဲရပ်တည်ပေးမယ်"

ကတိပေးခဲ့သည်။

တကယ်လို့များ ဒယ်ဒီက.......
မချစ်ခဲ့ရင်ပေါ့
.........................................................................



Unicode

ဦး
အပိုင်း(၁၀)
ခပ်တိုးတိုးမြည်လာတဲ့နှိုးစက်သံကို အချိန်မှီ
သားငယ်ပိတ်ပစ်လိုက်သည်။

မနက်၆နာရီ
ပြတင်းလိုက်ကာအဖြူကိုထိုးကာဝင်ရောက်လာသည့်
မနက်အလင်းရောင်
နှိုးစက်ပိတ်ပြီး အိပ်ယာထဲမှမထွက်ခင် သားငယ်
ရင်ခွင်ထဲရှိနေသည့် ချစ်လှစွာသောဦးကို
တစ်ချက်နမ်းလိုက်သည်။
ခိုးနမ်းခြင်းဆိုရင် ပို၍မှန်မည်ထင်။

"မနက်ခင်းလေး အိပ်ယာနိုးရင်
နင့်အပြုံးလေးနဲ့အတူနိုးချင်
အလှဆုံးသောမင်းကိုငေးကြည့်ရင်း"

ချစ်ရတဲ့ဦးကိုငေးကြည့်ရင်း နိုးထရတဲ့မနက်ခင်းတွေက သားငယ်အတွက်အလှပဆုံးပင်။
မနက်၈နာရီခွဲ အိမ်ကထွက်ရမည့်ဦးအတွက်
သားငယ် မနက်စာထပြင်ပေးရမည်။
နေ့လည်ကျရင် ထမင်းဘူးသယ်ကာဦးရဲ့ ရုံးကိုသွားပို့ပေးပြီးမှ သားငယ် သင်တန်းပြေးသည်။
အရင် ရသမျှအလုပ်တွေလုပ်ကာ ပိုက်ဆံစုတတ်သော
သားငယ်သည် အခုဆို
၂၄နာရီရဲ့အချိန် ၁၈နာရီလောက်ကို ဦးနားမှာ
ကုန်ဆုံးဖြစ်လေသည်။

အချစ်က ပိုင်ဆိုင်ခြင်း ရယူခြင်း ပေးဆပ်ခြင်း
လူတစ်ယောက်ကိုမေးရင် တမျိုးအဖြေထွက်လာ
နိုင်သည်။

သားငယ်အတွက် အချစ်ဆိုသည်မှာ ဦးပင်ဖြစ်သည်။

ဦးနဲ့အတူရှိနေခွင့်ရသည့်အချိန်သည် ပျော်ရွှင်မှုဖြစ်ပြီး
ခနတာဝေးရချိန်သည် သတိရတမ်းတမှုမည်သည်။
//ကြေကွဲမှုနဲ့ နာကြင်မှုတွေကို သားငယ် ခန
မေ့ထားခွင့်ရှိတယ်မဟုတ်လား ဦး
ဦးအနားမှာ နေခွင့်ရနေသ၍လေ//

"ဦးထတော့လေ မနက်စာစားရအောင်"

"၅မိနစ်ဘဲ" ဟုအဓိပ္ပါယ်ရသော လက်ငါးချောင်းကိုထောင်ပြကာ တုပ်တုပ်မျှမလှုပ်
သားငယ်ပြုံးမိရပြန်သည်။

မနက်တိုင်းမြင်နေကျ ထပ်တူညီသော ဒီအပြုအမူ
သေးသေးကအစ သားငယ်အတွက် ရိုးမသွားခဲ့
တိုးကာ အချစ်ပိုရစမြဲ
ခါးမှတိုးကာဖက်ရင်း နားဖျားကို ခပ်ဖွဖွငုံတော့

"ဟေ့ကောင် တော်ပြီ ထမယ်" ဟုအော်ကာ
ရေချိုးခန်းထဲ ပြေးဝင်မည်ဆိုတာလဲ ကြိုတင်
တွက်ဆထားပြီးသားပင်။

အိပ်ယာသိမ်းကာ ရေချိုးခန်းကပ်လျက် အိမ်သာထဲဝင် ဖြေလျှော့လိုက်ရသည့် ခံစားမှုသည်လည်း
မနက်တိုင်းနီးပါးပင်။

ယောကျာ်းနှစ်ယောက်ရဲ့ပတ်သတ်မှုက ဖြူစင်မှုတွေ
ချစ်ခြင်းတွေဘဲ မှန်ဘောင်နဲ့ခတ်တည်ရှိနေမယ်လို့
ခင်ဗျားတို့ထင်ကြလား။

အရွယ်ရောက်ပြီးသားယောကျာ်းတစ်ယောက်က
ကိုယ်နဲ့ဖြစ်တည်မှုခြင်းတူညီသည့် ယောကျာ်းတစ်ယောက်ကို
ထိတွေ့လိုစိတ် ပိုင်ဆိုင်လိုစိတ်ဆိုတဲ့
အရောင်ညစ်ညစ်စိတ်ရိုင်းတွေ
အချိန်ပြည့်ကိန်းအောင်းနေတယ်ဆိုတာ ယုံ။
မြတ်နိုးလွန်းလို့ တန်ဖိုးထားမှုတွေ ဖြစ်တည်မှုအားကြီးလွန်းလို့သာ
ဦးကို သားငယ် စိတ်ကူးထဲတွင် ပစ်မှားနေရုံသာ။
လက်ချောင်းများကို ဆပ်ပြာဖြင့်အကြိမ်ကြိမ်ဆေးကြောရင်း သက်ပြင်းမောချမိပြန်ရဲ့။

"သားငယ်"
ခေါ်သံနဲ့အတူ ပြန်ဝင်လာတဲ့အသိတရားကြောင့် ဦး ရှိရာအိပ်ခန်းသို့အပြေးအလွှား။

"အကျီၤထုတ်ပေးဦးလေ"
"ဟုတ်ကဲ့ပါခင်ဗျ"

ရင်ဘတ်ဖွေးဖွေးမှာတည်ရှိနေတဲ့ မှဲ့နက်လေးကိုလည်း မနာလိုဘူး
မျက်နှာလှလှပေါ်တည်ရှိနေတဲ့ မွှေးညှင်းကအစ အရေးအကြောင်းမျှင်မျှင်တွေကိုလည်း မကြည်ဖြူနိုင်ဘူး။
//သား ထက် ဦး နဲ့ ပိုနီးစပ်ခွင့်ရှိတဲ့ အရာခပ်သိမ်းအားလုံးကို မလိုချင်ဘူး ဦး//

"ချစ်တယ် ဦး"
"နားညည်းတယ် ခွေးပေါက်"

မချစ်နဲ့လို့ မတားဆီးသည်ကိုပင် အကြိမ်ကြိမ်ကျေးဇူးတင်မိရသူမို့
ထပ်တိုးပြီးချစ်မိတဲ့အခါ ဗွေမယူပါနဲ့ ဦး
အချစ်ပိုအောင် ပြုစားသူက ဦးရယ်လေ။

..................................................................

"ဒယ်ဒီ ဒီညနဲ့သားနဲ့အတူအိပ်ရအောင်"
"ဟေ ဘာလို့လဲ ရန်ရန် အိပ်မက်ဆိုးတွေမက်ပြန်ပြီလား"
"အိပ်မက်ဆိုးမက်မှ ဒယ်ဒီနဲ့အတူအိပ်ရမှာလား"

နှုတ်ခမ်းဆူကာ ပြောသောစကားကြောင့် ဟိန်းထက် ရန်ရန့်ပါးဖောင်းလေးကို ဆွဲဖျစ်ပစ်လိုက်သည်။

"မဟုတ်ရပါဘူးဗျာ ရန်ရန် အိပ်ချင်ရင် လာအိပ်လေ ဒယ်ဒီဆီ"
"ဟင့်အင်း ဒယ်ဒီလာအိပ် ရန်ရန် ဒယ်ဒီကုတင်ပေါ်မအိပ်ချင်ဘူး"

ဟုတ်သည် ရန်ရန်လေးက လွန်ခဲ့တဲ့နှစ်ကပင် ပြောင်းလဲလာခဲ့သည်။
အတူတူအိပ်မယ်ဟု ဂျီကျပြီးရင် ဘယ်တော့မှဟိန်းထက် အခန်းမှာလာမအိပ်
အကြောင်းပြချက်မေးလဲမရပေ။

"ဟုတ်ပါပြီ မင်းသားလေးရယ် ဒယ်ဒီ မင်းသားလေး
အခန်းဆီ လာအိပ်ပါ့မယ် ဟုတ်ပြီလား"
"ပြီးရော ဒါနဲ့ ဒီနေ့အပြင်ထွက်မယ်"
"ဘယ်သွားမလို့လဲ ရန်ရန်"

ပုံမှန်ဆို မိဘတွေ သားသမီးတွေအပြင်ထွက်ရင် ဘယ်သွားမလဲ ဘယ်သူနဲ့လဲ
ဘယ်အချိန်ပြန်ရောက်မလဲဆိုတဲ့ မေးခွန်းတွေအပေါ် သားသမီးတွေ စိတ်ညစ်တတ်ကြသည်။
ရန်ရန်ကတော့ ဆန့်ကျင်ဘက်ပင်

ပါးစုံတွေမို့တက်လာအောင် ပြုံးပြနေပြီး

"ကိုကိုနဲ့ အသစ်ဖွင့်ထားတဲ့ ကဖေးသွားမလို့"

ဒီအချိန်မှာ ကိုကိုဆိုတာ ဘယ်သူလဲလို့ ခင်ဗျားတို့ အလျှိုလျှိုစဉ်းစားကုန်ကြလိမ့်မယ်
တခြားသူတော့မဟုတ် သားငယ်
မိတ်ဆက်ပေးလိုက်သည့်အချိန်ကစပြီး သားငယ်ကို ကိုကိုဆိုတာ ပါးစပ်ဖျားကမချ
ဖအေလုပ်သူပင် မနာလို အူပုပ်မိရသည်အထိ
နဂိုကမှအဖော်မင်ဟန်တူသည့် သားငယ်ဆိုသည်မှာ ရန်လေးဆိုရင် ချီမထားရုံတမယ်
ဂလန်ဂလား သားငယ်နဲ့ ပုစိကွေး ရန်ရန်တို့ဟာ တည့်လွန်းသည်လည်းမဟုတ်
ရန်ရန်လိုစွာတွေးနဲ့ ရယ်နေပြီး ရန်ရန်ဘာလုပ်လုပ်ကျေနပ်နေတတ်တဲ့သားငယ်နဲ့ကတော့
ခင်ဗျားတို့တွေးထားသလိုဘဲ သားငယ်က ခံဖက်ကြီး

သူမသိဘဲ သူငယ်ချင်းအသစ်ထားလို့ ဆို၍တစ်ဖုံ
ကော်ဖီဆိုင်အသစ်ကို သူမပါဘဲ သွားလို့ ဆိုတာကတစ်မျိုး
တခါတခါ စိတ်ဆိုးသောင်းကျန်းတိုင်း သားငယ်လက်တွေမှာ အကွင်းလိုက်
ရန်ရန်ရဲ့သွားရာတွေ
သားငယ်ရဲ့ လင် အဲလိုပြောရမလားမွေးစားယောကျာ်းခေါ်မလား
တာရာတစ်ယောက်ကတော့ ရန်ရန်
သားငယ်အပေါ်နိုင်သည်ကို မကြိုက်
ပြောမရ၍သာ လွှတ်ထားရပုံပေါ်လေသည်။

"သားငယ်နဲ့တောင် ဒယ်ဒီမတွေ့တာကြာပြီ"
"ဟုတ်လား ကိုကိုက ပိုချောလာတယ်သိလား
အရင်တွေ့ကဆိုလို ပေစုတ်စုတ်လေးမဟုတ်တော့ဘူး
ကိုကိုနဲ့အတူသွားရင်လေ သူများတွေကြည့်တာခံရတယ်"

ဟိန်းထက်တွေးမိသည်
သားငယ်ချောလွန်းလို့ကြည့်သည်တော့မဖြစ်နဲ့
အရပ်ချင်းမိုးမြေလို့ကွာတဲ့နှစ်ယောက် ကိုတွဲကာကြည့်ကြသည်ဘဲဖြစ်မည်လို့လေ
ထုတ်တော့မပြောရဲ ရွှေစိတ်တော်ညိုညင်ရင် အကိုက်ခံရပေဦးမည်
ပေါင်က အကွင်းတောင် အရောင်ကျသေးတာမဟုတ်ဘူး

"ဒယ်ဒီ ကြားလား ကိုကိုကချောလာတယ်လို့"

"အင်းကြားတယ်လေ သားငယ် ကအရင်တည်းကချောပါတယ် ကဲ
ဒယ်ဒီအလုပ်သွားတော့မယ်"

"သွား သွား"

ရုတ်တရက်မာန်ထဖီသော ရန်ရန်ကြောင့် ဟိန်းထက်လန့်သွားသည်။
သို့သော် ပစ္စည်းတစ်ခုခုပျံဝဲမလာခင် အမြန်လစ်လာခဲ့လိုက်တော့သည်။

//ငါ့နှယ် သားတစ်ယောက်ဘဲရှိပေလို့ ၂ယောက် ၃ယောက်သာဆို ဘောင်းဘီတောင်နိုင်မယ်မထင်ဘူး//

"တကယ်ဘဲ သဝန်တိုရကောင်းမယ်မသိတဲ့
ဒယ်ဒီပါဘဲ
ကိုကိုက ဘယ်နားကချောရမှာလဲ အလကား
သူ့ဦးနားမှာဆို ပါပီတွေလိုဘဲ အမြီးဘဲနန့်နေတာ
သိရဲ့လား ဒယ်ဒီအရူးကြီးရဲ့ ရန်ရန့်ဒယ်ဒီကမှ ခန့်ချောကြီးဆိုတာ"

ဝရန်တာကနေတဆင့် ခဲပုပ်ရောင်ကားလေးခြံထဲကထွက်ခွာသွားသည်ကို ကြည့်ရင်း
ရန်ရန်လက်သီးလေးထောင်ရန်စောင်လိုက်မိသည်။

"ရန်ရန် ဒယ်ဒီကိုဘယ်လောက်ချစ်ကြောင်းကို ပြောပြချင်နေပြီ"
..................................................................

"ကိုကို"

"ရန်လေး!!"

"ဟာဗျာ မဖက်နဲ့ဗျ"

"ဘာလို့ဆံပင်လေးကို အဲလိုလေးလုပ်ထားလဲကွ ကိုကိုအသည်းတွေယားတာပေါ့"

"ကိုကို့ရဲ့ဦးကို မဖက်ရဲတိုင်း ရန်ရန်ကိုအသားလာမယူနဲ့နော် ဟွန်း"

"ရန်လေးကလေ စကားသိပ်တတ်
ဒါနဲ့ဆိုင်လေးက အတော်လှတယ်ပြောတယ် ရန်လေးကို ဓာတ်ပုံတွေအများကြီးရိုက်ပေးရမယ်"

အပြင်ထွက်ရင် မျက်မှန်ဝိုင်းလေး တပ်ဆိုပြီး
ရန်ရန်အမိန့်ထုတ်ထားသဖြင့်
ကိုကိုက ဒီနေ့လည်း မျက်မှန်ဝိုင်းလေးနဲ့
ရန်ရန်က ဖက်ရှင်ရူး ဓာတ်ပုံရူး အရပ်ရှည်ပြီး
ချောတဲ့အပြင် အပြုံးမပျက်သော ကိုကိုက
ရန်ရန့်ရဲ့ပင်တိုင်စံ အရုပ်
ဒါလေးဝတ် ဒီလိုနေ ဒီလိုလျှောက်
အားလုံးသည် ရန်ရန်စိတ်တိုင်းကျ
"ကိုကို"
"ဗျာ "
"ဦးတာရာကို အရမ်းချစ်လား"
"ချစ်တာပေါ့ ရန်လေးရ ဦးက ကိုကို့အချစ်ဦးလေ"
"အချစ်ဦး"

တွေးတွေးဆဆ ရန်ရန်ငေးကာရေရွတ်တော့
ကိုကို က ရန်ရန်ဆံပင်တွေကို အသာဖွသည်။

တခါတခါ ရန်ရန်တွေးမိတယ်
ရန်ရန်သာ ကိုကို့ကိုချစ်လိုက်ရင်
ကိုကိုကလည်း ရန်ရန့်ကိုချစ်ရင်
အရာအားလုံးအဆင်ပြေမလားလို့လေ။

"အချစ်ဦးရှိနေပြီလား ရန်လေး"
"ရှိနေတယ်လို့ပြောရင် ကိုကိုစိတ်ဆိုးမှာလား"
"ဆိုးစရာလား ရန်လေးရယ်
သေချာတာပေါ့ ကိုကိုကတော့ ရန်လေးကို နှမျောတာ
ဒါပေမယ့် ရန်လေးလဲ
ကလေးလေးမှမဟုတ်တော့တာ
အချစ်ဦးဆိုတဲ့အရာကို ရှာတွေ့ချိန်က
အလှဆုံးဆိုတာ ရန်လေးကိုခံစားစေချင်သေးတာ
ကိုကိုက"

ကိုကိုက တခါတလေ ကဗျာသိပ်ဆန်တယ်
ကိုကို့ဘဝက ကဗျာမဆန်ဘူးလို့ ကိုကိုခနပြောပြလို့ ရန်ရန် ကိုကိုနေထိုင်ခဲ့ရတဲ့ ခက်ခဲမှုကိုသိတယ်
ဒါပေမယ့် ကိုကိုစိတ်ကူးလေးတွေနဲ့ နှလုံးသားတစ်ခုလုံးက တကယ့်ကို သိမ်သိမ်မွေ့မွေ့လေး
ဦးတာရာကို ကိုကိုချစ်တဲ့အချစ်တွေက
အရမ်းကိုနက်ရှိုင်းလွန်းလို့
ရန်ရန် ကိုကို့ကို ပိုချစ်လာတာ

"ကိုကို... "
"ဗျာ"
"ရန်ရန်ခေါ်တိုင်း ဗျာလို့ မပျက်မကွက်ထူးမယ့် ကိုကို့ကို ဦးတာရာကြီးအပိုင်ရထားတာ
မနာလိုလိုက်တာနော်"
"ဟားဟား စကားတွေတတ်လိုက်တာ
ကိုကို့ရဲ့ ရန်လေး"

"ရန်ရန့်အချစ်ဦးကလေ ကိုကိုမထင်ထားတဲ့လူတစ်ယောက်ဖြစ်နေလိမ့်မယ်
တကယ်လို့ ဘယ်သူမှ ရန်ရန့်ဘက်မှာမရှိရင်လေ
ရန်ရန်ချစ်ရတဲ့ သူကပါ ရန်ရန့်ဘက်မှာမရှိပေးခဲ့ရင်လေ...."

"သေချာတာပေါ့ ကိုကိုက ရန်လေးဘက်မှာ
အမြဲရပ်တည်ပေးမယ်"

ရန်ရန် ကိုကို့ကိုမော့ကာကြည့်မိသည်။
ရန်ရန်ပြောစရာမလိုအောင် ကိုကိုက ပြုံးကာ
ကတိပေးခဲ့သည်။

ကျေးဇူးတင်ပါတယ် ကိုကို
တကယ်လို့များ ဒယ်ဒီက.......
ရန်ရန်ကိုမချစ်ခဲ့ရင်လေ.............
အင်း......... ယောကျာ်းလေးတစ်ယောက်အဖြစ်
မချစ်ခဲ့ရင်ပေါ့
ရန်ရန်လဲပြိုသွားနိုင်တာမို့ ကိုကို ရှိနေပေးပါ.........။
.........................................................................

မျက်စိတွေလည်ကုန်ကြတယ်ပြောတယ်
အရေးအသားကြောင့်ခုလိုဖြစ်ရတာမို့ စိတ်မရှိကြပါနဲ့
တဖြည်းဖြည်းနဲ့သဘောပေါက်လာမှာပါ
ဝုန်းခနဲ ချစ်ပြပြီး ဝုန်းခနဲအဖြေမပေးချင်လို့ပါ

Continue Reading

You'll Also Like

214K 10.7K 57
မီလျံနာပေါက်စန့ဲ ဘီလျံနာsemeတို့ကြားကlove story အsweet တစ်လိုင်း [×××] No Translation #cv photo crd #10.12.2021ပြည်လုံးကျွတ်အသံတိတ်သပိတ်နေ့တွင် ပြီးမ...
435K 61.6K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...
89.9K 4.6K 37
semeလှလှလေးကိုမှနူးညံ့တတ်ပြီးအဆိုးukeလေးက်ိုလိုက်ထိန်းပေးမဲ့ficပါ။ဒီလိုပုံစံဖတ်ရတာမကြိုက်ရင်မဖတ်ဖို့အကြံပေးချင်ပါတယ်။ Start Dat_26.3.2023(sunday) End...
551K 29.8K 60
📌 fic ပါ အကြောင်းအရာများသည် သာသာ့စိတ်ကူးကမ္ဘာလေးအား ဖန်တီးထားခြင်းသာ 📌 ဆယ်ကျော်သက် အချစ်တွေက မတည်မြဲနိုင်ဘူးတဲ့...အဲ့စကားပြောတဲ့ စောက်ပါးစပ်တွေ ပိတ...