Zawgyi
ဦး
အပိုင္း(၃)
မီးခုိေရာင္လိပ္စာကဒ္ေလးရဲ႕ အေပၚက နာမည္လွလွေလးအေပၚ သားငယ္ မ်က္လံုးမခြာႏိုင္ေသး
သတိရတုိင္း လြမ္းတုိင္း ထုတ္ျကည္႕သည္။ သုိ႕ေသာ္ ဖုန္းနံပါတ္ေလးကိုျဖင္႕ ခုထိ မဆက္ရဲေသး။
သားငယ္လုိ ေကာင္ေလးကို မွတ္မိစရာ အေျကာင္းမရွိသည္႕ ဦးကုိမွ သားငယ္ က ကားလမ္းမအလယ္ေခါင္မွာ
ရိုမဆန္စြာ နမ္းလိုက္မိျခင္း မဟုတ္လား။
ခုေတာ႕ လိပ္စာကဒ္ေလး တစ္ခု ကိုင္ထားျပီး ေမ်ာက္မီးခဲဖင္ခုထားသလို ေနမရထိုင္မရျဖစ္ေနရံုေပါ႕
Rainbow Construction
မင္းခန္႕တာရာ
CEO
"အား ဘာလုိ႕ ဦးက နာမည္က အစလွေနရတာလဲ"
၁၀ေပပတ္လည္ တဲခန္းေလးဟာဆုိရင္ျဖင္႕ သားငယ္ရဲ႕ ခပ္ျမဴးျမဴးေအာ္သံေျကာင္႕ အနည္းငယ္ သိမ္႕ခါသြားေလသည္။
"ဟယ္လို ဦး... သား ဟုိေန႕က ကားနဲ႕ထိမိတာ"
ေနပါဦး ထိမွ မထိမိတာကို
"ဦး သားကိုမွတ္မိလား ဘုရားေက်ာင္းက မဂၤလာေဆာင္မွာေလ"
ေနပါဦး ဦးက မဂၤလာေဆာင္ တစ္ခုတည္း သြားမွာမွမဟုတ္တာ
"အား ငါရူးေတာ႕မွာဘဲ "
"သားငယ္ေရ ဘယ္လုိျဖစ္ေနတာလဲ ေအာ္လွခ်ည္လားကြ"
ေဘးခန္းက ကိုညီ ရယ္ျပီးလွမ္းေအာ္ေလသည္။ မဆုိးဘူး ကိုညီက ေလာေလာလတ္လတ္မိန္းမရထားတာ အျကံေတာင္း
ရႏုိ္င္တယ္
"ကိုညီ ဟိုဗ်ာ ဖုန္းဆက္ခ်င္တာ ဘယ္လို အေျကာင္းျပဆက္ရမလဲ"
"မင္းေျပာခ်င္တာကို တုိက္ရိုက္ေျပာဆက္ေပါ႕ကြ ထိေရာက္တာ အေကာင္းဆံုးဘဲ ငါ႕ေကာင္ရ"
ထိေရာက္တာ... အာ ဟုတ္ျပီ
"ဟယ္လုိ ဦးလား "
"ဘယ္သူလဲ"
"သားပါ ဟိုေန႕က နမ္းလိုက္တဲ႕ သားငယ္ပါ ဟုိေလ ဦးကုိ ထပ္နမ္းခ်င္ေသးလို႕"
"ဘာကြ!!!!!!!!!!!!!"
ဟင္ ဖုန္းခ် သြားတယ္
ထိေရာက္ေအာင္ ေျပာတာဘဲဟာကို ဘာလုိ႕လဲ ဦးရာ..........
................................................ဦး.......................................
"ေတာက္ခ္"
ဘာေကာင္လဲ အဲဒီေကာင္က
စားပြဲေပၚမွာရွိေနသည္႕ အျကမ္းေရးလက္စ စာရြက္ေပၚတြင္ ေဘာလ္ပင္နဲ႕ တရျကမ္းဆြဲျခစ္ပစ္လုိက္သည္။
"ဘာ ထပ္နမ္းခ်င္ေသးလုိ႕ !!!!
အဲေကာင္ ငါ႕ဘာထင္ေနတာလဲ!"
အရပ္ကလန္ကလားနဲ႕ လူျကည္႕ေတာ႕ကေလးမသာမ်က္ခြက္နဲ႕
လမ္းေပၚက ေကာင္ကမ်ား ငါ႕ကို
အသက္၃၅ထဲ၀င္ကာမွ အသက္ထက္၀က္မက ငယ္ပံုေပၚတဲ႕ လမ္းေပၚက ကေလးနမ္းသြားတာ ခံလုိက္ရတယ္လုိ႕
လုပ္ေနတဲ႕အလုပ္နဲ႕ ပိုင္ဆုိင္တဲ႕ လုပ္ငန္းေတြ ရာထူးေတြကိုမွမေထာက္ စိတ္ေတြတုိရလြန္းလို႕ ေခါင္းေတြကပါ
အေငြ႕တေထာင္းေထာင္းထြက္ေနတယ္လုိ႕ထင္ရတယ္။
"ဘာလို႕အဲေကာင္က ငါ႕ဖုန္းနံပါတ္ရသြားရတာလဲ!"
ေသစမ္း ငါဘဲ ေပးလုိက္တာဟ လိပ္စာကဒ္
ေသစမ္း ေသစမ္း
အလုပ္စားပြဲေဘးက အလွစိုက္ထားတဲ႕ ရြက္လွပင္က အရြက္ေလးကို အျငိဳးနဲ႕ဆိတ္ပစ္ေနမိသည္။
"ဆရာ meeting သြားဖို႕"
"မင္းအသံ ငါမျကားခ်င္ဘူး!"
"ခင္ဗ်ာ..."
"ဟင္ မဟုတ္ဘူး Meeting လား ငါလာျပီ အဆင္သင္႕ျပင္ထား"
"ဟုတ္ကဲ႕ပါဆရာ..."
................................................ဦး.......................................
ေမွာင္မိုက္ေနတဲ႕ အခန္းေလးက လူ၀င္လုိက္တာနဲ႕ ေအာ္တုိစနစ္ မီးေတြက အလုိလုိလင္းလာခဲ႕သည္။
အသက္၃၅ႏွစ္အရြယ္ လူပ်ိဳျကီးဟု အမ်ားေခၚျကသည္႕ ဦးမင္းခန္႕တာရာ၏ အထီးက်န္ေဂဟာ
ကားေသာ႕တင္တဲ႕စင္ေလးတြင္ တင္ထားေသာ ဓာတ္ပံုမွန္ေဘာင္ေလးကို ယူကာ တာ၀န္တစ္ခုျဖစ္ေသာ
အနမ္းေလးကို ေျခြလုိက္သည္။
" ေဖျကီး ျပန္ေရာက္ျပီ သားငယ္ "
ေနရာတက် ျပန္ထားလုိက္ေသာ ဓာတ္ပံုေလးထဲတြင္ေတာ႕ ခ်စ္စဖြယ္Golden Retriever အမ်ိဳးအစားေခြးေလးက ရွိေနခဲ႕သည္။
မင္းခန္႕တာရာ
အသက္ ၃၅ႏွစ္
အသက္၁၆ႏွစ္ဆယ္တန္းေအာင္ျပီးကတည္းက စကာၤပူ NUS တကၠသိုလ္မွာ architecture majorကိုယူကာ ဘြဲ႕ရ လုပ္ငန္း
အေတြ႕အျကံု ယူျပီးျမန္မာျပည္ျပန္လာျခင္း။ အဖိုးလက္ထက္ထဲက ကုမၸဏီျဖစ္တဲ႕ Rainbow Constructionကို
အေဖျဖစ္သူလက္ထဲမွ လႊဲေျပာင္းယူျဖစ္ခဲ႕သည္။
မိဘေတြလည္းဆံုးပါးျပီး ခုေတာ႕သူကေဆြမရွိမ်ိဳးမရွိျဖစ္ေနျပီ။
လြန္ခဲ႕ေသာ ၆ႏွစ္က လက္ေဆာင္ဆုိျပီး ရထားတဲ႕ ေခြးကေလးကိုသာ သံေယာဇဥ္တြယ္ျဖတ္သန္းလာခဲ႕ရတာ
ျပီးခဲ႕တဲ႕ ႏွစ္လကဘဲ သားငယ္ေလးက ေသြး၀မ္းေတြသြားျပီး ဆံုးသြားခဲ႕တယ္။
သံေယာဇဥ္ေတြကို ေျကာက္လြန္း၍ သက္ရွိသတၱ၀ါ ဘယ္အရာကိုမွ မပတ္သတ္ခ်င္ေတာ႕
အခ်စ္ဦးနဲ႕လည္းလြဲ ခဲ႕ျပီးျပီ မိဘေတြလည္းမရွိ ေမာင္ႏွမသားခ်င္းဆုိတာကလည္း သူကတစ္ဦးတည္းေသာသား
ပိုက္ဆံေတြကို ကုန္းရုန္းရွာလည္း သူဘဲရွာသူဘဲျဖဳန္း ပ်င္းစရာအထီးက်န္ သူ႕ဘ၀ျကီး
ဟူး
သက္ျပင္းတစ္ခုကို ခ်ရင္း ၀ိုင္တစ္ပုလင္းယူကာေရခ်ိဳးခန္းထဲ ေအးေအးေဆးေဆး ေရ၀င္စိမ္ေနမိသည္။
ဦး... ထပ္နမ္းခ်င္လုိ႕
"ဟ ဘယ္က အသံလည္း"
ေရစိမ္ရင္း ၀ိုင္တန္ခိုးနဲ႕ ခနေလး ေမွးခနဲ ျဖစ္သြားတာေတာင္ ဒီအသံဆိုးက ထပ္ႏွိပ္စက္ေနတယ္
"ေတေလဂ်ပိုးေကာင္!!! "
လူပ်ိဳျကီး မင္းခန္႕တာရာရဲ႕ တုိက္ခန္းထဲတြင္ ေဒါသတျကီးေအာ္ဟစ္သံမ်ားျဖင္႕ ဆူညံသြားေလေတာ႕သည္။
...................................ဦး.......................................
"ငယ္ေသးတဲ႕အခ်စ္မုိ႕ မေလးစားတာလား ေျပာပါ
ကၽြန္ေတာ္ သိပ္ခ်စ္တတ္တာ ကၽြန္ေတာ္ သာ အသိပါ"
ေရခ်ိဳးတဲ႕ ေက်ာက္စည္နားတြြင္ ေရခ်ိဳးရင္သီခ်င္းတစ္ေျကာ္ေျကာ္နဲ႕ သားငယ္
"မခိုင္ သားငယ္ တစ္ေယာက္ ရိုးေကာရိုးရဲ႕လား"
"ကၽြန္မလည္းစဥ္းစားေနတာဘဲ ဖိုးခ်စ္ရဲ႕ ေမးခုိင္ပိုးက သားငယ္ဆီမ်ား ၀င္သြားတာလားလုိ႕ေလ"
ဘယ္သူေတြဘာေျပာေျပာ သားငယ္တစ္ေယာက္ကေတာ႕ မေမွ်ာ္လင္႕ဘဲစားလုိက္ရတဲ႕ ခ်ိဳခ်ဥ္တစ္ခုကို
စိတ္ကူးယဥ္ေနတုန္းပါဘဲ။
..............................ဦး..............................
"ဦး.."
ကားေပၚတက္မည္ျပင္ေသာ ေျခလွမ္းမ်ားက တုန္႕ခနဲရပ္သြားသည္။
အာ ဟိုေကာင္
"မင္းဘာလာလုပ္တာလဲ "
"ဟို ကၽြန္ေတာ္ နမ္း..."
"မင္း အဲဒီကိစၥထပ္ေျပာရင္ ငါဆြဲထိုးေတာ႕မွာေနာ္"
တာရာ စိတ္ေပါက္ေပါက္ျဖင္႕ ပိတ္ေအာ္ပစ္လုိက္ေတာ႕ ပါးစပ္ကို လက္နဲ႕ပိတ္ကာ ျငိမ္ကုတ္သြားသည္။
အမယ္ ဟိုေန႕ကလုိ ညစ္စုတ္စုတ္ရုပ္မဟုတ္ပါလား
ရွပ္အက်ီၤအျဖဴနဲ႕ ေယာပုဆုိ အညိဳ နဲ႕ ေခါင္းကိုတျဗင္းျဗင္းကုတ္ကာ ေျပာစရာစကားရွာေနဟန္တူသည္႕ လူသား
"ဘာလဲ မင္းေလ်ာ္ေျကးလုိခ်င္လုိ႕လား"
"မဟုတ္ပါဘူး "
"ဒါဆုိ..."
စကားေတာင္မဆံုးလိုက္ အလုပ္ဆင္းခ်ိန္ေပမုိ႕ ကုမၸဏီက အလုပ္ဆင္းလာသည္႕ ၀န္ထမ္းတခ်ိဳ႕က ႏႈတ္ဆက္လာျကသည္။
မျဖစ္ တစ္ေနရာရာသြားမွပါေလ
"ကားေပၚတက္"
"ဗ်ာ"
"ေဟ႕ေကာင္ ဒီမွာ မတ္တပ္ရပ္စကားမေျပာခ်င္လုိ႕ ခ်က္ခ်င္းကားေပၚတက္စမ္း"
"ဟုတ္ကဲ႕ ဦး"
ကားေပၚေလးတက္ခိုင္းတာကို အစာရသြားတဲ႕ သတၱ၀ါတစ္ေကာင္လုိ မ်က္ႏွာလုပ္စရာလား ဒီေကာင္
"ေဟ႕ေကာင္ ျငိမ္ျငိမ္ေနစမ္း ကားေပၚမွာ ဘယ္ေတြ ေလွ်ာက္ကိုင္ေနတာလဲ"
"ဦး ဒါေလးက ဘာလဲ ေမႊးလုိက္တာ "
"ကားထဲ အနံ႕သင္းေအာင္ ထားတာ"
"ဦး ဒီခလုတ္ ကဘာလဲ မီးတခ်က္တခ်က္လင္းေနတယ္"
"မင္းအေမလင္ကြ မင္းအေမလင္ ဖယ္စမ္း ကားတုိက္သြားမယ္"
ျဖန္းခနဲ လက္ကုိခ်လုိက္ေတာ႕မွ ျငိမ္ကုပ္သြားေလသည္။
ငါ႕ သားငယ္ေလးတုန္းကေတာင္ အဲေလာက္မထိန္းရဘူး ေမ်ာက္အေကာင္တရာစပ္က်သလားမွတ္ရတယ္။
အမွန္ေတာ႕ ကားေခါင္းခန္းက်ဥ္းက်ဥ္းေလးမွာ ဦးနဲ႕ ႏွစ္ေယာက္ထုိင္ေနရင္း
နမ္းဘဲနမ္းခ်င္ေနသည္႕ သားငယ္ ဂဏွာမျငိမ္ဘဲ ေတြ႕ရာေလွ်ာက္ကို္င္ေနတယ္ဆုိတာ ဦး ကေတာ႕ ဘယ္သိပါ႕မလဲ။
"ဦးက ဆိုးတယ္ သားကို ရင္ေတြ တုန္ေစတယ္"
"ေဟ "
..............................ဦး.................................
Unicode
ဦး
အပိုင်း(၃)
မီးခိုရောင်လိပ်စာကဒ်လေးရဲ့ အပေါ်က နာမည်လှလှလေးအပေါ် သားငယ် မျက်လုံးမခွာနိုင်သေး
သတိရတိုင်း လွမ်းတိုင်း ထုတ်ကြည့်သည်။ သို့သော် ဖုန်းနံပါတ်လေးကိုဖြင့် ခုထိ မဆက်ရဲသေး။
သားငယ်လို ကောင်လေးကို မှတ်မိစရာ အကြောင်းမရှိသည့် ဦးကိုမှ သားငယ် က ကားလမ်းမအလယ်ခေါင်မှာ
ရိုမဆန်စွာ နမ်းလိုက်မိခြင်း မဟုတ်လား။
ခုတော့ လိပ်စာကဒ်လေး တစ်ခု ကိုင်ထားပြီး မျောက်မီးခဲဖင်ခုထားသလို နေမရထိုင်မရဖြစ်နေရုံပေါ့
Rainbow Construction
မင်းခန့်တာရာ
CEO
"အား ဘာလို့ ဦးက နာမည်က အစလှနေရတာလဲ"
၁၀ပေပတ်လည် တဲခန်းလေးဟာဆိုရင်ဖြင့် သားငယ်ရဲ့ ခပ်မြူးမြူးအော်သံကြောင့် အနည်းငယ် သိမ့်ခါသွားလေသည်။
"ဟယ်လို ဦး... သား ဟိုနေ့က ကားနဲ့ထိမိတာ"
နေပါဦး ထိမှ မထိမိတာကို
"ဦး သားကိုမှတ်မိလား ဘုရားကျောင်းက မင်္ဂလာဆောင်မှာလေ"
နေပါဦး ဦးက မင်္ဂလာဆောင် တစ်ခုတည်း သွားမှာမှမဟုတ်တာ
"အား ငါရူးတော့မှာဘဲ "
"သားငယ်ရေ ဘယ်လိုဖြစ်နေတာလဲ အော်လှချည်လားကွ"
ဘေးခန်းက ကိုညီ ရယ်ပြီးလှမ်းအော်လေသည်။ မဆိုးဘူး ကိုညီက လောလောလတ်လတ်မိန်းမရထားတာ အကြံတောင်း
ရနိုင်တယ်
"ကိုညီ ဟိုဗျာ ဖုန်းဆက်ချင်တာ ဘယ်လို အကြောင်းပြဆက်ရမလဲ"
"မင်းပြောချင်တာကို တိုက်ရိုက်ပြောဆက်ပေါ့ကွ ထိရောက်တာ အကောင်းဆုံးဘဲ ငါ့ကောင်ရ"
ထိရောက်တာ... အာ ဟုတ်ပြီ
"ဟယ်လို ဦးလား "
"ဘယ်သူလဲ"
"သားပါ ဟိုနေ့က နမ်းလိုက်တဲ့ သားငယ်ပါ ဟိုလေ ဦးကို ထပ်နမ်းချင်သေးလို့"
"ဘာကွ!!!!!!!!!!!!!"
ဟင် ဖုန်းချ သွားတယ်
ထိရောက်အောင် ပြောတာဘဲဟာကို ဘာလို့လဲ ဦးရာ..........
................................................ဦး.......................................
"တောက်ခ်"
ဘာကောင်လဲ အဲဒီကောင်က
စားပွဲပေါ်မှာရှိနေသည့် အကြမ်းရေးလက်စ စာရွက်ပေါ်တွင် ဘောလ်ပင်နဲ့ တရကြမ်းဆွဲခြစ်ပစ်လိုက်သည်။
"ဘာ ထပ်နမ်းချင်သေးလို့ !!!!
အဲကောင် ငါ့ဘာထင်နေတာလဲ!"
အရပ်ကလန်ကလားနဲ့ လူကြည့်တော့ကလေးမသာမျက်ခွက်နဲ့
လမ်းပေါ်က ကောင်ကများ ငါ့ကို
အသက်၃၅ထဲဝင်ကာမှ အသက်ထက်ဝက်မက ငယ်ပုံပေါ်တဲ့ လမ်းပေါ်က ကလေးနမ်းသွားတာ ခံလိုက်ရတယ်လို့
လုပ်နေတဲ့အလုပ်နဲ့ ပိုင်ဆိုင်တဲ့ လုပ်ငန်းတွေ ရာထူးတွေကိုမှမထောက် စိတ်တွေတိုရလွန်းလို့ ခေါင်းတွေကပါ
အငွေ့တထောင်းထောင်းထွက်နေတယ်လို့ထင်ရတယ်။
"ဘာလို့အဲကောင်က ငါ့ဖုန်းနံပါတ်ရသွားရတာလဲ!"
သေစမ်း ငါဘဲ ပေးလိုက်တာဟ လိပ်စာကဒ်
သေစမ်း သေစမ်း
အလုပ်စားပွဲဘေးက အလှစိုက်ထားတဲ့ ရွက်လှပင်က အရွက်လေးကို အငြိုးနဲ့ဆိတ်ပစ်နေမိသည်။
"ဆရာ meeting သွားဖို့"
"မင်းအသံ ငါမကြားချင်ဘူး!"
"ခင်ဗျာ..."
"ဟင် မဟုတ်ဘူး Meeting လား ငါလာပြီ အဆင်သင့်ပြင်ထား"
"ဟုတ်ကဲ့ပါဆရာ..."
................................................ဦး.......................................
မှောင်မိုက်နေတဲ့ အခန်းလေးက လူဝင်လိုက်တာနဲ့ အော်တိုစနစ် မီးတွေက အလိုလိုလင်းလာခဲ့သည်။
အသက်၃၅နှစ်အရွယ် လူပျိုကြီးဟု အများခေါ်ကြသည့် ဦးမင်းခန့်တာရာ၏ အထီးကျန်ဂေဟာ
ကားသော့တင်တဲ့စင်လေးတွင် တင်ထားသော ဓာတ်ပုံမှန်ဘောင်လေးကို ယူကာ တာဝန်တစ်ခုဖြစ်သော
အနမ်းလေးကို ခြွေလိုက်သည်။
" ဖေကြီး ပြန်ရောက်ပြီ သားငယ် "
နေရာတကျ ပြန်ထားလိုက်သော ဓာတ်ပုံလေးထဲတွင်တော့ ချစ်စဖွယ်Golden Retriever အမျိုးအစားခွေးလေးက ရှိနေခဲ့သည်။
မင်းခန့်တာရာ
အသက် ၃၅နှစ်
အသက်၁၆နှစ်ဆယ်တန်းအောင်ပြီးကတည်းက စကာၤပူ NUS တက္ကသိုလ်မှာ architecture majorကိုယူကာ ဘွဲ့ရ လုပ်ငန်း
အတွေ့အကြုံ ယူပြီးမြန်မာပြည်ပြန်လာခြင်း။ အဖိုးလက်ထက်ထဲက ကုမ္ပဏီဖြစ်တဲ့ Rainbow Constructionကို
အဖေဖြစ်သူလက်ထဲမှ လွှဲပြောင်းယူဖြစ်ခဲ့သည်။
မိဘတွေလည်းဆုံးပါးပြီး ခုတော့သူကဆွေမရှိမျိုးမရှိဖြစ်နေပြီ။
လွန်ခဲ့သော ၆နှစ်က လက်ဆောင်ဆိုပြီး ရထားတဲ့ ခွေးကလေးကိုသာ သံယောဇဉ်တွယ်ဖြတ်သန်းလာခဲ့ရတာ
ပြီးခဲ့တဲ့ နှစ်လကဘဲ သားငယ်လေးက သွေးဝမ်းတွေသွားပြီး ဆုံးသွားခဲ့တယ်။
သံယောဇဉ်တွေကို ကြောက်လွန်း၍ သက်ရှိသတ္တဝါ ဘယ်အရာကိုမှ မပတ်သတ်ချင်တော့
အချစ်ဦးနဲ့လည်းလွဲ ခဲ့ပြီးပြီ မိဘတွေလည်းမရှိ မောင်နှမသားချင်းဆိုတာကလည်း သူကတစ်ဦးတည်းသောသား
ပိုက်ဆံတွေကို ကုန်းရုန်းရှာလည်း သူဘဲရှာသူဘဲဖြုန်း ပျင်းစရာအထီးကျန် သူ့ဘဝကြီး
ဟူး
သက်ပြင်းတစ်ခုကို ချရင်း ဝိုင်တစ်ပုလင်းယူကာရေချိုးခန်းထဲ အေးအေးဆေးဆေး ရေဝင်စိမ်နေမိသည်။
ဦး... ထပ်နမ်းချင်လို့
"ဟ ဘယ်က အသံလည်း"
ရေစိမ်ရင်း ဝိုင်တန်ခိုးနဲ့ ခနလေး မှေးခနဲ ဖြစ်သွားတာတောင် ဒီအသံဆိုးက ထပ်နှိပ်စက်နေတယ်
"တေလေဂျပိုးကောင်!!! "
လူပျိုကြီး မင်းခန့်တာရာရဲ့ တိုက်ခန်းထဲတွင် ဒေါသတကြီးအော်ဟစ်သံများဖြင့် ဆူညံသွားလေတော့သည်။
...................................ဦး.......................................
"ငယ်သေးတဲ့အချစ်မို့ မလေးစားတာလား ပြောပါ
ကျွန်တော် သိပ်ချစ်တတ်တာ ကျွန်တော် သာ အသိပါ"
ရေချိုးတဲ့ ကျောက်စည်နားတွင် ရေချိုးရင်သီချင်းတစ်ကြော်ကြော်နဲ့ သားငယ်
"မခိုင် သားငယ် တစ်ယောက် ရိုးကောရိုးရဲ့လား"
"ကျွန်မလည်းစဉ်းစားနေတာဘဲ ဖိုးချစ်ရဲ့ မေးခိုင်ပိုးက သားငယ်ဆီများ ဝင်သွားတာလားလို့လေ"
ဘယ်သူတွေဘာပြောပြော သားငယ်တစ်ယောက်ကတော့ မမျှော်လင့်ဘဲစားလိုက်ရတဲ့ ချိုချဉ်တစ်ခုကို
စိတ်ကူးယဉ်နေတုန်းပါဘဲ။
..............................ဦး..............................
"ဦး.."
ကားပေါ်တက်မည်ပြင်သော ခြေလှမ်းများက တုန့်ခနဲရပ်သွားသည်။
အာ ဟိုကောင်
"မင်းဘာလာလုပ်တာလဲ "
"ဟို ကျွန်တော် နမ်း..."
"မင်း အဲဒီကိစ္စထပ်ပြောရင် ငါဆွဲထိုးတော့မှာနော်"
တာရာ စိတ်ပေါက်ပေါက်ဖြင့် ပိတ်အော်ပစ်လိုက်တော့ ပါးစပ်ကို လက်နဲ့ပိတ်ကာ ငြိမ်ကုတ်သွားသည်။
အမယ် ဟိုနေ့ကလို ညစ်စုတ်စုတ်ရုပ်မဟုတ်ပါလား
ရှပ်အကျီၤအဖြူနဲ့ ယောပုဆို အညို နဲ့ ခေါင်းကိုတဗြင်းဗြင်းကုတ်ကာ ပြောစရာစကားရှာနေဟန်တူသည့် လူသား
"ဘာလဲ မင်းလျော်ကြေးလိုချင်လို့လား"
"မဟုတ်ပါဘူး "
"ဒါဆို..."
စကားတောင်မဆုံးလိုက် အလုပ်ဆင်းချိန်ပေမို့ ကုမ္ပဏီက အလုပ်ဆင်းလာသည့် ဝန်ထမ်းတချို့က နှုတ်ဆက်လာကြသည်။
မဖြစ် တစ်နေရာရာသွားမှပါလေ
"ကားပေါ်တက်"
"ဗျာ"
"ဟေ့ကောင် ဒီမှာ မတ်တပ်ရပ်စကားမပြောချင်လို့ ချက်ချင်းကားပေါ်တက်စမ်း"
"ဟုတ်ကဲ့ ဦး"
ကားပေါ်လေးတက်ခိုင်းတာကို အစာရသွားတဲ့ သတ္တဝါတစ်ကောင်လို မျက်နှာလုပ်စရာလား ဒီကောင်
"ဟေ့ကောင် ငြိမ်ငြိမ်နေစမ်း ကားပေါ်မှာ ဘယ်တွေ လျှောက်ကိုင်နေတာလဲ"
"ဦး ဒါလေးက ဘာလဲ မွှေးလိုက်တာ "
"ကားထဲ အနံ့သင်းအောင် ထားတာ"
"ဦး ဒီခလုတ် ကဘာလဲ မီးတချက်တချက်လင်းနေတယ်"
"မင်းအမေလင်ကွ မင်းအမေလင် ဖယ်စမ်း ကားတိုက်သွားမယ်"
ဖြန်းခနဲ လက်ကိုချလိုက်တော့မှ ငြိမ်ကုပ်သွားလေသည်။
ငါ့ သားငယ်လေးတုန်းကတောင် အဲလောက်မထိန်းရဘူး မျောက်အကောင်တရာစပ်ကျသလားမှတ်ရတယ်။
အမှန်တော့ ကားခေါင်းခန်းကျဉ်းကျဉ်းလေးမှာ ဦးနဲ့ နှစ်ယောက်ထိုင်နေရင်း
နမ်းဘဲနမ်းချင်နေသည့် သားငယ် ဂဏှာမငြိမ်ဘဲ တွေ့ရာလျှောက်ကိုင်နေတယ်ဆိုတာ ဦး ကတော့ ဘယ်သိပါ့မလဲ။
"ဦးက ဆိုးတယ် သားကို ရင်တွေ တုန်စေတယ်"
"ဟေ "
..............................ဦး.................................
2018/12/28
ChangLay