ဦး

By YunjaeminCassiopeia

559K 46.4K 2.3K

စိတ္ကူးရတုန္းခနေရးတင္သည္ More

ဦး - ၁
ဦး - ၃
ဦး - ၄
ဦး - ၅
ဦး - ၆
ဦး - ၇
ဦး - ၈
ဦး - ၉
ဦး - ၁၀
ဦး - ၁၁
Not Update
ဦး - ၁၂
ဦး - ၁၃ (Short Part)
ဦး - ၁၄
ဦး - ၁၅
ဦး - ၁၆
ဦး - ၁၇
ဦး - ၁၈
ဦး - ၁၉
ဦး - ၂၀
Evidence
ဦး - ၂၁
ဦး - ၂၂.၁(ENDING P1)
ဦး - ၂၂.၂(Ending P2)
No Title
Not update
သားငယ်
ဦး
Pre-order
🚨🚨🚨🚨🚨
ဦးရဲ့ ပရိတ်သတ်များထံသို့
အလွမ်းပြေ

ဦး - ၂

27.2K 2.2K 52
By YunjaeminCassiopeia

Zawgyi

ဦး

အပိုင္း(၂)

သားငယ္ ဆုိတဲ႕ နာမည္တစ္ခုကို အျဖဴေရာင္စာရြက္ေပၚမွာ ေတြ႕ရေတာ႕ တစ္စံုတစ္ေယာက္ကို ၀မ္းသာအားရ

ေျပးဖက္စရာ သားငယ္မွာမရွိခဲဲ႕ပါဘူး။

ေဘးနားတစ္၀ိုက္ ငိုေနျကတဲ႕သူေတြ ေအာ္ရယ္ေနျကတဲ႕သူေတြ ဒါေတြအားလံုးက မႈန္ျပျပဘဲ ဦး

သားငယ္ ဆယ္တန္းေအာင္ျပီ ဦး

ဦး ဆီကုိ လွမ္းမယ္႕ ေျခလွမ္းေတြ ဘယ္အခ်ိန္မွာ ျပည္႕မယ္မသိေပမယ္႕ ဒါက ေျခလွမ္းအစဘဲ မဟုတ္လား ဦး

"ဆယ္တန္းေအာင္တာေကာင္းေပမယ္႕ ငါတုိ႕က တကၠသိုလ္ထားေပးဖုိ႕ အဆံမရွိဘူး ကုိယ္ပိုက္ဆံရွိကိုယ္တတ္ေပါ႕
ဒီေလာက္တင္ေကၽြးထားတာဘဲ ေတာ္လွျပီ ေက်းဇူးေတာ႕မေမ႕နဲ႕ေပါ႕"

"သူ႕ဘာသာ ဘုန္းျကီးေပးတဲ႕စရိတ္နဲ႕တက္ျပီး ဘုန္းျကီးေက်ာင္းမွာစားလာတာပါကြာ
အိမ္မွာလာအိပ္ရံုဘဲရွိတာကို မင္းက"

"ရွင္႕ပါးစပ္ပိတ္ထား ခုေခတ္မွာ ေက်ာတခင္းရဖုိ႕ လြယ္တယ္ထင္ေနလား"

"ဟ မင္းသားသမီးေတြကို သူရတဲ႕ပိုက္ဆံနဲ႕ စာအုပ္၀ယ္ေပး ဘာေပးလုပ္ေပးေနတာေလကြ"

"ကၽြန္မသားသမီးဆုိေတာ႕ ရွင္႕သားသမီးမဟုတ္ဘူးလား
ေစာက္ျဂိဳလ္ေကာင္ ခုထိ ေကာင္းက်ိဳးမေပးဘူး မေအလိုဘဲ "

"မင္းဘာမွ ငါ႕အမကိုထိစရာမလုိဘူး"

နားရြက္ျပတ္မတတ္ လိမ္ဆြဲခံလုိက္ရေပမယ္႕ သားငယ္ မနာတတ္ေတာ႕
အရူးတစ္ေယာက္လုိ ရယ္ေနမိတယ္
သားငယ္ရဲ႕ စိတ္ကူးအိပ္မက္ေတြက အရမ္းရိုးရွင္းတယ္ ဆယ္တန္းေအာင္ရင္ အလုပ္လုပ္မယ္
ပိုက္ဆံစုျပီး ဦး ကိုသြားေတြ႕မယ္ ဒါပါဘဲ လြန္ခဲ႕တဲ႕ ၆ႏွစ္ တည္းက သားငယ္ မက္ခဲ႕ရတဲ႕ အိပ္မက္ေလးက
ခုခ်ိန္ထိ မေျပာင္းမလဲ ျဖဴစင္ေနဆဲပါ
...............................ဦး...........................................

ဘုန္းျကီးေက်ာငး္ေတြမွာဖြင္႕တဲ႕ အခမဲ႕ ဘာသာစကားသင္တန္းေလးေတြက သားငယ္အတြက္ ျကယ္ေလးေတြလုိဘဲ
ဘုန္းျကီးေက်ာင္းသင္တန္းေတြရွိတဲ႕ ေျမာက္ဥကၠလာက ပ်ံက်ရပ္ကြက္ေလးထဲမွာဘဲ ရပ္ကြက္ပိုင္ေရစက္ နားမွာ
ဘယ္သူ႕ခြင္႕ျပဳခ်က္နဲ႕ေဆာက္ထားမွန္းမသိရတဲ႕ က်ဴးေက်ာ္ တဲတန္းေလးမွာ သူငွားေနျဖစ္ခဲ႕တယ္။
ကေလးမပါရင္ ၃ေသာင္း ကေလးပါရင္ ၅ေသာင္းဆုိတဲ႕တဲတန္းေလးက ၁၀ေပအက်ယ္သာရွိေပမယ္႕ တစ္ေယာက္တည္းသမား သူ႕အတြက္က
အေနေတာ္ပင္။
ႏွစ္ခန္းေက်ာ္က ကေလးေတြအသံရယ္ ေဘးခန္းက ညားခါစ လင္မယားရဲ႕ ညဘက္ အခ်စ္စမ္းအသံေတြကလြဲရင္
တဲတန္းေလးက သားငယ္အတြက္ ၀င္ဒါမီယာနီးနီးဘဲ
ဟုတ္တယ္ေလ ေဒၚျကီးရဲ႕ ပူညံပူညံအသံလဲမရွိသလုိ ဦးေလးထြန္းရ႕ဲ မူးရင္ရစ္တဲ႕ အသံလည္းမျကားရေတာ႕

ဒါနဲ႕..... ဦး တစ္ေယာက္ ေနလုိ႕ေကာင္းရဲ႕လားဗ်ာ.....

"သားငယ္ေရ အမသားေလး ေျခေထာက္သံစူးလုိ႕ လာႏႈတ္ေပးပါဦး အမမျကည္႕ရဲလုိ႕"

ေခၚသံပင္မဆံုးလုိက္ အနားကိုေစြ႕ခနဲေရာက္လာတဲ႕ သားငယ္ဆုိတဲ႕ေကာင္ေလး
ဆယ္တန္းေအာင္ကာစ ဆယ္ေက်ာ္သက္လုိ႕ပင္ မထင္ရေအာင္ အရပ္ရွည္ကာ အေကာင္ျကီးသည္။

ကရင္စပ္တယ္ ဆုိေသာ ထုိေကာင္ေလးက က်ဴးေက်ာ္တဲတန္းေလးမွာ ကပ္သပ္ေနတယ္လုိ႕မထင္ရေအာင္ အသားအရည္ေလး၀င္း၀ါသည္။
မ်က္ခံုးေကာင္းေကာင္းနဲ႕ ခ်စ္စဖြယ္မ်က္ႏွာေလးရွိသည္။
လက္ေခ်ာင္းမ်ားႏွင္႕ ေျခေထာက္မ်ားတြင္ေတာ႕ ေလာကဓံကခ်ီးျမင္႕ေသာ အမာရြတ္ေပါင္းမ်ားစြာ ပိုင္ဆုိင္သည္။

"ဖိုးခ်စ္ကေတာ႕ကြာ အရမ္းေဆာ႕တာဘဲ "

မခိုင္တစ္ေယာက္ အိမ္ကေမ်ာက္ေလာင္းသားအငယ္ဆံုး ဖိုးခ်စ္ကို ေခ်ာ႕လုိက္ ေျခာက္လုိက္နဲ႕ သံဆြဲႏႈတ္ရန္လံုးပမ္း
ေနတဲ႕ သားငယ္ ကိုျကည္႕ကာ ေႏြပူပူေန႕လည္ကို ဆုိက္ကားမနင္းဘဲ အရက္ေသာက္ ျပန္ေမွာက္ေနေသာ ေယာက်ာ္းလုပ္သူကုိ မ်က္ေစာင္းခဲလုိက္မိသည္။

"အမေရ ေဆးခန္းသြားျပီး ေမးခုိင္ေဆးထိုးတာေကာင္းမယ္ထင္တယ္ေနာ္ ပိုး၀င္မွျဖင္႕"

"ေအးဟာ ညေန ငါေစ်းေရာင္းျပီးျပန္လာမွသြားရမွာဘဲ အခုသြားဖုိ႕ ျမင္တဲ႕အတုိင္း နင္႕အကို က"

တဲထဲကို ေယာင္လုိ႕ေတာင္ လွည္႕မျကည္႕ဘဲ
သားငယ္က ရယ္သည္။
ထုိေကာင္ေလးသည္ ငယ္ငယ္တည္းကဆင္းရဲတယ္လမ္းေပၚမွာ ျကီးရတာဟု သူ႕အေျပာေျကာင္႕သာ မခိုင္ ယံုရျခင္းပင္အင္မတန္ စည္းရွိသည္႕ေကာင္ေလး
ေအးလည္းေအးသည္
အျမဲတေစ ျပံဳးတံု႕တံု႕ေလး

ျပီတီတီမ်က္ႏွာေျပာင္ျခင္းအလ်ဥ္းမရွိ ေဘးခန္းက ညားခါက စလင္မယားက ေကာင္မေလးက အေနအစားမတတ္သည္မုိ႕ မခိုင္ကပင္ သားငယ္ကို စိတ္မေအးျဖစ္ရသည္။

ဒီတဲတန္းေလးမွာ ေနတာ ၆လတာဆုိပင္မယ္႕ သားငယ္က သူ႕အတြက္ေမာင္ေလးလုိပင္

"ကဲ ဖိုးခ်စ္လာ ေဆးခန္းသြားမယ္"

"ဟဲ႕ ညေနမွ ငါသြားပါမယ္ဆုိ"

"အနားရင္းျပီးဖ်ားရင္ ဒုကၡ အမရ သားမွာ ပိုက္ဆံရွိတယ္ ညေနမွ အမျပန္ေပး လာဖိုးခ်စ္ ကိုသားနဲ႕သြားမယ္ "

ေဆးထိုးေျကာက္ေသာ ဖိုးခ်စ္သည္ပင္ သားငယ္လုိက္ပို႕မည္ဆုိသည္ႏွင္႕ ခ်ီတဲ႕ေနာက္ ေဆြ႕ခနဲပါသြားေလသည္။

"သားငယ္ရယ္ အဲ႕ေကာင္ ကိုယ္ျကီးက ငယ္ေတာ႕တာမဟုတ္ဘူး မခ်ီစမ္းနဲ႕ ပင္ပန္းတယ္"

"ရပါတယ္ အမရာ ကေလးက ေျခေထာက္နာေနတာကို သားတုိ႕သြားလုိက္ဦးမယ္ အိမ္တံခါးမပိတ္ေတာ႕ဘူးေနာ္"

"ေအးေအး............"

"ဆူညံေနတာဘဲ ဘာျဖစ္ေနျကတာလဲ"

"ေအာင္မယ္ အရည္ေတြေသာက္ျပီး ေသေနျပီ ဟိုမွာရွင္႕သား သံစူးလုိ႕ သားငယ္ ေဆးခန္းလိုက္ပို႕တာ"

"ဟာ ငါဆုိက္ကားနဲ႕သြားမယ္ေလ"

"ရွင္႕ဆုိက္ကားကိုဘဲ နင္းသြားတာပါေတာ္ ဟိုမွာ လမ္းထိပ္ေတာင္ေရာက္ေတာ႕မယ္ ထ ထ ေန႕လည္စာ ထစား"

"ငါ႕မိန္းမိန္းက အေကာင္းဆံုးဘဲ"

"ေတာ္ ေသနာျကီး ဒီအရက္ဘဲေသာက္ ေန ေတာ္ျကာ ရပ္ကြက္က ကၽြန္မလင္ကို ရွင္မထင္ဘဲ သားငယ္ထင္ေတာ႕မယ္"

"ထင္ေပါ႕ မင္း လင္ငယ္ေခ်ာေခ်ာေလးရတာေပါ႕ ဟားဟားဟား"

မခိုင္ေယာက်ာ္း ကိုေအးေမာင္က အဲလုိမ်ိဳးဘဲ သ၀န္တုိျခင္းမရွိဆုိတာထက္ သားငယ္ကိုယံုျခင္းပင္

မိန္းမလုပ္သူထက္သားငယ္ကုိယံုျကည္ျခင္းျဖစ္မည္ဟုမခိုင္ စ ဖူးေတာ႕ ဟုတ္တယ္ေလ ဟု ရယ္ကာျပန္ေျဖဖူးသည္အထိ။
...................................ဦး.......................................
မုန္႕ဆရာ သင္ေပးသည္႕ အရာမ်ားကို ေသခ်ာစြာ လုိက္မွတ္ရင္း ခိုင္းသမွ် အကုန္လုပ္တတ္သည္႕ သားငယ္ကုိ မုန္႕တုိ္က္
တစ္ခုလံုးကို ခ်စ္ခင္ျကသည္။ အေ၀းသင္ေလွ်ာက္ထားတာေျကာင္႕ သားငယ္ သည္ ပညာဒါနသင္တန္းေလးမ်ားအျပင္
ပိုက္ဆံရမည္႕အလုပ္ေတြကို ေရြးလုပ္ခဲ႕သည္။ ကံအားေလ်ာ္စြာပင္ ဘုန္းဘုန္း၏ဒကာတစ္ေယာက္က သားငယ္ကို
ပညာရမည္႕အလုပ္ကို လုပ္သင္႕တယ္ဆုိျပီး သူပိုင္ဆုိင္သည္႕မုန္႕တုိက္တြင္ အခ်ိန္ပိုင္းအျဖစ္ ခန္႕ေပးခဲ႕သည္။
ဘ၀မွာ ေမြးေန႕ကိတ္ဆုိတာ ဘာမွန္းမသိတဲ႕ သားငယ္ရဲ႕ ၀ါတနာက ေမြးေန႕ကိတ္လွလွေတြ လုပ္ျခင္းဆုိရင္ ရယ္ျကမလား
ဦး.... တေန႕ ဦးရဲ႕ေမြးေန႕မွာ သားငယ္လုပ္တဲ႕
ကိတ္မုန္႕ေလးနဲ႕ အတူတူျဖတ္သန္းႏိုင္မလားဟင္။

သားငယ္ရဲ႕ အခ်ိန္စာရင္းက နာမည္ျကီး ဆယ္လီဆုိသူေတြထက္ ျပည္႕က်ပ္ေနတာဆုိျပီး ကိုေအးေမာင္က ေနာက္ဖူးသည္။
ဟုတ္လည္းဟုတ္ေပသည္။
မနက္ဆုိ ေစ်းဘက္ေလွ်ာက္ကာ ကုန္ကားျကိုသည္။ျပီးတာနဲ႕ ျပင္ဆင္အခမဲ႕ အဂၤလိပ္စာသင္တန္းကို ေျပးတက္။
ဘုန္းျကီးေက်ာင္းမွာ ေ၀ယ်ာ၀စၥ ကူညီျပီးရင္ မုန္႕တုိက္ကိုေျပးလႊား ညဘက္ေရာက္ရင္ ပန္းေရာင္းတဲ႕ ကေလးေတြကို
စာျပေပးတဲ႕ ေနရာဆီသြားျပီး ပန္းကူေရာင္းေပသည္။ စာျပဖုိ႕အထိ သူက စာမေက်ေလေတာ႕ ပန္းေတြကူေရာင္းေပးျပီး ဒါနျပဳရသည္။ ဘုန္းဘုန္းမိန္႕ခဲ႕ဖူးသည္ေလ။ ဒီဘ၀ မိဘမရွိဘဲ ဆင္းရဲေနတာ အရင္ဘ၀ကို အကုသိုလ္ေျကာင္႕
ေနာက္ဘ၀မွာလည္း ဒီလုိမျဖစ္ရေအာင္ တတ္ႏိုင္သေလာက္ ကုသိုလ္ေကာင္းမႈလုပ္တဲ႕
သားငယ္ ဘ၀က စားဖုိ႕ေတာင္အႏိုင္ႏိုင္မဟုတ္လား လွဴဖို႕ဆိုတာ ဘယ္ရွိႏိုင္ပါ႕မလဲ အဲေတာ႕ လုပ္အားဒါနေလးေတြသာ
ကုသိုလ္လုပ္ေနရျခငး္ပင္။

ဦး......... သားငယ္ ဦးဆီလာဖုိ႕ ေျခလွမ္းေတြ
အမ်ားျကီးလွမ္းရဦးမယ္ဗ်ာ.........

...............................ဦး...........................................

"ကိုသား လာျပီကြ..."

"ေဟ႕ေကာင္ေတြ ကားလမ္းေပၚမွာ မေျပးရဘူးေလ "

စံပယ္ပန္း ေငြပန္းကုံးေလးမ်ား ကိုင္ကာ ေျပးလာျကေသာ ကေလးတစ္သုိက္

ကုန္းတံတားေအာက္ကို လွမ္းျကည္႕ေတာ႕ ပညာဒါနသင္ေပးသည္႕ အကိုတခ်ိဳ႕ေရာက္ေနျကေလျပီ။

"ကဲ ေပး ေပး စာသြားလုပ္ေတာ႕ ကိုသား တစ္လွည္႕ေရာင္းေတာ႕မယ္"

လက္ထဲက အဆာေျပမုန္႕မ်ားကို ကေလးေတြေ၀ငွေပးရင္း ၀ိႈက္ဘုတ္နဲ႕ ခံုေတြျပင္ေနသည္႕ အကုိေတြပါ

တရိုတေသ ကမ္းေပးလိုက္သည္။

"သားငယ္ရယ္ ေနာက္၀ယ္မလာပါနဲ႕ကြာ မင္းေက်ာင္းတက္ဖုိ႕ စုထားစမး္ပါ"

"အပန္းျကီးတာမွ မဟုတ္တာအကိုရာ ျပီးေတာ႕ ဒါ သားအလုပ္ရွင္က ေပးလုိက္တာ

မုန္႕တုိက္ကေန အျမင္မလွတာေတြေတာ႕ ဒီေကာင္ေတြစားေပါ႕ အရသာက ဆုိင္ေရာင္းအတုိင္းဘဲ အျမင္သာမလွတာ"

"ငါတုိ႕ဟာေတြက် လွပါတယ္ကြ"

"အစ္ကိုတို႕ေတာ႕ သား မေကာင္းတာ ဘယ္ေပးပါ႕မလဲဗ်ာ"

"ေတြ႕လား ေပၚလာျပီ မင္းဟာ ေနာက္ ေကၽြးခ်င္ရင္ ငါတုိ႕ကိုလည္းကေလးေတြနဲ႕တန္းတူဘဲေကၽြး ျကားလား"

"ဟီး ဟုတ္ကဲ႕ "

တကၠသိုလ္ေက်ာင္းသား ပိုက္ဆံရွိသူေတြျဖစ္ပါရက္ မာန္မာနမရွိဘဲ ကိုယ္႕ကားေလး ကိုယ္ေမာင္းလာကာ

လမ္းေဘးတြင္ ပညာဒါနျပဳျကသူမ်ား

သားငယ္ အားက်မိပါရဲ႕.....။ ေလးစားမိပါရဲ႕...။ ဒါေျကာင္႕ သားငယ္ သူတုိ႕ကို အသက္သိပ္မကြာေသာ္ျငား တစ္ရိုတစ္ေသ

ဆက္ဆံသည္။ သားငယ္တုိ႕လုိ႕ ေအာက္ေျခဘ၀မ်ိဳးေတြကို ခုလုိ ေဖးမမယ္႕သူေတြ အင္မတန္လုိအပ္သည္မဟုတ္လား။

"ေဟ႕ ကိုယ္႕ကို စံပယ္ပန္းကံုးေလး "

"လာျပီ လာျပီ အစ္ကို "

ဟင္

ဘရိတ္အုပ္သံနဲ႕အတူ ဖင္ထုိင္ရက္ သားငယ္လဲက်သြားသည္။ စိမ္းသြားသည္႕ မီးပိြဳင္႕နဲ႕အတူ ပန္း၀ယ္မည္ဆုိသည္႕

ကားေလးက မရွိေတာ႕

ဘရိတ္သံထြက္လာတဲ႕ ကားေပၚကေန ဆင္းလာတဲ႕ ေျခတစ္စံု

"ဘာမွျဖစ္မသြားဘူးမုိ႕လား ေရာ႕ဒီမွာ မင္းရဲ႕ပန္းဖိုး ေဆးဖိုးအတြက္လည္း ပိုမယ္ထင္တယ္

ပိုက္ဆံလုိခ်င္တုိင္း ကားေရွ႕ ေျပးမ၀င္နဲ႕ "

ဟင္

စိတ္မဆုိးတတ္ေသာ သူမုိ႕သာ ေဒါသမထြက္ေပမယ္႕ သားငယ္ ျပန္ရွင္းျပရယ္ ကုန္းရုန္းထလုိက္သည္

"မဟုတ္ဘူးခင္ဗ် သားက ဟိုဘက္ကားကိုသြားတာပါ ပန္းဖိုးကရပါတယ္ သားဘဲ စုိက္လုိက္ပါ႕မယ္ "

"ဟန္ေဆာင္မေနနဲ႕ မင္းလူေတြဟိုမွာလာေနျပီ ဘာလဲ လူစံုတဲ႕အထိ အခ်ိန္ဆြဲေနတာလား"

"ခင္ဗ်ာ..."

"သားငယ္ ဘာျဖစ္သြားေသးလဲ "

"ကိုသား အဆင္ေျပရဲ႕လား"

"ရတယ္ အကိုတုိ႕ စာဆက္သင္ေလ သား ဘာမွမျဖစ္ဘူး"

"ဒီက ...ဟင္.... ဦး..............."

စာသင္၀ိုင္းဘက္လွမ္းျကည္႕ရင္း အနညး္ငယ္မ်က္ႏွာပ်က္ယြင္းေနတဲ႕ သူ

ခုနက သားငယ္ကို စိမ္းစိမ္းကားကားစကားေတြဆုိတဲ႕ သူ

ဦး တဲ႕လား

လြန္ခဲ႕တဲ႕ေျခာက္ႏွစ္ကအတုိင္းဘဲ ဦးက လွေနဆဲဘဲ ညမီးေရာင္ေအာက္မွာေတာင္ ဦးက လွေနဆဲ...

"ေဆာရီး......"

ခပ္တုိးတုိးထြက္လာတဲ႕ ဦး ရဲ႕ အသံေလး...

အနည္းငယ္ အားအင္ကင္းမဲ႕သြားတဲ႕ပံုစံမ်ိဳး

လြန္ခဲ႕တဲ႕ေျခာက္ႏွစ္ကလုိ............

"ဦး အသည္းကြဲေနတာ " ဆုိတဲ႕ ခပ္ေလ်ာ႕ေလ်ာ႕အသံေလးလုိမ်ိဳး.......

ဦး............. အသည္းကြဲေနျပန္ျပီလား..............။

"ကိုယ္ မွားသြားတယ္ ခုနက"

စာသင္ဖုိ႕ ျပန္လွည္႕သြားတဲ႕ လူေတြ ေနာက္

ကားလမး္မွတစ္ခုလံုးက ကားေတြ မရွိေတာ႕သလို

လမ္းမျကီးေပၚမွာ ဦးနဲ႕ သားငယ္ ႏွစ္ေယာက္တည္း

မဟုတ္ဘူး တစ္ေလာကလံုးမွာ ဦး နဲ႕ သားငယ္ ႏွစ္ေယာက္တည္း

အရမ္းလွတဲ႕ ဦး ရဲ႕ မ်က္လံုးေလးေတြကို စိုက္ျကည္႕တယ္

ဟာ ဦး က သားငယ္ထက္ အရပ္နိမ္႕သြားခဲ႕တာဘဲ

လြန္ခဲ႕တဲ႕ ေျခာက္ႏွစ္က ဦးက ငံု႕ျပီး သားငယ္ရဲ႕ ဆံပင္ေတြကို ေဆာ႕ကစားခဲ႕ေပမယ္႕

အခု သားငယ္ရဲ႕ေမးဖ်ားေအာက္မွာ ဦးရဲ႕ ဆံစေတြ

အားနာေနဟန္ နဲ႕ ဦးက ႏႈတ္ခမ္းေလးေတြက တတြတ္တြတ္ ေရရြတ္ေနဆဲ

ခနေလး ဦး...

သိပ္လွတဲ႕ ဦး ရဲ႕ ႏႈတ္ခမ္းေတြအတြက္

"မင္း...... "

ထူပူသြားတဲ႕ ႏႈတ္ခမ္းေထာင္႕နဲ႕အတူ တရျကမ္းေမာင္းထြက္သြားတဲ႕ ကားေလး

လက္ထဲမွာ ကိုင္ထားဆဲျဖစ္တဲ႕ ေဆးခန္းျပလုိ႕ တခုခုဆုိ အေျကာင္းျကားပါဆုိျပီး အေစာပိုင္းက ေပးခဲ႕တယ္႕

ကဒ္ကေလး....

ဦး............ သားငယ္ ေျခလွမ္းေတြ နီးလာျပီလားဟင္

"သားငယ္ ေကာင္းတာလုပ္ရင္ ေကာင္းတာျဖစ္မယ္ ဘ၀မွာ ေကာင္းတာေတြျဖစ္ခ်င္ရင္ ေကာင္းမႈမ်ားမ်ားလုပ္ ျကားလား"

သားငယ္အတြက္ ေကာင္းျခင္းဆုိတာ ဦး ဘဲ ေလ.........

ဦး နဲ႕ ဆံုေတြ႕ဖုိ႕ သားငယ္ ဒီထက္ ေကာင္းမႈ မ်ားမ်ား ပိုလုပ္ျဖစ္မယ္ထင္တယ္

"အက်ိဳးလိုလို႕ ေညာင္ေရေလာငး္တာ ေလာင္းတုိင္းမေကာင္းဘူး ငါ႕သားရဲ႕

ေကာင္းျခင္းကိုဘဲ ေမွ်ာ္ကိုးလုိ႕ေတာ႕ ေကာင္းမႈျပဳတာမျဖစ္ေစနဲ႕ ေစတနာေတာ႕ပါပါေစ မဟုတ္ရင္ ေမတၱာစူးတတ္တယ္"

ဦး ဆုိတဲ႕ ေကာင္းျခင္းကိုရဖုိ႕ ေကာင္းမႈျပဳတယ္ ေစတနာ ေတြ ဘာေတြေနာက္ထားပါဦး ေမတၱာစူးခဲ႕ရင္ေတာင္

ဒီဘ၀အတြက္ ဦး ဆုိတဲ႕ ေကာင္းျခင္းေလး နဲ႕ ျပည္႕စံုဖို႕ လုိအပ္ေနတယ္...............။
..................................ဦး........................................

2018/12/27
ChangLay

အိုင္ေလးကတိတည္တယ္ေနာ္ ယူတို႔ ေဝဖန္အၾကံေလးေတြျပဳေစခ်င္ ႏွစ္တစ္ေထာင္မယ္မယ္ျပန္ေပၚလာတဲ့အေနအထားေလးမို႔😝

>>>>>>>>>>>>>>>>>>>>>>>>


ဦး

အပိုင်း(၂)

သားငယ် ဆိုတဲ့ နာမည်တစ်ခုကို အဖြူရောင်စာရွက်ပေါ်မှာ တွေ့ရတော့ တစ်စုံတစ်ယောက်ကို ဝမ်းသာအားရ

ပြေးဖက်စရာ သားငယ်မှာမရှိခဲ့ပါဘူး။

ဘေးနားတစ်ဝိုက် ငိုနေကြတဲ့သူတွေ အော်ရယ်နေကြတဲ့သူတွေ ဒါတွေအားလုံးက မှုန်ပြပြဘဲ ဦး

သားငယ် ဆယ်တန်းအောင်ပြီ ဦး

ဦး ဆီကို လှမ်းမယ့် ခြေလှမ်းတွေ ဘယ်အချိန်မှာ ပြည့်မယ်မသိပေမယ့် ဒါက ခြေလှမ်းအစဘဲ မဟုတ်လား ဦး

"ဆယ်တန်းအောင်တာကောင်းပေမယ့် ငါတို့က တက္ကသိုလ်ထားပေးဖို့ အဆံမရှိဘူး ကိုယ်ပိုက်ဆံရှိကိုယ်တတ်ပေါ့
ဒီလောက်တင်ကျွေးထားတာဘဲ တော်လှပြီ ကျေးဇူးတော့မမေ့နဲ့ပေါ့"

"သူ့ဘာသာ ဘုန်းကြီးပေးတဲ့စရိတ်နဲ့တက်ပြီး ဘုန်းကြီးကျောင်းမှာစားလာတာပါကွာ
အိမ်မှာလာအိပ်ရုံဘဲရှိတာကို မင်းက"

"ရှင့်ပါးစပ်ပိတ်ထား ခုခေတ်မှာ ကျောတခင်းရဖို့ လွယ်တယ်ထင်နေလား"

"ဟ မင်းသားသမီးတွေကို သူရတဲ့ပိုက်ဆံနဲ့ စာအုပ်ဝယ်ပေး ဘာပေးလုပ်ပေးနေတာလေကွ"

"ကျွန်မသားသမီးဆိုတော့ ရှင့်သားသမီးမဟုတ်ဘူးလား
စောက်ဂြိုလ်ကောင် ခုထိ ကောင်းကျိုးမပေးဘူး မအေလိုဘဲ "

"မင်းဘာမှ ငါ့အမကိုထိစရာမလိုဘူး"

နားရွက်ပြတ်မတတ် လိမ်ဆွဲခံလိုက်ရပေမယ့် သားငယ် မနာတတ်တော့
အရူးတစ်ယောက်လို ရယ်နေမိတယ်
သားငယ်ရဲ့ စိတ်ကူးအိပ်မက်တွေက အရမ်းရိုးရှင်းတယ် ဆယ်တန်းအောင်ရင် အလုပ်လုပ်မယ်
ပိုက်ဆံစုပြီး ဦး ကိုသွားတွေ့မယ် ဒါပါဘဲ လွန်ခဲ့တဲ့ ၆နှစ် တည်းက သားငယ် မက်ခဲ့ရတဲ့ အိပ်မက်လေးက
ခုချိန်ထိ မပြောင်းမလဲ ဖြူစင်နေဆဲပါ
...............................ဦး...........................................

ဘုန်းကြီးကျောင်းတွေမှာဖွင့်တဲ့ အခမဲ့ ဘာသာစကားသင်တန်းလေးတွေက သားငယ်အတွက် ကြယ်လေးတွေလိုဘဲ
ဘုန်းကြီးကျောင်းသင်တန်းတွေရှိတဲ့ မြောက်ဥက္ကလာက ပျံကျရပ်ကွက်လေးထဲမှာဘဲ ရပ်ကွက်ပိုင်ရေစက် နားမှာ
ဘယ်သူ့ခွင့်ပြုချက်နဲ့ဆောက်ထားမှန်းမသိရတဲ့ ကျူးကျော် တဲတန်းလေးမှာ သူငှားနေဖြစ်ခဲ့တယ်။
ကလေးမပါရင် ၃သောင်း ကလေးပါရင် ၅သောင်းဆိုတဲ့တဲတန်းလေးက ၁၀ပေအကျယ်သာရှိပေမယ့် တစ်ယောက်တည်းသမား သူ့အတွက်က
အနေတော်ပင်။
နှစ်ခန်းကျော်က ကလေးတွေအသံရယ် ဘေးခန်းက ညားခါစ လင်မယားရဲ့ ညဘက် အချစ်စမ်းအသံတွေကလွဲရင်
တဲတန်းလေးက သားငယ်အတွက် ဝင်ဒါမီယာနီးနီးဘဲ
ဟုတ်တယ်လေ ဒေါ်ကြီးရဲ့ ပူညံပူညံအသံလဲမရှိသလို ဦးလေးထွန်းရဲ့ မူးရင်ရစ်တဲ့ အသံလည်းမကြားရတော့

ဒါနဲ့..... ဦး တစ်ယောက် နေလို့ကောင်းရဲ့လားဗျာ.....

"သားငယ်ရေ အမသားလေး ခြေထောက်သံစူးလို့ လာနှုတ်ပေးပါဦး အမမကြည့်ရဲလို့"

ခေါ်သံပင်မဆုံးလိုက် အနားကိုစွေ့ခနဲရောက်လာတဲ့ သားငယ်ဆိုတဲ့ကောင်လေး
ဆယ်တန်းအောင်ကာစ ဆယ်ကျော်သက်လို့ပင် မထင်ရအောင် အရပ်ရှည်ကာ အကောင်ကြီးသည်။

ကရင်စပ်တယ် ဆိုသော ထိုကောင်လေးက ကျူးကျော်တဲတန်းလေးမှာ ကပ်သပ်နေတယ်လို့မထင်ရအောင် အသားအရည်လေးဝင်းဝါသည်။
မျက်ခုံးကောင်းကောင်းနဲ့ ချစ်စဖွယ်မျက်နှာလေးရှိသည်။
လက်ချောင်းများနှင့် ခြေထောက်များတွင်တော့ လောကဓံကချီးမြင့်သော အမာရွတ်ပေါင်းများစွာ ပိုင်ဆိုင်သည်။

"ဖိုးချစ်ကတော့ကွာ အရမ်းဆော့တာဘဲ "

မခိုင်တစ်ယောက် အိမ်ကမျောက်လောင်းသားအငယ်ဆုံး ဖိုးချစ်ကို ချော့လိုက် ခြောက်လိုက်နဲ့ သံဆွဲနှုတ်ရန်လုံးပမ်း
နေတဲ့ သားငယ် ကိုကြည့်ကာ နွေပူပူနေ့လည်ကို ဆိုက်ကားမနင်းဘဲ အရက်သောက် ပြန်မှောက်နေသော ယောကျာ်းလုပ်သူကို မျက်စောင်းခဲလိုက်မိသည်။

"အမရေ ဆေးခန်းသွားပြီး မေးခိုင်ဆေးထိုးတာကောင်းမယ်ထင်တယ်နော် ပိုးဝင်မှဖြင့်"

"အေးဟာ ညနေ ငါဈေးရောင်းပြီးပြန်လာမှသွားရမှာဘဲ အခုသွားဖို့ မြင်တဲ့အတိုင်း နင့်အကို က"

တဲထဲကို ယောင်လို့တောင် လှည့်မကြည့်ဘဲ
သားငယ်က ရယ်သည်။
ထိုကောင်လေးသည် ငယ်ငယ်တည်းကဆင်းရဲတယ်လမ်းပေါ်မှာ ကြီးရတာဟု သူ့အပြောကြောင့်သာ မခိုင် ယုံရခြင်းပင်အင်မတန် စည်းရှိသည့်ကောင်လေး
အေးလည်းအေးသည်
အမြဲတစေ ပြုံးတုံ့တုံ့လေး

ပြီတီတီမျက်နှာပြောင်ခြင်းအလျဉ်းမရှိ ဘေးခန်းက ညားခါက စလင်မယားက ကောင်မလေးက အနေအစားမတတ်သည်မို့ မခိုင်ကပင် သားငယ်ကို စိတ်မအေးဖြစ်ရသည်။

ဒီတဲတန်းလေးမှာ နေတာ ၆လတာဆိုပင်မယ့် သားငယ်က သူ့အတွက်မောင်လေးလိုပင်

"ကဲ ဖိုးချစ်လာ ဆေးခန်းသွားမယ်"

"ဟဲ့ ညနေမှ ငါသွားပါမယ်ဆို"

"အနားရင်းပြီးဖျားရင် ဒုက္ခ အမရ သားမှာ ပိုက်ဆံရှိတယ် ညနေမှ အမပြန်ပေး လာဖိုးချစ် ကိုသားနဲ့သွားမယ် "

ဆေးထိုးကြောက်သော ဖိုးချစ်သည်ပင် သားငယ်လိုက်ပို့မည်ဆိုသည်နှင့် ချီတဲ့နောက် ဆွေ့ခနဲပါသွားလေသည်။

"သားငယ်ရယ် အဲ့ကောင် ကိုယ်ကြီးက ငယ်တော့တာမဟုတ်ဘူး မချီစမ်းနဲ့ ပင်ပန်းတယ်"

"ရပါတယ် အမရာ ကလေးက ခြေထောက်နာနေတာကို သားတို့သွားလိုက်ဦးမယ် အိမ်တံခါးမပိတ်တော့ဘူးနော်"

"အေးအေး............"

"ဆူညံနေတာဘဲ ဘာဖြစ်နေကြတာလဲ"

"အောင်မယ် အရည်တွေသောက်ပြီး သေနေပြီ ဟိုမှာရှင့်သား သံစူးလို့ သားငယ် ဆေးခန်းလိုက်ပို့တာ"

"ဟာ ငါဆိုက်ကားနဲ့သွားမယ်လေ"

"ရှင့်ဆိုက်ကားကိုဘဲ နင်းသွားတာပါတော် ဟိုမှာ လမ်းထိပ်တောင်ရောက်တော့မယ် ထ ထ နေ့လည်စာ ထစား"

"ငါ့မိန်းမိန်းက အကောင်းဆုံးဘဲ"

"တော် သေနာကြီး ဒီအရက်ဘဲသောက် နေ တော်ကြာ ရပ်ကွက်က ကျွန်မလင်ကို ရှင်မထင်ဘဲ သားငယ်ထင်တော့မယ်"

"ထင်ပေါ့ မင်း လင်ငယ်ချောချောလေးရတာပေါ့ ဟားဟားဟား"

မခိုင်ယောကျာ်း ကိုအေးမောင်က အဲလိုမျိုးဘဲ သဝန်တိုခြင်းမရှိဆိုတာထက် သားငယ်ကိုယုံခြင်းပင်

မိန်းမလုပ်သူထက်သားငယ်ကိုယုံကြည်ခြင်းဖြစ်မည်ဟုမခိုင် စ ဖူးတော့ ဟုတ်တယ်လေ ဟု ရယ်ကာပြန်ဖြေဖူးသည်အထိ။
...................................ဦး.......................................
မုန့်ဆရာ သင်ပေးသည့် အရာများကို သေချာစွာ လိုက်မှတ်ရင်း ခိုင်းသမျှ အကုန်လုပ်တတ်သည့် သားငယ်ကို မုန့်တိုက်
တစ်ခုလုံးကို ချစ်ခင်ကြသည်။ အဝေးသင်လျှောက်ထားတာကြောင့် သားငယ် သည် ပညာဒါနသင်တန်းလေးများအပြင်
ပိုက်ဆံရမည့်အလုပ်တွေကို ရွေးလုပ်ခဲ့သည်။ ကံအားလျော်စွာပင် ဘုန်းဘုန်း၏ဒကာတစ်ယောက်က သားငယ်ကို
ပညာရမည့်အလုပ်ကို လုပ်သင့်တယ်ဆိုပြီး သူပိုင်ဆိုင်သည့်မုန့်တိုက်တွင် အချိန်ပိုင်းအဖြစ် ခန့်ပေးခဲ့သည်။
ဘဝမှာ မွေးနေ့ကိတ်ဆိုတာ ဘာမှန်းမသိတဲ့ သားငယ်ရဲ့ ဝါတနာက မွေးနေ့ကိတ်လှလှတွေ လုပ်ခြင်းဆိုရင် ရယ်ကြမလား
ဦး.... တနေ့ ဦးရဲ့မွေးနေ့မှာ သားငယ်လုပ်တဲ့
ကိတ်မုန့်လေးနဲ့ အတူတူဖြတ်သန်းနိုင်မလားဟင်။

သားငယ်ရဲ့ အချိန်စာရင်းက နာမည်ကြီး ဆယ်လီဆိုသူတွေထက် ပြည့်ကျပ်နေတာဆိုပြီး ကိုအေးမောင်က နောက်ဖူးသည်။
ဟုတ်လည်းဟုတ်ပေသည်။
မနက်ဆို ဈေးဘက်လျှောက်ကာ ကုန်ကားကြိုသည်။ပြီးတာနဲ့ ပြင်ဆင်အခမဲ့ အင်္ဂလိပ်စာသင်တန်းကို ပြေးတက်။
ဘုန်းကြီးကျောင်းမှာ ဝေယျာဝစ္စ ကူညီပြီးရင် မုန့်တိုက်ကိုပြေးလွှား ညဘက်ရောက်ရင် ပန်းရောင်းတဲ့ ကလေးတွေကို
စာပြပေးတဲ့ နေရာဆီသွားပြီး ပန်းကူရောင်းပေသည်။ စာပြဖို့အထိ သူက စာမကျေလေတော့ ပန်းတွေကူရောင်းပေးပြီး ဒါနပြုရသည်။ ဘုန်းဘုန်းမိန့်ခဲ့ဖူးသည်လေ။ ဒီဘ၀ မိဘမရှိဘဲ ဆင်းရဲနေတာ အရင်ဘဝကို အကုသိုလ်ကြောင့်
နောက်ဘဝမှာလည်း ဒီလိုမဖြစ်ရအောင် တတ်နိုင်သလောက် ကုသိုလ်ကောင်းမှုလုပ်တဲ့
သားငယ် ဘဝက စားဖို့တောင်အနိုင်နိုင်မဟုတ်လား လှူဖို့ဆိုတာ ဘယ်ရှိနိုင်ပါ့မလဲ အဲတော့ လုပ်အားဒါနလေးတွေသာ
ကုသိုလ်လုပ်နေရခြင်းပင်။

ဦး......... သားငယ် ဦးဆီလာဖို့ ခြေလှမ်းတွေ
အများကြီးလှမ်းရဦးမယ်ဗျာ.........

...............................ဦး...........................................

"ကိုသား လာပြီကွ..."

"ဟေ့ကောင်တွေ ကားလမ်းပေါ်မှာ မပြေးရဘူးလေ "

စံပယ်ပန်း ငွေပန်းကုံးလေးများ ကိုင်ကာ ပြေးလာကြသော ကလေးတစ်သိုက်

ကုန်းတံတားအောက်ကို လှမ်းကြည့်တော့ ပညာဒါနသင်ပေးသည့် အကိုတချို့ရောက်နေကြလေပြီ။

"ကဲ ပေး ပေး စာသွားလုပ်တော့ ကိုသား တစ်လှည့်ရောင်းတော့မယ်"

လက်ထဲက အဆာပြေမုန့်များကို ကလေးတွေဝေငှပေးရင်း ဝှိုက်ဘုတ်နဲ့ ခုံတွေပြင်နေသည့် အကိုတွေပါ

တရိုတသေ ကမ်းပေးလိုက်သည်။

"သားငယ်ရယ် နောက်ဝယ်မလာပါနဲ့ကွာ မင်းကျောင်းတက်ဖို့ စုထားစမ်းပါ"

"အပန်းကြီးတာမှ မဟုတ်တာအကိုရာ ပြီးတော့ ဒါ သားအလုပ်ရှင်က ပေးလိုက်တာ

မုန့်တိုက်ကနေ အမြင်မလှတာတွေတော့ ဒီကောင်တွေစားပေါ့ အရသာက ဆိုင်ရောင်းအတိုင်းဘဲ အမြင်သာမလှတာ"

"ငါတို့ဟာတွေကျ လှပါတယ်ကွ"

"အစ်ကိုတို့တော့ သား မကောင်းတာ ဘယ်ပေးပါ့မလဲဗျာ"

"တွေ့လား ပေါ်လာပြီ မင်းဟာ နောက် ကျွေးချင်ရင် ငါတို့ကိုလည်းကလေးတွေနဲ့တန်းတူဘဲကျွေး ကြားလား"

"ဟီး ဟုတ်ကဲ့ "

တက္ကသိုလ်ကျောင်းသား ပိုက်ဆံရှိသူတွေဖြစ်ပါရက် မာန်မာနမရှိဘဲ ကိုယ့်ကားလေး ကိုယ်မောင်းလာကာ

လမ်းဘေးတွင် ပညာဒါနပြုကြသူများ

သားငယ် အားကျမိပါရဲ့.....။ လေးစားမိပါရဲ့...။ ဒါကြောင့် သားငယ် သူတို့ကို အသက်သိပ်မကွာသော်ငြား တစ်ရိုတစ်သေ

ဆက်ဆံသည်။ သားငယ်တို့လို့ အောက်ခြေဘဝမျိုးတွေကို ခုလို ဖေးမမယ့်သူတွေ အင်မတန်လိုအပ်သည်မဟုတ်လား။

"ဟေ့ ကိုယ့်ကို စံပယ်ပန်းကုံးလေး "

"လာပြီ လာပြီ အစ်ကို "

ဟင်

ဘရိတ်အုပ်သံနဲ့အတူ ဖင်ထိုင်ရက် သားငယ်လဲကျသွားသည်။ စိမ်းသွားသည့် မီးပွိုင့်နဲ့အတူ ပန်းဝယ်မည်ဆိုသည့်

ကားလေးက မရှိတော့

ဘရိတ်သံထွက်လာတဲ့ ကားပေါ်ကနေ ဆင်းလာတဲ့ ခြေတစ်စုံ

"ဘာမှဖြစ်မသွားဘူးမို့လား ရော့ဒီမှာ မင်းရဲ့ပန်းဖိုး ဆေးဖိုးအတွက်လည်း ပိုမယ်ထင်တယ်

ပိုက်ဆံလိုချင်တိုင်း ကားရှေ့ ပြေးမဝင်နဲ့ "

ဟင်

စိတ်မဆိုးတတ်သော သူမို့သာ ဒေါသမထွက်ပေမယ့် သားငယ် ပြန်ရှင်းပြရယ် ကုန်းရုန်းထလိုက်သည်

"မဟုတ်ဘူးခင်ဗျ သားက ဟိုဘက်ကားကိုသွားတာပါ ပန်းဖိုးကရပါတယ် သားဘဲ စိုက်လိုက်ပါ့မယ် "

"ဟန်ဆောင်မနေနဲ့ မင်းလူတွေဟိုမှာလာနေပြီ ဘာလဲ လူစုံတဲ့အထိ အချိန်ဆွဲနေတာလား"

"ခင်ဗျာ..."

"သားငယ် ဘာဖြစ်သွားသေးလဲ "

"ကိုသား အဆင်ပြေရဲ့လား"

"ရတယ် အကိုတို့ စာဆက်သင်လေ သား ဘာမှမဖြစ်ဘူး"

"ဒီက ...ဟင်.... ဦး..............."

စာသင်ဝိုင်းဘက်လှမ်းကြည့်ရင်း အနည်းငယ်မျက်နှာပျက်ယွင်းနေတဲ့ သူ

ခုနက သားငယ်ကို စိမ်းစိမ်းကားကားစကားတွေဆိုတဲ့ သူ

ဦး တဲ့လား

လွန်ခဲ့တဲ့ခြောက်နှစ်ကအတိုင်းဘဲ ဦးက လှနေဆဲဘဲ ညမီးရောင်အောက်မှာတောင် ဦးက လှနေဆဲ...

"ဆောရီး......"

ခပ်တိုးတိုးထွက်လာတဲ့ ဦး ရဲ့ အသံလေး...

အနည်းငယ် အားအင်ကင်းမဲ့သွားတဲ့ပုံစံမျိုး

လွန်ခဲ့တဲ့ခြောက်နှစ်ကလို............

"ဦး အသည်းကွဲနေတာ " ဆိုတဲ့ ခပ်လျော့လျော့အသံလေးလိုမျိုး.......

ဦး............. အသည်းကွဲနေပြန်ပြီလား..............။

"ကိုယ် မှားသွားတယ် ခုနက"

စာသင်ဖို့ ပြန်လှည့်သွားတဲ့ လူတွေ နောက်

ကားလမ်းမှတစ်ခုလုံးက ကားတွေ မရှိတော့သလို

လမ်းမကြီးပေါ်မှာ ဦးနဲ့ သားငယ် နှစ်ယောက်တည်း

မဟုတ်ဘူး တစ်လောကလုံးမှာ ဦး နဲ့ သားငယ် နှစ်ယောက်တည်း

အရမ်းလှတဲ့ ဦး ရဲ့ မျက်လုံးလေးတွေကို စိုက်ကြည့်တယ်

ဟာ ဦး က သားငယ်ထက် အရပ်နိမ့်သွားခဲ့တာဘဲ

လွန်ခဲ့တဲ့ ခြောက်နှစ်က ဦးက ငုံ့ပြီး သားငယ်ရဲ့ ဆံပင်တွေကို ဆော့ကစားခဲ့ပေမယ့်

အခု သားငယ်ရဲ့မေးဖျားအောက်မှာ ဦးရဲ့ ဆံစတွေ

အားနာနေဟန် နဲ့ ဦးက နှုတ်ခမ်းလေးတွေက တတွတ်တွတ် ရေရွတ်နေဆဲ

ခနလေး ဦး...

သိပ်လှတဲ့ ဦး ရဲ့ နှုတ်ခမ်းတွေအတွက်

"မင်း...... "

ထူပူသွားတဲ့ နှုတ်ခမ်းထောင့်နဲ့အတူ တရကြမ်းမောင်းထွက်သွားတဲ့ ကားလေး

လက်ထဲမှာ ကိုင်ထားဆဲဖြစ်တဲ့ ဆေးခန်းပြလို့ တခုခုဆို အကြောင်းကြားပါဆိုပြီး အစောပိုင်းက ပေးခဲ့တယ့်

ကဒ်ကလေး....

ဦး............ သားငယ် ခြေလှမ်းတွေ နီးလာပြီလားဟင်

"သားငယ် ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ် ဘဝမှာ ကောင်းတာတွေဖြစ်ချင်ရင် ကောင်းမှုများများလုပ် ကြားလား"

သားငယ်အတွက် ကောင်းခြင်းဆိုတာ ဦး ဘဲ လေ.........

ဦး နဲ့ ဆုံတွေ့ဖို့ သားငယ် ဒီထက် ကောင်းမှု များများ ပိုလုပ်ဖြစ်မယ်ထင်တယ်

"အကျိုးလိုလို့ ညောင်ရေလောင်းတာ လောင်းတိုင်းမကောင်းဘူး ငါ့သားရဲ့

ကောင်းခြင်းကိုဘဲ မျှော်ကိုးလို့တော့ ကောင်းမှုပြုတာမဖြစ်စေနဲ့ စေတနာတော့ပါပါစေ မဟုတ်ရင် မေတ္တာစူးတတ်တယ်"

ဦး ဆိုတဲ့ ကောင်းခြင်းကိုရဖို့ ကောင်းမှုပြုတယ် စေတနာ တွေ ဘာတွေနောက်ထားပါဦး မေတ္တာစူးခဲ့ရင်တောင်

ဒီဘဝအတွက် ဦး ဆိုတဲ့ ကောင်းခြင်းလေး နဲ့ ပြည့်စုံဖို့ လိုအပ်နေတယ်...............။
..................................ဦး........................................

2018/12/27
ChangLay

အိုင်လေးကတိတည်တယ်နော် ယူတို့ ဝေဖန်အကြံလေးတွေပြုစေချင် နှစ်တစ်ထောင်မယ်မယ်ပြန်ပေါ်လာတဲ့အနေအထားလေးမို့😝

Continue Reading

You'll Also Like

383K 33.7K 39
ဖတ်ချင်ရင်ဖတ်ကြည့်လိုက်ပါ🙂အားနာမ​နေပါနဲ့😗ဦးနဲ့က​လေး​ပေါ့​ပေါ့ပါးပါး​လေးပါ☺​ ဖတ္ခ်င္ရင္ဖတ္ၾကည့္လိုက္ပါ🙂အားနာမ​ေနပါနဲ႔😗ဦးနဲ႔က​ေလး​ေပါ့​ေပါ့ပါးပါး...
1.9M 148K 80
ေလနတ္သား၏အေအးဒဏ္မွခ်စ္ရသူအား ကာကြယ္ေပးလိုပါေသာ္လည္း ရင္ခြင္တံခါးမွတဆင့္ ထိုလူသားေလးအပူဟပ္သြားမည္ကိုေတာ့ ကြၽန္ေတာ္စိုးရိမ္မိသည္။ လေနတ်သား၏အအေးဒဏ်မှခ...
21K 1.5K 14
FB4 ဆိုတဲ့ ကောင်ချောလေး ၄ယောက်ပါတဲ့ boy band တစ်ခု 💙 FB4 ဆိုတဲ့ ေကာင္ေခ်ာေလး ၄ေယာက္ပါတဲ့ boy band တစ္ခု 💙 Start date - 16,Oct,2021.
543K 42.6K 64
Unicode ~~Zawgyi သားကိုအလွန်ချစ်ပြီးအူတို​သော~~ဦး​​ကျော်ကြား ​ဖခင်နဲ့လင်ဖြစ်သူ ကြားဗျာများရတဲ့ ~~သျှားမြတ်​ကျော် သျှားချစ်သူကျီးကန်းမည်း​လေး~အံ့မင်း...